Saturday, January 31, 2026

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...
HomeCelebrities' Newsရုပ်ရှင်လောကကြီးကို စည်းစည်းလုံးလုံး ရှိဖို့ထက်...

ရုပ်ရှင်လောကကြီးကို စည်းစည်းလုံးလုံး ရှိဖို့ထက် ကိုယ့်အမှုဆောင်အချင်းချင်း စည်းလုံးဖို့ အရင်တည်ဆောက် ရမှာဖြစ်ကြောင်း ဥက္ကဋ္ဌသစ် ဦးဇင်ဝိုင်းအား လူမင်းပြော

“ကျေနပ်ပါတယ်။ဘာလို့လဲဆိုတော့ လောကသားတွေကိုယ်တိုင်ကတက်တက် ကြွကြွ နဲ့မဲပေးပြီး ရွေးချယ်ခဲ့ကြတာဆိုတော့ အစ်ကို့အနေနဲ့ ဘာမှစောဒကတက် ပြီးပြောစ ရာမရှိပါဘူး။ ကိုဌေး (ဦးဇင်ဝိုင်း) ကတော့ သူ့အသက်အရွယ်၊ သူ့အတွေ့အကြုံနဲ့ကတော့ သူကောင်းကောင်းဦးဆောင်နိုင်ပါတယ်။ ပြောမယ်ဆိုရင်တော့ လုပ်စရာတွေ ကတော့ အများကြီးပါပဲ။ အစ်ကို့လက်ထဲမှာလည်း မလုပ်နိုင်ခဲ့တဲ့ အရာတွေ အများကြီး ပဲဆိုတော့ ဖြည်းဖြည်းချင်း တော့ လုပ်ရလိမ့်မယ် ထင်တယ်” လို့ မကြာခင်က ရွေးချယ်ခဲ့ တဲ့ရုပ်ရှင် အစည်းအရုံးအမှုဆောင်သစ်ဥက္ကဋ္ဌ ဦဇင်ဝိုင်းနဲ့ပတ်သက်ပြီးသူ့ရဲ့ အမြင်ကိုဦး လူမင်း ကပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်သစ်တာဝန်လွှဲ ပြောင်းပေးအပ်မှာကတော့ အောက်တိုဘာလ ပထမအပတ်မှာပေးအပ်ပေး သွားဖြစ်ကြောင်းသိရပါတယ်။ “ဒီလကုန်ပြီး ပထမပတ်မှာ အပ်မယ်။ ဘာကြောင့်လဲဆိုတော့ အစ်ကိုက ဒီလကုန်တဲ့အထိ ငွေစာရင်းတွေရော၊ စာရင်းဇယားတွေရော၊ စာရင်းစစ်အဖွဲ့ကိုဝင်ခိုင်းပြီးတော့ တိတိကျစစ်ဆေးပြီးတော့အဲဒီစာရင်း ဇယားတွေကို အစ်ကိုက တိတိကျကျ လွှဲအပ်ချင်လို့ပါ။ လကုန်မှ ဝန်ထမ်းလစာတွေ ပေးစရာတွေရှိတဲ့ ငွေကြေးစာရင်း တွေက တစ်ဖြတ်ပေါ့နော်။ အတိကျ စာရင်းစစ်ကိုဝင်ခိုင်းပြီးမှ အဲဒီစာရင်း ထွက်လာတော့မှ အစ်ကိုကတိတိကျကျ အပ်ချင်လို့ပါ” လို့ ပြောပြပါ တယ်။

 ဥက္ကဋ္ဌရာထူးကိုလွှဲပြောင်းပေးအပ်ရတော့မှာ ဖြစ်တဲ့အတွက် ဦးလူမင်း အနေနဲ့ထူးထူးခြားခြားခံစားမိတာရှိ လားဆိုတာကိုတော့ ” ဒီအစည်း အရုံးကြီးလည်း လိုအပ်လို့ရှိရင်အစ်ကိုကဝိုင်းဝန်း ပံ့ပိုးပေးသွားဦးမှာ ပဲဆိုတော့ အစ်ကို့မှာနှုတ်ဆက်တဲ့ခံစားချက်တော့မ ရှိဘူး။ ဥက္ကဋ္ဌသစ်ကို ကျတော့ လောကကြီးကို ဦးဆောင်မယ့် အဖွဲ့စည်း တစ်ရပ်အနေနဲ့ပေါ့နော်။ လောကကြီးကို စည်းစည်းလုံးလုံးရှိဖို့ထက် ကိုယ့် အမှုဆောင်အချင်းချင်းစည်း လုံးဖို့အရင်တည်ဆောက်ဖို့လိုအပ်မယ်လို့ ပြောချင် ပါတယ်။ ဖိစီးမှုတွေ လျော့ သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့အစ်ကိုသည် ပင်သံယောဇဉ်တော့တကယ်ရှိပါတယ်။ လိုအပ်တဲ့အပိုင်းတွေမှာ အစ်ကိုဆက်ပြီး တော့လုပ်ဆောင်ပေးသွားဦးမှာပါ” လို့ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071