Friday, June 27, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeCelebrities' Newsဒီဇင်ဘာ ခရီးသွားရာသီနှင့် သူတို့ညွှန်တဲ့...

ဒီဇင်ဘာ ခရီးသွားရာသီနှင့် သူတို့ညွှန်တဲ့ နေရာဒေသ

 

ဒီဇင်ဘာလထဲရောက်ရှိပြီဆိုတာနဲ့ အားလုံးက ခရီးတွေထွက်ကြဖို့ တာဆူနေကြပြီလို့ပဲ ဆိုရတော့မှာပါ။ ဒီကာလဟာ ရုံးပိတ်ရက်နဲ့ ကျောင်းပိတ်ရက်တွေများတဲ့ လဖြစ်တဲ့အတွက် အားလုံးက ဒီဇင်ဘာလဆိုရင် ခရီးသွားလလို့တောင် သတ်မှတ်ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခရီးသွားဖို့ ပြင်ဆင်နေကြပြီဖြစ်တဲ့ ပရိသတ်တွေအတွက် ဘယ်လိုနေရာဒေသမျိုးတွေကိုသွားဖို့သင့်လဲဆိုတာ အနုပညာရှင်တွေက သူတို့ရဲ့ ခရီးသွားအတွေ့အကြုံတွေနဲ့ ယှဉ်ကာ အခုလို ပြောပြခဲ့ကြပါတယ်။

ဘွန်းဘွန်း

ဒီလိုလတွေက ပွဲကရတဲ့ကာလတွေဆိုတော့ ပွဲကရင်းနဲ့ပဲ ခရီးတွေသွားဖြစ် တာများပါတယ်။ သက်သက်ကြီး ခရီးသွားဖြစ်တာမျိုးတော့မရှိပါဘူး။ ပွဲထွက် ရင်းနဲ့ပဲရောက်ဖြစ်တယ်။ ကျွန်တော်က ခရီးသွားရတာကို သဘောကျတယ်။ ပျော်လည်းပျော်တယ်။ ပိုကောင်းတာက ကိုယ်ဝါသနာပါတဲ့ အလုပ် လုပ်ရင်း ခရီးတွေ သွားရတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ဒီလိုလမှာ ခရီးသွားမယ့်နေရာတွေကို ညွှန်ပြရမယ်ဆိုရင် ဒီလက အေးတဲ့လဖြစ်နေတော့ ပင် လယ်ကမ်းစပ်လေးတွေသွားပေါ့။ မန္တလေးကိုလာမယ်ဆိုရင်လည်း ကောင်း တယ်။ မန္တလေးမှာဆိုရင် မဟာမြတ်မုနိဘုရား၊ မန္တလေးတောင်တို့၊ ဦးပိန် တံတားတို့၊ ကျုံးဘေးတို့စသဖြင့် အများကြီးလည်ပတ်လို့ရပါတယ်။ ပြီးတော့ မနောယံမံ ဥယျာဉ်လည်းရှိတယ်။ လာရောက်လည်ပတ်ကြဖို့လည်း ဖိတ်ခေါ်ပါ တယ်။

ချစ်စွမ်းသာ

ဒီလိုကာလဆိုရင် ကျိုက်ထီးရိုးဘုရားဆီသွားသင့်တယ်။ ပုဂံညောင်ဦးသွား သင့်တယ်။ အေးလဲ အေးတာဆိုတော့လေ။ နောက်ပြီး ဇလုံတောင် ကိုသွားသင့်တယ်။ ကျွန်တော်ကတော့ ဘုရားဖူးခရီးကိုပဲ တိုက်တွန်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘုရားဖူးသွားတဲ့အခါ စိတ်ကြည်လင်တယ်။  ပင်ပန်း နွမ်းနွယ်မှုလည်းပျောက်စေတယ်။ သောကတွေရှိရင်လည်း သောကတွေပြေစေတယ်။ အိမ်မှာလည်းရှိခိုးလို့ရပါတယ်။ ခရီးသွားတော့ အတွေ့အကြုံတွေလည်း ပိုတိုးတာပေါ့။ ဘုရားသွားဖူးပြီးတဲ့အခါ လုပ်သမျှ အကုန်အဆင်ပြေတယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့ကတော့ ဇာတ်ကရင်းနဲ့ နေရာအနှံ့ ရောက်နေရ တာလေ။ ကျွန်တော်က ခရီးသွားရတဲ့ခံစားမှုကိုကြိုက်ပါတယ်။ ပွဲခွင်နားရင်လည်း အိမ်မှာ သိပ်မနေဖြစ်ဘူး။ ခရီးတွေပဲတောက်လျှောက်ထွက်ဖြစ်တာ။ မ သွားရရင်ကို မနေနိုင်တာ။ ဗဟုသုတတွေရလို့လေ။

