ACID အဖွဲ့က သူတို့အဖွဲ့ရဲ့ Logo နဲ့ တီရှပ်များကို ထုတ်ဝေသွားတော့မယ်လို့ သိရပါတယ်။ ဒီတီရှပ်ထုတ်မယ့် အစီအစဉ်ကိုတော့ လောလောဆယ်မှာ Limited Edition အနေနဲ့ ထုတ်ဝေသွားမယ် လို့ သိရပါတယ်။
” လောလောဆယ်တော့ Limited အနေနဲ့ ထုတ်သွားမယ်။ချမ်းငြိမ်းကိုရဲ့ Stable Edge နဲ့ ပူးပေါင်းပြီး ဒါကိုလုပ်ဖြစ်တာပါ။ အင်္ကျီဒီဇိုင်း ၃ မျိုးနဲ့ ဦးထုပ်တွေ ထုတ်သွားမှာပါ။ ဒီဇိုင်းတွေကတော့ အားလုံးရဲ့အကြိုက်ကို ညှိနှိုင်းပြီးထုတ်တာပါ။ ဒါလေးကို လုပ်ဖြစ်တာက ချမ်းငြိမ်းကိုက အကြံပေးတာ။ သူတို့ငယ်ငယ်ကတည်းက သဘောကျခဲ့တဲ့ ဒီဟာလေးကို အခုနောက်ပိုင်း သူလည်း အင်္ကျီတွေထုတ်လုပ်နေတော့ အတူတူပူးပေါင်းပြီး လုပ်ဖြစ်ဖို့ ဖြစ်လာတာ။ ပြည်ပမှာလည်း ဒီလိုပဲပေါ့။ Brand တွေ ပေါင်းစုပြီး လုပ်ကြတာ။ အခုချမ်းငြိမ်းကိုရဲ့ Stable Edge Brand နဲ့ ကျွန်တော်တို့နဲ့ ပေါင်းစုပြီး လုပ်ဖြစ်တာပေါ့” လို့ အင်္ကျီထုတ်မယ့်အကြောင်းကို ACID အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရန်ရန်ချန်းက ပြောပါတယ်။ ACID အဖွဲ့ရဲ့ Logo အင်္ကျီကိုတော့ လောလောဆယ်မှာ Genius ဆိုင်ခွဲတိုင်းမှာ နိုဝင်ဘာလဆန်းက စတင်ရရှိနိုင်ပြီလို့ သိရပါတယ်။ ACID အဖွဲ့ရဲ့ A ပုံစံ Logo က လွန်ခဲ့တဲ့ ၁၅နှစ်ဝန်းကျင်ကတည်းက လူငယ်တွေကြား အထူးရေပန်းစားခဲ့ပြီး ဂီတသစ်တစ်ခုရဲ့အမှတ်တရ Logo တစ်ခုလည်း ဖြစ်ပါတယ်။
ရဲရဲ