Thursday, June 26, 2025

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...

ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ...

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည် ဖြစ်သည်ဟု သိရသည်။ ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်(...

နှစ်နှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့

ပြီးခဲ့သည့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့သည်။ ထိုအထဲတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုများ ဖြစ်သည်။ ထိုအချက်အလက်များကို နေပြည်တော်ရှိ...

ရန်ကုန်မြိူ့နယ်အများစုတွင် စက်ဘီးပြင်ဆိုင်များ ပြန်အလုပ်ဖြစ်လာ

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသော စက်ဘီးပြင်ဆိုင်များသည် ယခုနောက်ပိုင်းတွင် စက်ဘီးပြုပြင်သူပြန်လည်များပြားလာသောကြောင့် အလုပ်ဖြစ်လာသည်။ “ဒီနောက်ပိုင်း လာပြင်တဲ့ဘီးလေးတွေ များလာတယ်၊ ကျွန်တော်က စက်ဘီးဝယ်ရောင်းပါလုပ်တာဆိုတော့ second (သုံးပြီးသား)...
HomeCelebrities' Newsဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ချိန်က အသံမှာ...

ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ချိန်က အသံမှာ စက်ရုပ်ဆန် နေတယ်

လက်ရှိအချိန်မှာတော့ ကျော်ထက်အောင်ကရုပ်ရှင်ဇာတ်ကား ဆယ်ကားဝန်း ကျင်လောက် ပါဝင်သရုပ်ဆောင်ကာ ရိုက်ကူးပြီးစီးနေပြီဖြစ်ပါတယ်။ သရုပ်ဆောင် အလုပ်စတင်လုပ်ကိုင်ချိန်မှာ ကျော်ထက်အောင်ရဲ့ အသံနဲ့ပတ်သက်လို့လည်း ဝေဖန်မှု များစွာ ရှိခဲ့ပါတယ်။ ဒီလိုပရိသတ်တွေရဲ့သုံးသပ်ချက်ပေါ်မှာ  ကျော်ထက်အောင်  အနေနဲ့ တဖြည်းဖြည်းပြင်ဆင်ခဲ့ရတဲ့ အခက်အခဲတွေကလက်ရှိအချိန်မှာတော့ ကျော်ထက်အောင်ကရုပ်ရှင်ဇာတ်ကား ဆယ်ကားဝန်း ကျင်လောက် ပါဝင်သရုပ်ဆောင်ကာ ရိုက်ကူးပြီးစီးနေပြီဖြစ်ပါတယ်။ သရုပ်ဆောင် အလုပ်စတင်လုပ်ကိုင်ချိန်မှာ ကျော်ထက်အောင်ရဲ့ အသံနဲ့ပတ်သက်လို့လည်း ဝေဖန်မှု များစွာ ရှိခဲ့ပါတယ်။ ဒီလိုပရိသတ်တွေရဲ့သုံးသပ်ချက်ပေါ်မှာ  ကျော်ထက်အောင်  အနေနဲ့ တဖြည်းဖြည်းပြင်ဆင်ခဲ့ရတဲ့ အခက်အခဲတွေက “အသံပိုင်းကတော့ ပရိသတ်တွေက ဝေဖန်ပေးတာတွေအများကြီးရှိပါတယ်။

‘သူငယ်’ဇာတ်ကားမှာ ဆိုရင်သိသာတယ်။ သူငယ်ရဲ့အရှေ့မှာ ကိုလူမင်းနဲ့ ရိုက်ကူးခဲ့တဲ့ ‘ကြတ်ဂူ’ ဇာတ်ကားဆိုရင် အသံကပိုပြီးတော့တောင် စက်ရုပ်ဆန်နေပါတယ်။ တွေ့ကြုံ ရတဲ့ စကားအပြောအဆိုပိုင်းအခက်အခဲပေါ့။ ရှေ့ပိုင်းက ဇာတ်ကားတွေမှာ ကျွန်တော့်ရဲ့ အသံက MC လိုလို၊ အပြင်ကနေပြီး အသံမာမာနဲ့ ပြောသလိုမျိုးတွေဖြစ်နေတယ်။ ဇာတ်ကားတွေ တဖြည်းဖြည်း ရိုက် ကူးလာတော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေရဲ့ အထောက်အပံ့တွေ တဖြည်းဖြည်း ရလာပြီး ပုံမှန်စကားပြောသလိုပဲ အဆင်ပြေသွားပါတယ်ခင်ဗျ” လို့ပြောပြပါတယ်။ ကျော်ထက်အောင် အနေနဲ့လည်း သရုပ်ဆောင်အလုပ်မလုပ်ကိုင်ခင်အစီအစဉ် တင်ဆက်သူတစ်ယောက်ဖြစ်လာကတည်းက ပရိသတ်တွေကနေ နာမည်ပြောင်တွေပေးလေ့ရှိ တယ်လို့ဆိုပါတယ်။

ဒီလိုပရိသတ်တွေခေါ်ဝေါ်ကြတဲ့ကျော်ထက်အောင်ရဲ့နာမည်တွေက “ပထမကတော့ကျွန်တော့် ကိုပရိသတ်တွေက ကျော်ထက် အောင်လို့မသိသေးခင် Myanmar Idol လို့ ခေါ်ကြပါတယ်။ ကျော်ထက် အောင်လို့ ပရိသတ်တွေသိကြတယ်။နောက်ပိုင်း မှာကျွန်တော် ‘သူငယ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီး ရုံတင်တော့ ကျွန်တော့်ကို သူငယ်လို့ ခေါ်ကြပါတယ်။ ဒီလိုမျိုး ကျွန်တော့်ကိုချစ်တဲ့ပရိသတ်တွေက နာမည်လေးတွေ ပေးတဲ့ အတွက်လည်း ကျေနပ်ပါတယ်။ သူငယ်ဇာတ်ကားမှာကျွန်တော်ပါဝင် သရုပ် ဆောင်ခဲ့ရတဲ့အခန်းကနည်းပေးမယ့် အသစ်တစ်ယောက်အနေနဲ့တော့ တအားကျေနပ်အားရခဲ့ရတယ်”လို့ ကျော်ထက်အောင်က ဆို ပါတယ်။  ကျော်ထက်အောင် ကိုယ်တိုင် အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ Myanmar Idol အစီအစဉ်အသစ်အကြောင်းနဲ့ ပတ် သက်ပြီးလည်း “ပရိသတ်များအားလုံး မျှော်လင့်စောင့်စားနေတဲ့ Myanmar Idol ရှဲ့Season 3 လည်းပြန်လာပါတော့မယ်။ ပရိသတ်တွေအား လုံးလည်း ပြန်ပြီးရင်ခုန်ကြရမှာပါ။ အခုကျော်ထက်အောင်ပြန်လာပါတော့မယ်။ ခဏမနေတော့ပါဘူး”  လို့ ပြောပြပါတယ်။

မြတ်မိုးပွင့် 

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071