Looking for something?

Explore the website

Looking for something?

Thursday, June 26, 2025

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ...

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...
HomeCelebrities' Newsတစ်ခွေ ၃၅ဝနဲ့ ဖြန့်နေတဲ့...

တစ်ခွေ ၃၅ဝနဲ့ ဖြန့်နေတဲ့ ပီတိဗီဒီယို ရပ်နားလိုက်ခြင်းအပေါ် ဒါရိုက်တာ ဝိုင်း ရဲ့အမြင်

ဗီဒီယိုဇာတ်ကားတစ်ခွေကို ၃၅ဝ ကျပ်နဲ့ ရောင်းချနေတဲ့ ပီတိဗီဒီယိုထုတ်လုပ်ရေးရဲ့ ထုတ်ဝေဖြန့်ချိခြင်း ရပ်ဆိုင်းလိုက်တဲ့အပေါ် ပီတိဗီဒီယိုစာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ဒါရိုက်တာဝိုင်းကို သူ့အမြင်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

“အမှန်အတိုင်းပြောရရင် အစ်ကို့အနေနဲ့ကတော့ အဲဒီဟာကြီးကို သိပ်သဘောမကျဘူး။ ရုပ်ရှင်အစည်းအရုံးက လုပ်တာပဲဖြစ်ဖြစ်၊ ဗီဒီယို(ဗဟို)က လုပ်တာပဲဖြစ်ဖြစ် ဒါဟာအင်မတန်လွဲမှားတဲ့လုပ်ရပ် တစ်ခုလို့ပဲမြင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ့်တကယ်က အစ်ကိုတို့က အနုပညာသည်လေ။ ပရိသတ်တွေက အစ်ကိုတို့ရဲ့ အချပ်လေးတွေကို သူတို့ အိမ်မှာယူပြီးတော့ကြည့်မယ်။ သိမ်းထားမယ်ဆိုလို့ရှိရင် အစ်ကိုတို့ အင်မတန်ဝမ်းသာတယ်။ အခုချိန်ထိလည်း အစ်ကို့ ‘ချစ်လှစွာသော အမုန်း’ တို့ဘာတို့ဆိုရင် သူတို့အချပ်လေးတွေဝယ်ပြီး အစ်ကို့ကို လက်မှတ်တွေလာထိုးခိုင်းတာ။ သက်မွန်တို့ဆိုရင်လည်း လက်မှတ်တွေ အမြဲတမ်းထိုးခိုင်းနေတာကိုတွေ့ရတယ်။ ကိုယ့်အချပ်လေး သူတို့တစ်သက်လုံး သိမ်းထားတယ်ဆိုတော့ အစ်ကိုတို့က ပီတိဖြစ်တာပေါ့။ ဒီအချပ်တွေက ခံတယ်လေ။ RC အချပ်တွေလိုမျိုး ခဏလေးနဲ့ သွားတာမျိုးမဟုတ်ဘူး။ နောက်တစ်ခါကြည့်တဲ့ပရိသတ်ကလည်း အခွေတစ်ခွေကို ၁၅ဝ၊ ၂ဝဝ ကျပ်နဲ့ ငှားရမ်းပြီး ကြည့်ကြတယ်။ ပြီးရင် ပြန်အပ်လိုက်ရတယ်။ တစ်ခါတလေကျရင် တစ်အိမ်လုံး မကြည့်ရဘူး။ အဲဒီအစား လမ်းဘေးမှာ အခွေရောင်းတယ်။ ၃ဝဝ၊ ၃၅ဝ ကျပ်နဲ့ ဝယ်ပြီးသိမ်းထားတယ်။

တစ်မိသားစုလုံး ကြိုက်သလို ကြည့်တယ်။ အစ်ကိုတို့ဇာတ်ကားတွေက သူတို့ရင်ထဲကို တဖြည်းဖြည်းနဲ့ ပြန်ပြီးရောက်လာမယ်။ ဒါဟာအပြန်အလှန် အကျိုးပြုတယ်။ အဲဒီလို တစ်ခွေ ၃၅ဝ ကျပ်နဲ့ အကျိုးပြုနေတဲ့ ပီတိရဲ့လုပ်ရပ်ကို ဘယ်လိုခေါင်းနဲ့ စဉ်းစားပြီး ဘယ်လိုလုပ်လိုက်လဲဆိုတာကို အစ်ကိုတော်တော်လေး စဉ်းစားရခက်ပါတယ်” လို့ သူကပြောပါတယ်။ ဆက်လက်ပြီး ဝိုင်းက ပီတိဗီဒီယိုထုတ်လုပ်ရေးလိုမျိုးပရိသတ်အတွက် အကျိုးပြု တဲ့ ထုတ်လုပ်ရေးမျိုး ဆက်လက်ရှင်သန်စေချင်ကြောင်းကို “အစ်ကိုပြောချင်တာတစ်ခုကတော့ အလုပ်တစ်ခုကို သေသေချာချာ တကယ့်တကယ် ဘယ်သူသာတယ်၊ ဘယ်သူနာတယ်ဆိုတာ ပြန်လည် ဆုံးဖြတ်ပြီးတော့ လက်တွဲပြီး သွားရမှာ။ လက်တွေကို ဖြုတ်ချလိုက်တယ်ဆိုတာ လွယ်တယ်။ သေချာ ညှိနှိုင်းမှုနဲ့ နားလည်မှုနဲ့ လက်တွဲရတာခက်တာ။ လက်တွဲမှသာလျှင် အားပိုရှိမှာ။ အဲဒီတော့ ဘယ်လို လက်တွဲပြီး လုပ်ဆောင်လို့ရမှာလဲ။

ငါကတော့ တစ်ချပ် ၇ဝဝ ကျပ် ရမှဆိုရင် ပရိသတ်မျက်နှာကို တံတွေးနဲ့ထွေးတာပဲ။ သူ့ရဲ့ ရလိုမှုဖြစ်သွားပြီလေ။ သူ့ရဲ့ အတ္တဖြစ်သွားပြီ။ ပရိသတ်ကို မကြည့်တော့ ဘူး။ ဒီဇာတ်ကားဖန်တီးတဲ့ အနုပညာရှင်တွေရဲ့ မျက်နှာတွေကို မကြည့်တော့ဘူးဆိုတဲ့ သဘောဖြစ်သွား တယ်။ အဲဒီလူတို့ရဲ့ ဆန္ဒဟာ အရေးကြီးတယ်။ အစ်ကိုတို့ ဇာတ်ကားကောင်းဖို့ဟာ အစ်ကိုတို့ အနုပညာသမားနဲ့ ပရိုဂျူဆာက ပူးတွဲလုပ်ဆောင်ရမှာဖြစ်သလို ကြည့်တဲ့ပရိသတ်က အမှတ်ပေးမှသာ လျှင် အစ်ကိုတို့ အနုပညာလောက ရှင်သန်မှာ။ အဲဒီတော့ အစ်ကိုပြောချင်တာက ကိုယ့်ကိုကျွေးမွေးတဲ့ ထမင်းရှင် ပရိသတ်ကို ဘယ်တော့မှ မမေ့ပါနဲ့။ အစ်ကို့အနေနဲ့ကတော့ ပရိသတ်အတွက် အကျိုးပြုတဲ့ ပီတိဗီဒီယိုက ထုတ်လုပ်တဲ့ ဒီဟာကို ပိုပြီးတော့ ရှင်သန်စေချင်တယ်”  လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071