Tuesday, May 5, 2026

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း...

ထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football Camp...

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင်...

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊...
HomePoemစိတ်တံခါးကို ဆွဲဖွင့်ကြည့်ခြင်း

စိတ်တံခါးကို ဆွဲဖွင့်ကြည့်ခြင်း

အတွေးတွေကို အနားမသတ်ဘဲ
မျှော်လင့်ချက်တွေ
အလျားလိုက် ဖြန့်ခင်းလို့
ငါတို့လျှောက်ခဲ့ကြ
ဘယ်လောက်တောင်
လျှောက်ခဲ့ပြီးပြီလဲ
ဘာတွေခရီးပေါက်ခဲ့ပြီလဲ။

မိုင်တိုင်များစွာ
မှတ်တိုင်များစွာ
ပြန်ပြောင်းအောက်မေ့ဖွယ်ရာ
အချိန်မရသေး
လွယ်လွယ်လေးတွေးလို့
ရိုးရိုးလေးမစဉ်းစားခဲ့ကြ။

နှင်းစက်ကလေးခိုသီးနေတဲ့
မြက်ပင်ကလေးတစ်ပင်ရဲ့
အသံလေးဖြစ်ဖြစ်
ငါတို့နားမစွင့်ခဲ့လို့ ဖြစ်မှာပါ။
စာနာတတ်မယ်ဆိုရင်
နွေဦးမှာ
သစ်ရွက်လေးကြွေ တာကအစ
သင်္ခါရပဲလေ
ပန်းပွင့်လေးတွေကို မခူးဆွတ်လိုက်နဲ့
ကေသာမှာပန်ထားမှ
အလှတရားမဟုတ်ပါဘူး။

ပြတင်းပေါက်ကို
ပိတ်ထားသူရဲ့ စိတ်ကူး
အနံ့ဆိုးတွေဝင်မလာအောင်လို့တဲ့လား
လေပြေတွေသွေးနော့နေတာကိုရော
ခေါင်းလေးမော့လို့ ခံစားကြည့်စမ်း ပါ။
ကမ္ဘာကြီးကို ငြိမ်းချမ်းချင်တယ်ဆိုရင်
ကိုယ့်အတ္တကို
အရင်ငြိမ်းသတ် ကြည့်လိုက်ပါ။
မပူလောင်စေချင်တဲ့အရာမှန်သမျှ
မိမိကိုယ်ထဲ အေးချမ်းနေပါစေ။

ကဲ . . . အတွေးတွေကို
အနားသတ်လိုက်ပါ
ပြန်ပြောင်းငဲ့စောင်းကြည့်ခြင်းမှာ
ခြေရာတွေကိုဖတ်တတ်ဖို့ပဲလိုတယ်။

ခွန်အင်ကြင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071