Friday, June 27, 2025

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...
HomeCelebrities' Newsအရေပြား လေးဖက်နာ ရောဂါဝေဒနာ...

အရေပြား လေးဖက်နာ ရောဂါဝေဒနာ ခံစားနေရတဲ့ ပြည်သူ့ အချစ်တော် ထက်ထက်မိုးဦး

ပြည်သူ့အချစ်တော် သရုပ်ဆောင် ထက်ထက်မိုးဦးက  အခု လတ်တလောမှာတော့ ကြော်ငြာများနဲ့ ဇာတ်လမ်းတွဲများကို လက်ခံရိုက် ကူးပေးဖြစ်နေပေမယ့် ကျန်းမာရေး သိပ်မကောင်းဘူးလို့ သိရပါတယ်။ သူ့ရဲ့ကျန်းမာရေး အခြေနေကတော့ အရေပြား လေးဖက်နာ ရောဂါ ဝေဒနာကို ခံစားနေရတာဖြစ်ကြောင်း ကို ထက်ထက်မိုးဦးက …

” ပြတော့ ပြနေရတာပေါ့နော်။ ဒါပေမဲ့ အခုတော့ထပ်ပြီး ရိုက်ကြည့်ချင်သေးတယ်။ ရိုက်ကြည့်ချင်သေး တယ်ဆိုတာက အစတုန်းက အရေပြားလေးဖက်နာ ဖြစ်တဲ့ဆိုတဲ့ဟာကိုလည်း သေသေချာချာလေး ရိုက် ကြည့်ချင်သေးတယ်။ တခြားဟာ တွေလည်း Medical Check ကအစ လုပ်ကြည့်ချင်သေးတယ်။ စပြ ပြချင်း တုန်းကတော့ ဒေါက်တာ ဦးချစ်စိုးနဲ့ ပြနေတာ။ ဒေါက်တာကလည်း တ အားလူနာများတော့ သူ့ကို ဘိုကင်ယူရတာ နည်းနည်းခက်တယ်။ တစ်ပတ် နှစ်ပတ်၊ တစ်လလောက်ကို ကြိုယူရတာဆိုတော့ အခုနောက်လကျရင်တော့ ပြန်ပြရမယ်။ အခုတော့ သူသောက်ခိုင်းတဲ့ ဆေးလေး ငါးမျိုးတော့ သောက်နေရတယ်။ အရေပြားလေး ဖက်နာက တအား ခံစားရတယ်လို့တော့ မရှိပါဘူး။ ခွဲစိတ်ရမယ်ဆိုရင်တော့ ပြည်ပကိုသွားခွဲ စိတ်ဖို့ များပါတယ်။ နှလုံးခွဲစိတ်တုန်း ကလည်း ဘန်ကောက်မှာပဲ သွားခွဲ စိတ်ခဲ့တာလေ” လို့ ပြောပါတယ်။အခုလိုရောဂါဝေဒနာ ခံစားနေရတဲ့ ထက်ထက်မိုးဦးက သူနေကောင်း ကျန်းမာမှ သူ့ရှေ့ရေးအတွက် အလုပ်တွေ ဆက်လုပ်သွားနိုင်မှာ ဖြစ်ကြောင်းကိုလည်း ရင်ဖွင့်ကာ ပြောပြခဲ့ပါတယ်။

“မကျန်းမာလို့ မဖြစ်ဘူးလို့တော့ ကိုယ့်ကိုယ်ကိုယ် အားတင်းထားရတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ကကိုယ့်ဘဝကို ကိုယ် လျှောက်ရတာဆိုတော့ ကိုယ့်ဟာ ကိုယ် ပိုက်ဆံရှာမှ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်မှာဆိုတော့ ထက်အနေနဲ့က နေကောင်း ချင်တယ်။ ကျန်းမာချင်တယ်။ နေကောင်းကျန်းမာမှ ထက်ရဲ့ရှေ့အတွက်ကို အလုပ် တွေ လုပ်နိုင်မှာပါ။ ကျန်းမာခြင်းကတော့ အရေးကြီးဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ရဲ့ စိတ်ထဲမှာတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာတို့ကို အမြဲတမ်းဦးထိပ်ထားပြီး မမေ့ဘဲသေတဲ့အထိ နှလုံးသွင်း ထားရမှာပါ” လို့ ထက်ထက်မိုးဦးက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊

ဓာတ်ပုံ-သားဒွေး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071