ပန်းဖြူ

ဒီဇင်ဘာလဆိုတာ ခရီးသွားလပါပဲ။ အစ်မကိုယ်တိုင်လည်း ခရီးသွားရ တာ တအားဝါသနာပါတယ်။ ခရီးသွားနေရရင်ကို ကျေနပ်တယ်။ ကမ်းခြေ သွားမလား၊ တောင်တက်မလားရတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့လောက်မှာ လည်း အစ်မတို့ရုံးက ဝန်ထမ်းတွေနဲ့အတူ ခရီးသွားဖို့ရှိတယ်။ အားလုံးပုဂံကို ဘုရားဖူးသွားကြမယ်ပေါ့။ ပြီးခဲ့တဲ့လကပဲ အစ်မကခရီးထွက်ထားတော့ အစက အစီအစဉ်မရှိဘူး။ အပင်ပန်းခံနိုင်ရဲ့လားဆိုပြီး အိမ်ကလူတွေကလည်း ပြော တယ်။ အစ်မကခရီးသွားရတာကို ပင်ပန်းတယ်လို့ကိုမခံယူဘူး။ ခရီးသွားရတာ ကို စိတ်ထဲကကြိုက်တယ်။ ခရီးသွားမယ်ဆိုရင် ဟိုးအရင်ကတည်းက ပျော် နေတာပါပဲ။

နန်းခင်ဇေယျာ

နန်းခင်က ခရီးသွားရတာ အလွန်ဝါသနာပါတယ်။ ဒါကြောင့် နန်းခင် ခရီးတွေ အမြဲတမ်းသွားဖြစ်တယ်။ ပြည်ပခရီးစဉ်တွေကိုလည်း အမြဲသွားဖြစ် တယ်။ အခုဒီဇင်ဘာလမှာ ခရီးသွားဖို့ ပရိသတ်တွေကို တိုက်တွန်းချင်တယ်။ ဒီလကအေးတော့ ခရီးသွားဖို့ကောင်းတယ်။ နန်းခင် ဒီလမှာ ကယားပြည်နယ် ဆီ သွားဖို့လည်းရှိပါတယ်။

အိမ့်ချစ်

အိမ့်ချစ်က လောလောဆယ်မှာတော့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် ခရီးတွေ တောက်လျှောက်ထွက်ဖြစ်နေပါတယ်။ ခုလ ဒီဇင်ဘာ ၅ ရက်နေ့ ကနေ ဒီဇင်ဘာလ၃ဝ ရက်နေ့ အထိ အိမ့်ချစ် ရန်ကုန်မှာမရှိတော့ပါဘူး။ ဆက်တိုက် ခရီးတွေသွားဖို့ရှိပါတယ်။ အိမ့်ချစ်ကတော့ ပုဂံသွားရတာကြိုက်တယ်။ နောက်ပြီး အေးတဲ့ဒေသတွေကို ခရီးသွားရတာပိုကြိုက်ပါတယ်။ ခရီးသွားရ တာကတော့ အိမ့်ချစ်အတွက် ခံစားမှုနှစ်မျိုးပေါ့။ တစ်မျိုးကကြတော့ အလုပ် နဲ့သွားရတာဖြစ်တဲ့အတွက် ခရီးထွက်ခြင်းရဲ့ အရသာကိုတောင်မခံစားမိဘူး။ သီချင်းဆိုရမယ်ဆိုတော့ အစစအရာရာ သတိနဲ့နေ သတိနဲ့စားဆိုတော့ သိပ် ပျော်စရာမကောင်းဘူး။ အဲ့ဒီလို မဟုတ်ဘဲနဲ့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ သွားရတဲ့ခရီးဆိုရင်တော့ ရန်ကုန်ကနေ ပဲခူးသွားရင်တောင် ပျော်ရပါတယ်။ ခံစားမှုချင်း မတူဘူးပေါ့နော်။ စိတ်တွေ ပေါ့ပေါ့ပါးပါးနဲ့   လွတ်လွတ်လပ်လပ် ဖြစ်သွားပါတယ်။

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071