Friday, May 1, 2026

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော...

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က...

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင်...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊...

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား...

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊...
HomeCelebrities' Newsသားဖြစ်သူ ဆိုတေးအကြောင်း ...

သားဖြစ်သူ ဆိုတေးအကြောင်း ပြောပြတဲ့ ဒေါ်အေးအေးဖြူ

ဆိုတေးက အခုလက်ရှိမှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး မိသားစုကလည်း သူ့အနားမှာ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်နေကြဖြစ်ပါတယ်။ သူဟာကျန်းမာရေးကြောင့် ၃လ နီးပါးလောက် ဆေးရုံမှာ တက်ရောက်ကုသမှုခံယူခဲ့ရပြီး ဆေးရုံကနေအိမ်မှာရောက်တဲ့အချိန်အထိ ဆေးကုသမှု ဆက်လက်ခံယူခဲ့ရတာလည်း ဖြစ်ပါတယ်။ “အန်တီတို့အတွက်တော့ ဒုတိယအကြိမ်မြောက် ပြန်လည်မွေးဖွားတာပေါ့။ အဆိုတော်လောကမှာကော အန်တီတို့အိမ်မှာကောပေါ့။ သူစင်ပေါ်မှာသီချင်းပြန်ဆိုတော့ အန်တီမျက်ရည်ကျရတယ်။ ဒီလိုမျိုးမြင်ကွင်းလေးကို မမျှော်လင့်ခဲ့ဘူး။ အခုတော့တော်တော်ကိုကောင်းသွားပြီ။ အိပ်တာစားတာလည်းမှန်တယ်။ ကောင်းကောင်းလည်း စားနိုင်တယ်။ သီချင်းတွေလည်း ပြန်ဆိုနေတာ တော်တော်ကြာနေပါပြီ။ အနယ်နယ်အရပ်ရပ်ကပွဲစီစဉ်သူတွေကို လည်း ဆိုတေးကအခုဆိုရင် ပိုပိုပြီးတော့ကျန်းမာပြီးတော့ ချောလာပြီ။ သီချင်းတွေလည်းအများကြီး ဆိုနိုင်နေပါပြီ” လို့ ဆိုတေးနေမကောင်းစဉ်ကာလက အကြောင်းတွေကိုဆိုတေးရဲ့ မိခင်ဖြစ်တဲ့ ဒေါ်အေးအေးဖြူကပြောပြပါတယ်။ဆိုတေးကငယ်စဉ်က စာတော်တဲ့အတွက် မိဘတွေကဆိုတေးကို ဆရာဝန်တစ်ယောက်ဖြစ်စေချင်ခဲ့ပေမယ့် အခုလို နိုင်ငံကျော်အဆိုတော် ဖြစ်လာပြန်တော့လည်း သားဖြစ်သူအတွက် ဂုဏ်ယူရပါတယ်လို့ ဒေါ်အေးအေးဖြူက ပီတိဖြစ်စွာ နဲ့ပြောပြပါတယ်။

“အန်တီကသူ့ကို ဆွဲကြိုးဆင်ပေးတယ်။ လက်စွပ်ဆင်ပေးတယ်။ တစ်ပတ်ဆိုရင်မရှိတော့ဘူး။ နောက် တစ်ခါ ထပ်ဆင်ပေးပါဦးဆိုလို့ အန်တီကထပ်ဆင်ပေးတယ်။ တစ်ပတ်ဆိုရင်မရှိတော့ပြန်ဘူး။ မေမေဆင်ပေးတဲ့ လက်စွပ်တွေ ဆွဲကြိုးတွေကဒီမှာဆိုပြီး အခွေလေးထုတ်ပြတယ်။ သီချင်းနားထောင်ကြည့်တော့ သီချင်းကကောင်းလိုက် တာပေါ့။ နောက်တော့ အန်တီလည်း သူငယ်ချင်းဆီကနေ ပိုက်ဆံဆွဲပြီးတော့ သူ့ကိုထုတ်ပေးလိုက်တယ်။ ဒီနေ့နေ့ခင်းပဲ ပရိုမိုးရှင်းလုပ်တယ်။ ညလည်းကျရော နေပြည်တော်က ငှားသွားရော။ နောက်ပိုင်း သူတောက်လျှောက်ဆိုရတော့တာ။ တစ်ရက်မှကိုမနားရတော့ဘူး။ တစ်လနေမှ ကိုယ့်သားလေးကို တစ်ခါလောက်ပဲတွေ့ရတော့တယ်။ သူနယ်တွေသွားရင် အန်တီတစ်ခေါက်မှမလိုက်ဘူး။ အခုသူနေမကောင်းဖြစ်ပြီးမှ အန်တီလိုက်တာ။ တစ်ချိန်တုန်းကသာ သူ့နောက်ကို ငါလိုက်ခဲ့မယ်ဆိုရင် သူဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးတွေးမိတယ်။ အခုတော့ သူသီချင်းဆိုရင် အန်တီက သူ့ဘေး မှာအမြဲရှိပေးရတယ်” လို့ ဆိုတေးရယ်လို့ ဖြစ်လာစဉ်ကာလက အကြောင်းကို မိခင်ဖြစ်သူဒေါ်အေးအေးဖြူကပြောပြတာပဲဖြစ်ပါတယ်။

လင်းအက္ခရာ

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071