Looking for something?

Explore the website

Looking for something?

Friday, June 27, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeCelebrities' Newsဒီနှစ်ထဲမှာ တစ်ကိုယ်တော် စီးရီးခွေထွက်ဖို့...

ဒီနှစ်ထဲမှာ တစ်ကိုယ်တော် စီးရီးခွေထွက်ဖို့ ကြိုးစားနေတဲ့ မေမြတ်နိုး

အလှမယ် တစ်ဦးဖြစ်တဲ့ မေမြတ်နိုးကတော့ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သူမကတော့ ခု လတ်တလောမှာ ဒါရိုက်တာဂျိုး ရိုက်ကူးတဲ့ “ဒိုင်ယာရီ” ရုပ်ရှင်ဇာတ်ကားမှာ နိုင်းနိုင်း၊ အောင်ရဲထွေးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ မင်းသားနှစ်လက်နဲ့အပြိုင် မင်းသမီး တစ်ယောက်တည်း အနေနဲ့  ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်တာကြောင့် သူမရဲ့ ရင်ခုန်မှုကိုလည်း ခုလို ပြောပြခဲ့ပါတယ်။ အလှမယ် တစ်ဦးဖြစ်တဲ့ မေမြတ်နိုးကတော့ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

” မြတ်နိုးက ဒါရိုက်တာဂျိုး ရိုက်ကူးမယ့် “ဒိုင်ယာရီ” ရုပ်ရှင် ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ မြတ်နိုးရဲ့ ကာရိုက်တာကတော့ ကျောင်းတက်ရင်း အလုပ်လုပ်နေတဲ့ ကောင်မလေး ပေါ့။ တအားအေးဆေးစွာ နေတတ်ပြီး အောင်မြင်မှုရရှိဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီကာရိုက်တာနဲ့ ပတ်သက်ပြီးလည်း မြတ်နိုး အဝတ်အစားပိုင်းတွေ မိတ်ကပ် ပိုင်းတွေ အများကြီး ပြင်ဆင်ထားပါတယ်။ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ကောင်မလေး တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ နေပုံထိုင်ပုံ တွေကို လည်း လေ့လာထားပါတယ်။ မင်းသားနှစ်လက်နဲ့အတူ မင်းသမီး တစ် လက်တည်းအနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် မြတ်နိုး အရမ်းစိတ်လှုပ်ရှားနေပါတယ်။ တအားလည်း ရင်ခုန်နေပါတယ်။ မြတ်နိုး ကတော့ အများကြီး ကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

သူမကတော့ အဆိုတော် တစ်ဦးအဖြစ် တစ်ကိုယ်တော် တေးစီးရီး ထွက်ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ တစ်ကိုယ်တော်တေးစီးရီးနဲ့ ပတ် သက်ပြီး ” တေးစီးရီး အခွေကတော့ လုပ်နေတာကတော့ သီချင်းတွေ အခုတီး နေပါတယ်။ တော်တော်များများ ပြီးသွားပါပြီ။ Mtv ရိုက်ပြီး တော့ Mtv အနေနဲ့ တစ်ခါတည်ထွက်ဖြစ် ဖို့လုပ်နေပါတယ်။ အဲဒီအခွေ မထွက်ခင်တော့ မြတ်နိုးပရိသတ်တွေအတွက်အွန်လိုင်းမှာ သီချင်းတစ်ပုဒ် (သို့) နှစ်ပုဒ်လောက်တော့ တင်ပေးသွားဖို့ရှိပါတယ်။ သီချင်းကတာ့ အားလုံး ၁၁ ပုဒ်လောက် ပါဝင်မှာပါ။ တေးရေးဆရာတွေကတော့ အဆိုတော်တွေများတာပေါ့နော်။ ဦးရွှေ ဂျော်ဂျော်၊ ဝေလျှံ၊ ဟဲလေး၊ သားသားတို့က ရေးစပ်ပေးထားပါတယ်။ သီချင်းတွေ အားလုံးက တော့ Pop ဆန်ဆန်လေးတွေပါ။ မြတ်နိုး ဒီတစ်ကိုယ်တော် အခွေ ကို ဒီနှစ်ထဲမှာ ထွက်ဖြစ်ဖို့တော့ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။ သူမကတော့ ကိုရီးယား နိုင်ငံမှာ ကျင်းပြုလုပ်မယ့် ပွဲတစ်ခုမှာ MC လုပ်ဖို့ ကမ်းလှမ်းခံထားရပြီး သူမနေနဲ့ သွားရောက်လုပ် ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071