Thursday, June 26, 2025

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ...

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...
HomeCelebrities' Newsအဘိုးဖြစ်သူ ရွှေတိုင်ညွန့် အမှတ်တရ...

အဘိုးဖြစ်သူ ရွှေတိုင်ညွန့် အမှတ်တရ အ ခွေစီစဉ် နေတဲ့ ဇော်ဝင်းထွဋ်

“စိတ်အခန့်မသင့်ရင် မြန်မာသံသီချင်းတစ်ပုဒ်ကို အားရပါးရ သီဆိုလိုက်တာနဲ့ ပျော်ရွှင်သွားတာပဲ။ တွံတေးသိန်းတန်သီချင်း ဖြစ်ဖြစ်ပေါ့” လို့ပြောလာတဲ့ ရော့ခ်ကာကြီး ဇော်ဝင်းထွဋ်က အဘိုး ဖြစ်သူ ရွှေတိုင်ညွန့်အမှတ်တရ အခွေတစ်ခွေစီစဉ်နေပါတယ်။

  ရွှေတိုင်ညွန့် အမှတ်တရအခွေကိုလည်း ၂ခွေတွဲအနေနဲ့ လုပ်ဖို့အစီစဉ်ရှိပြီး တစ်ခွေက ဒီဘက်ခေတ်အဆိုတော်တွေ သီဆို လို့ရတဲ့အခွေဖြစ်သလို နောက်တစ်ခွေကမြန်မာသံစစ်စစ်ကိုမှ သီ ဆိုရတာ တအားခက်တဲ့ သီချင်းတွေချည်းပဲ စုစည်းထားတဲ့တစ်ခွေ လုပ်ဖို့ စီစဉ်နေတယ်လို့ ဇော်ဝင်းထွဋ် က ပြောပြပါတယ်။

“အဘိုးရွှေတိုင်ညွန့်ရဲ့ ဂီတ အနုပညာ လက်ရာထဲကဆိုရင် အောင်ဗလအလွမ်းပြေလို သီချင်းမျိုးတို့ကို ဆိုကရေးတီးက တချို့ ကလေးတွေက သီဆိုနိုင်တယ်။ သူတို့ကိုတစ်ခွေပေါ့။ နောက်ပြီး တော့ ဒီဘက်ခေတ်အဆိုတော်တွေပေါ့။ ဟိုတလောကတောင် သီဆိုဖူးတယ်။ ဝိုင်းစုနဲ့ဟဲလေးတို့သီဆိုထားတယ်။ မခိုင်လည်းတစ် ပုဒ် သီဆိုပေးထားဖူးတယ်။ အဲဒီတော့သူတို့နဲ့ ပြန်ညှိနေတယ်။ အဘိုးကိုလည်းဂုဏ်ပြုတဲ့ အနေနဲ့ အခွေစီစဉ်နေတယ်” လို့ အ ခွေနဲ့ပတ်သက်ပြီးတော့ ဇော်ဝင်းထွဋ်က ပြောပြပါတယ်။ သူကမိခင်ဖြစ်သူ မြန်မာသံတေးသံရှင်ကြီး ထား နဲ့အတူ တွဲပြီးတော့လည်းမြန်မာသံတေး သီချင်းများကို သီဆိုခဲ့ဖူးသလို မြန်မာ့တူရိယာတွေကို တီးခတ်ပြီး သီချင်းသီဆိုရတာကိုလည်း နှစ်ခြိုက်သူတစ်ဦး ဖြစ်ပါတယ်။ဇော်ဝင်းထွဋ်က ဒီဇင်ဘာလ ၁ရက်နေ့ကတော့ သူ့ရဲ့သီချင်းတွေကို ပြန်လည်စုစည်းပြီး Version  အသစ်အနေနဲ့ ပြန်လည်တီးခတ် သီဆိုထားတဲ့ The Journey လို့ အမည်ပေးထားတဲ့ အခွေတစ်ခွေ ထွက်ရှိထားပါ သေးတယ်။ အဆိုပါ အခွေထွက်ရှိခြင်း အမှတ်တရဖျော် ဖြေပွဲကို ရန်ကုန်မြို့ရှိ Hard Rock café Yangon မှာ ပြုလုပ်ခဲ့ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ- အေးဇော်မိုး(စက်မှု)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071