Looking for something?

Explore the website

Looking for something?

Thursday, June 26, 2025

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ...

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...
HomeMoviesဒါရိုက်တာအဖြစ်ဇာတ်ကားများရိုက်ကူးနေပြီဖြစ်တဲ့ လူငယ်စာရေးဆရာမ မယ်မင်းဘုံ

ဒါရိုက်တာအဖြစ်ဇာတ်ကားများရိုက်ကူးနေပြီဖြစ်တဲ့ လူငယ်စာရေးဆရာမ မယ်မင်းဘုံ

လူငယ်ဆန်ဆန် အချစ်ဝတ္တုတွေရေးလေ့ရှိတဲ့ လူငယ်စာရေးဆရာမ မယ်မင်းဘုံကတော့ ခုနောက်ပိုင်းမှာ ဒါရိုက်တာတစ်ဦးအဖြစ် Video  ဇာတ်ကားများ ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ သရုပ်ဆောင်ညီထွဋ်ခေါင်၊ ရတနာဗိုတို့နဲ့အတူ ‘အိမ်ပြေး’ ဇာတ်ကားကို ရိုက်ကူးပုံဖော်နေကြောင်း သိရပါတယ်။ စာရေးဆရာမတစ်ဦးဖြစ်တဲ့ သူမက ဒါရိုက်တာ တစ်ဦးအဖြစ် အနုပညာ လောကကို ခြေချလာခဲ့ တာနဲ့ ပတ်သက်ပြီး အခုလို ပြေပြခဲ့ပါတယ်။လူငယ်ဆန်ဆန် အချစ်ဝတ္တုတွေရေးလေ့ရှိတဲ့ လူငယ်စာရေးဆရာမ မယ်မင်းဘုံကတော့ ခုနောက်ပိုင်းမှာ ဒါရိုက်တာတစ်ဦးအဖြစ် Video  ဇာတ်ကားများ ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ သရုပ်ဆောင်ညီထွဋ်ခေါင်၊ ရတနာဗိုတို့နဲ့အတူ ‘အိမ်ပြေး’ ဇာတ်ကားကို ရိုက်ကူးပုံဖော်နေကြောင်း သိရပါတယ်။ စာရေးဆရာမတစ်ဦးဖြစ်တဲ့ သူမက ဒါရိုက်တာ တစ်ဦးအဖြစ် အနုပညာ လောကကို ခြေချလာခဲ့ တာနဲ့ ပတ်သက်ပြီး အခုလို ပြေပြခဲ့ပါတယ်။

“အဓိကတော့ ဝါသနာပါလို့ ဒါရိုက်တာ လုပ်ဖြစ်တာပါ။ အရင်တုန်းကတော့ စာရေးတဲ့အလုပ်ကိုပဲ စိတ်ထည့်ထားတယ်။ စာရေးတာကတစ်ဆင့် ကိုယ့်ဝတ္တုလေးတွေကို ဠငိနသ ရိုက်ကူးလာကြတဲ့ အခါကျ တော့ ကိုယ်ရဲ့သက်မဲ့တဲ့ ဇာတ်ကောင်ကိုတွေကို ပြန်ပြီးတော့ ပုံဖော်တဲ့အခါမှာ တစ်ခါတလေကျတော့ ရိုက်ကူးထားကြတာ အားရတာရှိသလို တစ်ခါတလေကျတော့ ကိုယ်ဝတ္တုနဲ့ ကွဲလွဲတာလေးတွေလည်း ရှိတယ်။ အဲ့ဒီလိုဖြစ်တော့ ကိုယ်တိုင်ဇာတ်ညွှန်းတွေရေးဖြစ်တယ်။ အဲ့ဒီကနေတစ်ဆင့် ဒါရိုက် တာလုပ်ဖို့ ကိုယ်ကလည်း ဝါသနာပါတဲ့အတွက် အောင်သီရီထုတ်လုပ်ရေးကလည်း အခွင့်အရေး ပေးတာနဲ့ လုပ်ဖြစ်သွားတာပါ”လို့ ပြောပြခဲ့ပါတယ်။  သူမအနေနဲ့ ဒါရိုက်တာတစ်ဦးဖြစ်လာတဲ့အခါ ဇာတ်ကောင်တွေကို လက်တွေကျကျ ပုံဖော်ရတာနဲ့ပတ်သက်ပြီးလည်း….

“အရင်တုန်းက ဝတ္တုရေးတဲ့အချိန်၊ ဇာတ်ညွှန်းရေးတဲ့ အချိန် တုန်းကတော့ ကိုယ်ရဲ့ကိုယ်ရဲ့ ကိုယ်ပိုင်ဇာတ်ကောင်တွေ လုပ်တာပေါ့။ အခု ဒါရိုက်တာဖြစ်လာတဲ့အခါကျတော့ အပြင်လူတွေနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပြီး အလုပ်လုပ်ရတာတွေရှိပါတယ်။ စာရေး ဆရာနဲ့ ဒါရိုက်တာကတော့ နေထိုင်မှုစတိုင်ကလည်း ကွာခြားပါတယ်။ စာရေး ဆရာတုန်းကတော့ ညဆိုရင်စာရေးတယ်။ မနက်ဆိုနောက်ကျမှထလည်း ရတယ်ပေါ့။ ဒါရိုက်တာကတော့ အဲ့ဒီလိုလုပ်မရဘူး မနက် ၉ နာရီဆိုရင် Shooting ကိုအရောက်လာရတယ်။ နောက်ပြီး စာရေးတဲ့အခါ ကျလိုရှိရင်လည်း စာရေးဆရာဖြစ်တဲ့အတွက် ဝတ္တုထဲမှာပါတဲ့ဇာတ် ကောင်တွေကို ကိုယ်ဘာသာကိုယ်အဆင်ပြေအောင် စိတ်ကူးထဲမှာရှိ သလိုရေးလို့ရတယ်။ အပြင်မှာ ကားရိုက်တဲ့အခါကျတာ့ အများကြီး လက်တွေ့ဆန်ရတယ်။ အပြင် Life နဲ့ အနီးစပ်ဆုံးဖြစ်အောင် လုပ်ရ တယ်။ အဲဒီလို ကွာခြားမှု တွေတော့ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ဒါရိုက်တာတစ်ဦးဖြစ် ဇာတ်ကားများ ရိုက်ကူးနေပေမယ့် သူမအနေနဲ့ လေးလလောက် ကိုစာအုပ် တစ် အုပ်လောက်ထွက်ဖြစ် နေကြောင်းလည်း သိရပါတယ်။

 သတင်း – ဇော်ဝင်းအောင်

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071