Friday, June 27, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeCelebrities' Newsလူမှုကွန်ယက်သုံးစွဲခြင်း အသိပညာပေး ဇာတ်လမ်းတိုမှာ...

လူမှုကွန်ယက်သုံးစွဲခြင်း အသိပညာပေး ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ထားထက်ထက်

အလှမယ် ထားထက်ထက်က အခုလတ်တလောမှာတော့ အလှ ဓာတ်ပုံများ၊ ကြော်ငြာများ လက်ခံ ရိုက်ကူးပေးဖြစ်နေသလို ဇာတ်လမ်း တိုရိုက်ကူးရေး တစ်ခုမှာလည်း ပါဝင် သရုပ်ဆောင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတိုလေးက  ဖေ့စ်ဘုတ်စ် လူမှုကွန်ယက်သုံးစွဲခြင်း နဲ့ပတ်သက် ပြီးအသိပညာပေးထား တဲ့ဇာတ်လမ်းတိုလေးဖြစ်တယ်လို့ အလှမယ်ထားထက်ထက်ကဆိုပါ တယ်။

“အန်တီမြင့်မြင်ခင်တို့ ဆီက နေ MRTV Entertainment မှာပြသဖို့ အတွက်ပညာပေး ဇာတ်လမ်းတိုလေး ရိုက်ကူးထား တယ်။ ဒါရိုက်တာက ကိုမင်းတော်ဝင်။ပြီးတော့ ထားထက် နဲ့အတူ အန်တီ မြင့်မြင့်ခင် တို့ ကျောင်းက သင်တန်း သားတွေပါပါတယ်။ ထားထက် တို့ရိုက်တာကလူမှု ကွန်ယက်ကို ကောင်းစွာအသုံးချ သင့်ဖို့၊ မှားယွင်း စွာအသုံးမပြုဖို့အတွက် ဖေ့စ်ဘုတ် လူမှုကွန်ယက် ပညာပေး ဇာတ်လမ်း တိုလေး ရိုက်ကူးတာပါ။ ပြသမှာက တော့ MRTV Entertainment မှာ ပြသမှာဘယ်တော့ ပြသမလဲတော့ သေချာမသိသေးဘူး။ နာရီဝက်စာ ရိုက်ကူးထားတာပါ” လို့ ရိုက်ကူးထား တဲ့ ဇာတ်လမ်းတိုလေး နဲ့ပတ်သက်ပြီး ထားထက်ထက်က ပြောပါတယ်။

ဖေ့စ်ဘုတ်ကိုကောင်းစွာ အသုံး ချတတ်ရင် ကောင်းကျိုးရလဒ် တွေ များစွာရရှိနိုင်သလိုမှားယွင်းစွာ အသုံးချ မိရင်လည်း ရလဒ်ဆိုး တွေ ရရှိ နိုင်တယ်လို့ ပြောပြ လာတဲ့အလှ မယ်ထား ထက်ထက်ကသူမ အနေနဲ့ ဖေ့ဘုတ်လူမှု ကွန်ယက်ကိုဘယ်လို သုံးစွဲနေသလဲဆိုတာကို “ဖေ့စ်ဘုတ်က တစ်ခုခု ဆို ကောင်းတာတွေရော၊ မကောင်း တာတွေရော ထိရောက်မှုက တအား မြန်တယ်။ အချိန်ခဏလေး အတွင်း မှာ ဟိုးအပေါ်ကို ရောက် သွားနိုင် သလိုအောက်ကိုလည်း ထိုးကျသွား နိုင်တယ်။ အဲဒီလိုမျိုးဆို တော့ ထားထက်ကတော့များသော အားဖြင့် သတင်း အချက်အလက် တွေကို ဖတ် ဖြစ် တယ်။ သူငယ်ချင်း မိတ်ဆွေတွေ  ပရိသတ်တွေနဲ့ အမြဲထိတွေ့ အဆက် သွယ်လို့ရဖို့ အတွက်သုံးတာ ဖြစ်တော့ကောင်းကျိုးရလဒ်တွေ တော့ အများကြီးရပါတယ်။ ရှောင်ရှား ဖို့ကတော့ကိုယ့် Personal ကို တ အားထိခိုက်နိုင်တဲ့ အရာ မျိုးဆိုရင် တော့မတင်သင့်ဘူးပေါ့နော်။ ထား ထက် ဆိုလည်း အဲဒါမျိုး တွေအတွက် အသေးစိတ်လိုက်ပြီး တင်လေ့ မရှိဘူး။ အဓိကကတော့ ထားထက် ဖေ့စ်ဘုတ် သုံးတယ်ဆိုတာ ကိုယ့်ရဲ့ အနုပညာ လုပ်ရှားမှုလေး တွေနဲ့ အသိမိတ်ဆွေ တွေသူငယ်ချင်း တွေ နဲ့ အမြဲဆက် သွယ်မှုရရှိဖို့၊ ကိုယ့် ကို အားပေးတဲ့ ပရိသတ်တွေနဲ့ အမြဲထိ တွေ့ ဆက် ဆံနိုင်ဖို့ကို အဓိ ကထား ပြီးသုံးစွဲပါတယ်။ ဒီဖေ့ဘုတ်စ် ပေါ်ကနေ ကိုယ်လေ့လာရင် လေ့လာ သလောက် ကိုယ့်အတွက် အသိပညာ၊ ဗဟုသုတ တွေများစွာ ရရှိနိုင်ပါတယ်”လို့ အလှမယ် ထားထက်ထက်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071