Thursday, June 26, 2025

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...
HomeMusicကျန်းမာနေသရွေ့ ဂီတအနုပညာကိုဆက်လက်ထုတ်ဖော်နေဦးမယ့် ...

ကျန်းမာနေသရွေ့ ဂီတအနုပညာကိုဆက်လက်ထုတ်ဖော်နေဦးမယ့် တေးသံရှင်ကြီး စိန်ဝင်းထွန်း

ဂီတ သက်တမ်းနှစ် ၅ဝပြည့် တော့မှာဖြစ်ပေမယ့် ဝါရင့်အဆိုတော်ကြီး ဦးစိန်ဝင်းထွန်းကတော့ အနုပညာနဲ့ ပတ်သက်လို့ နုပျိုလတ်ဆတ်ဆဲဖြစ်ပါတယ်။ သူ တစ်ကိုယ်တော်စီးရီးအတွက် ကြိုးစားလုပ်ဆောင်တယ်။ ပြီးတော့ လာမယ့် ဒီဇင်ဘာလထဲမှာလည်း ရှိုးပွဲကြီးတစ်ခုဆိုဖို့ပြင်ဆင်နေတယ်။ အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီးသူက….

“ကျွန်တော်ကတော့ ၂ဝ၁၇နဲ့ ၂ဝ၁၈မှာ စီးရီးလုပ်နေတယ်။ တချို့တွေကတော့ သိပ်ကြာနေတယ်ဆိုလို့ ပြီးရင်ပြီးတဲ့ အပုဒ်ကို အင်တာနက်ပေါ်တင်ပါတယ်။ အခုလည်း ကျွန်တော်က ရှိုးပွဲတွေကဆက်တိုက်ဆိုဖြစ်နေတယ်။ ဒီဇင်ဘာလ ၂၃ရက် နေ့၊ အမျိုးသားဇာတ်ရုံမှာ ရှိုးပွဲကြီးတစ်ပွဲဆိုဖို့အတွက်ကိုလည်း အခုကတည်းက သီချင်း တိုက်နေပါပြီ။ ၂၃ ရက်နေ့ရှိုးပွဲကတော့ ကျွန်တော်တို့လူကြီးတွေ အားလုံးပေါင်း ၉ ယောက်ပေါ့။ ကျွန်တော် ရယ်၊ ကိုစိုးပိုင်ရယ်၊ စိုင်းဆိုင်မောဝ် အစရှိသဖြင့်ပေါ့လေ။ လူကြီးတွေဆိုမယ့်ပွဲပေါ့။ အဲဒါလေး စီစဉ်ထားတယ်။ ကျွန်တော့်တစ်ကိုယ်တော်စီးရီးခွေကိုလည်း အမြန်ဆုံးထွက်ရှိနိုင်အောင်ကြိုးစားပြီးလုပ် နေပါတယ်”လို့ ပြောပါတယ်။

 ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်ဆဲဖြစ်တဲ့ ဦးစိန်ဝင်းထွန်း အနေနဲ့….

” ကျန်းမာရေးကတော့ ဒီလိုပဲ။ ကျွန်တော် လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်။ အစားအသောက်ကိုလည်း ချင့်ချိန်ပြီးစားရတာပေါ့။ အဲဒါကြောင့်လည်း ကျွန်တော်အခုထက်ထိ ကျန်းမာနေတာပေါ့။ ကျွန်တော် ကျန်းမာနေသရွေ့ကတော့ ကျွန်တော့်မှာရှိတဲ့ ဂီတအနုပညာတွေကို ထုတ်ဖော်ပြီးတော့ ကျွန်တော့် ပရိသတ်ကို ချပြသွားပါမယ်” လို့ ပြောပါတယ်။ ဦးစိန်ဝင်းထွန်းရဲ့ လူငယ်တွေအပေါ် အကြံပြုစကား ပြောပြရမှာတော့….

“လူငယ်တွေကို တအားဖြစ်စေချင်ပါတယ်။ ဆို၊ က၊ ရေး၊ တီးပွဲတွေလုပ်နေ တယ်။ ဒီဘက်မှာလည်း ပွဲတွေအများကြီးပဲ။ ပြိုင်ပွဲတွေလုပ်တာအရမ်းကောင်းပါတယ်။ ကျွန်တော်က တော့ ဖြစ်စေချင်တာ လူငယ်တွေကို များများမွေးထုတ်စေချင်တယ်။ ဂီတအစည်းအရုံးမှာလည်း လာ ရောက်အကြံဥာဏ်တောင်းနိုင်တယ်။ လာမယ့် ဂီတလောကမှာ အရည်အချင်းရှိတဲ့ လူငယ်တွေများများ ပေါ်ထွက်စေချင်တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071