Friday, June 27, 2025

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...
HomeCelebrities' Newsချစ်စနိုးဦး ဘယ်အချိန် အိမ်ထောင်ပြုတော့မလဲ

ချစ်စနိုးဦး ဘယ်အချိန် အိမ်ထောင်ပြုတော့မလဲ

ပရိသတ်တွေသိပြီးဖြစ်တဲ့ ချစ်စနိုးဦးတို့ ချစ်သူနှစ်ဦးရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးဖြတ်သန်းနေ တယ်လို့သိရပါတယ်။ ချစ်စနိုးဦးကိုယ်တိုင်ကတော့ ပရိသတ်တွေရဲ့အချစ်ကို ခံယူချင်သေးတဲ့အတွက် အိမ်ထောင်ပြုဖို့ကို အချိန်က အတိအကျမရည်ရွယ်ထားသေးဘူးလို့ဆိုပါတယ်။ ချစ်စနိုးဦးက…

“အစ်မတို့ အနုပညာသမားတော်တော် များများက အိမ်ထောင်ပြုတာ နောက်ကျလေ့ရှိတယ်။ တချို့ဆို ၃၅ နှစ် ဝန်းကျင်လောက်မှ အိမ်ထောင်ပြုကြတာမျိုးရှိတယ်။ အစ်မတို့တွေက ပရိသတ်အများကြီးရဲ့ အချစ်ကိုခံကြရ တာဆိုတော့ အဲဒီအချစ်နဲ့ တစ်ယောက်တည်းရဲ့ အချစ်နဲ့မလဲနိုင်ဘူးလို့ ပြောရမလားပဲ။ အစ်မကလည်း ဘယ်အချိန်အိမ်ထောင်ပြုမယ်ဆိုတာမျိုးကို ရည်ရွယ်မထားဘူး။ လူ တိုင်းက ကိုယ်ဖြစ်ချင်တာမျိုးမဖြစ်တာတွေလည်း ရှိတယ်လေ။ အစ်မလည်း ငယ် ငယ်ကဆို ငါ ၃ဝ လောက်ဆိုရင်တော့ အိမ်ထောင်ပြုမယ်လို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ မပြုဖြစ်သေးဘူး။ အစ်မတို့နှစ်ယောက်စလုံးအတွက် အချိန်တန်တဲ့ တစ်နေ့လက်ထပ် ယူကြဖို့ ဆုံးဖြတ်ပြီးတဲ့နေ့တော့ အိမ်ထောင်ပြုမယ်။ အစ်မရဲ့ ချစ်သူကိုလည်းဘယ်တော့ ယူရမယ်ဆိုပြီးမပြောချင်ဘူး။ အခုအချိန်မှာတော့ ချစ်သူအပေါ်မှာလည်း အစ်မအကောင်း ဆုံးကြိုးစားနေတယ်။ ဆုံးဖြတ်ပြီးတဲ့ တစ်နေ့ကျရင်တော့ အားလုံးကိုအသိပေးပြီး အိမ် ထောင်ပြုကြမယ်လို့ စဉ်းစားထားပါတယ်++လို့ ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

ချစ်စနိုးဦးရဲ့ အနုပညာလှုပ်ရှားမှုတွေမှာတော့ လတ်တလောအချိန်မှာ ဇာတ် ကားရိုက်ကူးမှုတွေ အတော်လေးကျဲသွားတာကိုတွေ့ရပါတယ်။ သက်လတ် ပိုင်းအရွယ်ကိုရောက်ရှိလာပြီဖြစ်တဲ့ ချစ်စနိုးဦးကိုယ်တိုင်ကလည်း ကိုယ် တိုင်က အနုပညာတစ်ခုခုစွဲကျန်မယ့် ဇာတ်လမ်းမျိုးပဲ ရိုက်ကူးချင်လာမိ တယ်လို့ဆိုပါတယ်။ သီချင်းဆိုတဲ့ဘက်ကိုပဲ ဦးစားပေးဖြစ်တယ်ဆိုတဲ့ ချစ်စနိုးဦးက…

“ငယ်ငယ်ကတော့ ကိုယ်က ဇာတ်ကားရိုက်ချင်စိတ်လေး တစ်ခုပဲ စိတ်ထဲမှာ ရှိတယ်။ ဇာတ်ကားရိုက် ကူးရရင်ပြီးရော။ ဟေးလား ဝါးလား ပဲ ရိုက်ကူးလိုက်တာပဲ။ ရှုတင် သွားရ ရင်ကို ပျော်နေတာပါ။ အခုအသက် လည်း ကြီးလာတော့ ရိုက်တော့ ရိုက် ကူးလိုက်တယ်။ ဘာမှပညာလည်းမရတာမျိုး ဒီအတိုင်းပြီးသွားတဲ့ ဇာတ်ကားမျိုး တွေကို မရိုက်ချင်တော့ဘူး။ ဇာတ်ကားမှာ တစ်ခန်းပဲပါရပါရ ရင်ထဲမှာ စွဲကျန်ခဲ့တာ မျိုးလေးပဲ ရိုက်ကူးချင်တယ်။ ပရိသတ် တွေကလည်း ဇာတ်ကားရိုက်နည်းတာကို မေးတာမျိုးရှိ တယ်။ အစ်မကသီချင်းဆိုဖြစ်တာတွေပဲ အခုများတယ်။ နောက်ပိုင်း ဓာတ်ပုံရိုက်ကူးတာတွေ၊ သီချင်းဆိုတာတွေပဲရှိ တယ်။ ပညာပေးဇာတ်လမ်းတိုလေးတွေ တစ်ခါတစ်ခါ ရိုက် ကူးတယ်။ ဗီဒီယိုရုပ်ရှင်ဇာတ်ကားကြီးကတော့ မရိုက်ကူးဖြစ် သလောက်ပါပဲ”လို့ ပြောပြပါတယ်။ လတ်တလောမှာ ချစ်စနိုးဦးက တော့ နယ်ဘက်တွေမှာ သွားရောက် သီချင်းဆိုဖို့ အတွက် ခရီးတွေပဲ ဆက်တိုက်ထွက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071