Tuesday, June 24, 2025

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည်...

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင်...

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ...

ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံ...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ယခုနှစ် ရေကြီးရေလျံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်း ကမ်းဘေးမြေသားတာဘောင် ရေထိန်းနံရံ တည်ဆောက်မှုကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရာ၌ ချောင်းအတွင်း...
HomeCelebrities' Newsခုချိန်မှာ စီးပွားရေးကို ခဏချထားပြီး...

ခုချိန်မှာ စီးပွားရေးကို ခဏချထားပြီး အနုပညာကို ပြန်လည် တည်ဆောက်ရမယ့် အချိန်ရောက်သွားပြီ ဖြိုးငွေစိုး

သရုပ်ဆောင်ဖြိုးငွေစိုးက သူငယ်ချင်းတွေနဲ့အတူ ထုတ် လုပ်ရေးတစ်ခု တည်ထောင်ထားပြီး အဲဒီထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကား ၃ ကားရိုက်ကူးပြီးစီးထားပြီလို့ သိရပါ တယ်။ ပြီးစီးထားတဲ့ ဇာတ်ကားတွေကလည်း ပြသ ဖို့ရာ ရုံတန်းစီထားဆဲ ဟာသဇာတ်ကား ၂ ကားနဲ့ သရဲဇာတ်ကား ၁ကား ပါဝင်တယ် လို့ ဖြိုးငွေစိုးက ဆိုပါတယ်။ ဖြိုးငွေစိုး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားတွေရဲ့ ရုံတင်ပြသဖို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲ တစ်ချို့ကတော့ “အခက်အခဲတွေ ကတော့ နေရာတိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့တွေလည်း သေသေ ချာချာ ဆုံးဖြတ်နေတယ်။ ဆုံး ဖြတ်ရလည်း ခက်တယ်။ ရုံတင် ရင်ကောင်းမလား။ ဘာလုပ်ရ မှန်းကို မသိတာပါ။ နောက်ပြီး တခြားလမ်းကြောင်းလေးတွေက နေဝင်လာတာရှိတော့ ကျွန်တော် တို့လည်း စောင့်ကြည့်နေရတဲ့ အချိန်ပဲရှိသေးတယ်။ ရရင်ရတဲ့ အချိန်လေးကို ဖြတ်တင်တာမျိုး ကျွန်တော်မလုပ်ချင်ဘူး။

တအား ကြီးလည်း အရဲမစွန့်ရဲသေးဘူး။ ဒါကြောင့်ကြာနေတာပါ။ ထုတ် လုပ်ရေးဆိုတာကလည်း ကျွန်တော် က အဓိကမဟုတ်ဘူး။ သူငယ်ချင်းတွေ က လုပ်ချင်တာကြောင့်ကိုယ်ကဒီလောက ထဲကဆိုတော့ ကူညီပေးတယ်။ ငွေ ကြေးထက် လူအင်အားနဲ့ ပိုပြီးလုပ်တယ်။ ပြီးမှ အကျိုးအမြတ် ပြန်ခွဲကြတယ်ပေါ့။ ရုံစောင့်နေတဲ့ ဇာတ်ကားလေးတွေမှာ လည်း ကျွန်တော်ရယ်၊ ကိုအရိုင်းရယ်၊ ကိုကျော်ထူးတို့ရယ်နဲ့ ဟာသဇာတ်ကားလေး၊ နောက်တစ်ကားက သရဲဇာတ်ကား ပါ”လို့ ဖြိုးငွေစိုးက ပြောပြပါတယ်။

  လတ်တလောမှာတော့ ဖြိုးငွေစိုးက ဒါရိုက်တာ ပြည် ဟိန်းသီဟ ရိုက်ကူးတဲ့ ‘မင်းဘာကောင်လဲ၊ ငါ ဘာကောင်လဲ၊ ဘယ်သူဘာကောင်လဲ’ဇာတ်ကားကို ဘားအံမှာရိုက်ကူး လျက်ရှိပြီး ‘ဂယက်တွေပါဟယ်’ ဇာတ်ကားမှာလည်း ပန်းဖြူ၊ စမိုင်း၊ ခိုင်သင်းကြည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူး မယ်လို့ သိရပါတယ်။  လက်ရှိမှာတော့ အနုပညာရှင် တော်တော်များများက ရုပ်ရှင်ရိုက်ကူးမှုတွေ များပြားပြီး ဗီဒီယိုရိုက်ကူးမှုတွေ အလွန် ကြဲပါးနေတာကို တွေ့ရပါတယ်။ ထွက်ရှိထားတဲ့ ဗီဒီယို ဇာတ် ကားအချို့မှာလည်း ငွေကြေးရာဂဏန်းပဲ ဝယ်ယူရရှိနိုင်တဲ့ အပေါ် ဖြိုးငွေစိုးရဲ့အမြင်က “ကျွန်တော်တို့ဇာတ်ကားတွေ ရိုက်ကူးတုန်းက ထိုက်သင့်တဲ့ အခကြေးငွေယူပြီးသားပါ။ ရိုက်ပြီးနောက်ပိုင်းမှ ကျွန်တော်တို့သိပ်ပြီး ပြောပိုင်ခွင့်မရှိပါ ဘူး။

သရုပ်ဆောင်သည် သရုပ်ဆောင်သပ်သပ်လုပ်ရင် အကောင်း ဆုံးပါ။ ကျွန်တော်တို့ဆီမှာက ဘာလုပ်လုပ်စီးပွးရေး တွဲလုပ် ကြတယ်။ စီးပွားရေးလို့ မြင်တယ်။ စဉ်းစားတယ်။ ကျွန်တော် တို့ အပါအဝင် မအောင်မြင်ခင်သာ အနုပညာအလုပ်တွေလုပ် ချင်ပြောတယ်။ အောင်မြင်ပြီး ဗီဒီယိုလောကထဲမှာ ဝင်ငွေစရ လာတော့ စီးပွားရေးတစ်ခုလို လုပ်ကြတယ်။ ပျက်ခါမှသာ ထအော်တယ်။ မပျက်ခင်အချိန်အထိ ကိုယ်ပိုက်ဆံရရေး တစ်ခု ကိုပဲ လုပ်ခဲ့ကြတယ်။ အနုပညာဆိုတာ စကားလုံးတွေပဲ ကပ် ကပ်ပါလာတယ်။ အခုချိန်မှာ အဲဒီစီးပွားရေးဆိုတာPlan ချ ထားပြီး အနုပညာကို တကယ့်ကို စိတ်ပါလက်ပါ လုပ်လိုက်ရ တော့မယ့် အချိန်ဖြစ်သွားတယ်။ ပြန်တည်ဆောက်ကြရမယ် ပေါ့။ တကယ်လို့ ကိုယ့်ကို ဇာတ်ကားရိုက်ကူးဖို့ လာကမ်းလှမ်း ရင် ဒီ Quality မရရင် မရိုက်ဘူးလို့ ကျွန်တော်မပြောဘူး။ တခြားလူတွေလည်း ပြောဖို့ တော်တော် စဉ်းစားရလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ ကိုယ်လုပ်နိုင်တာလေးကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲ အင်အားရှိပါတော့တယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071