Thursday, June 26, 2025

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ...

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...
HomeNewsLocal Newsရန်ကုန်တိုင်း ဒေသကြီးရှိ ...

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅မြို့နယ်တွင် ဝင်ကြေး အခမဲ့ဖြင့် အငြိမ့်ပွဲများ ပြုလုပ်သွားမည်

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ၏လမ်းညွှန်မှုဖြင့် မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲ ဆုရအငြိမ့်အဖွဲ့ များ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အ တွင်းမှာ ရှိတဲ့မြို့နယ်ပေါင်း ၄၅မြို့ နယ်မှာ ဖျော်ဖြေပွဲများ ပြုလုပ်သွား မှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ တောင်ဒဂုံမြိုနယ်တွင် သွားရောက် ကပြကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အ နေနဲ့ ဒီလိုအငြိမ့်ပွဲတွေ စီစဉ်ရ ခြင်းကလည်း ပြည်သူတွေရဲ့ ဘဝ အမောတွေ ကိုပြေပျောက်စေဖို့ အ တွက်ကို အဓိက ရည်ရွယ်ပြုလုပ် ရ ခြင်းဖြစ်ပြီး ကိုးကိုးကျွန်း အထိသွား ရောက် ဖျော်ဖြေပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အငြိမ့်ပွဲများကို သီတင်း ကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ကာ လများအတွင်း ပြုလုပ် သွားမှာဖြစ်ပြီး ဝင်ကြေးအခမဲ့ အနေနဲ့ ပြုလုပ်သွား မှာလည်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ၏လမ်းညွှန်မှုဖြင့် မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲ ဆုရအငြိမ့်အဖွဲ့ များ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အ တွင်းမှာ ရှိတဲ့မြို့နယ်ပေါင်း ၄၅မြို့ နယ်မှာ ဖျော်ဖြေပွဲများ ပြုလုပ်သွား မှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ တောင်ဒဂုံမြိုနယ်တွင် သွားရောက် ကပြကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အ နေနဲ့ ဒီလိုအငြိမ့်ပွဲတွေ စီစဉ်ရ ခြင်းကလည်း ပြည်သူတွေရဲ့ ဘဝ အမောတွေ ကိုပြေပျောက်စေဖို့ အ တွက်ကို အဓိက ရည်ရွယ်ပြုလုပ် ရ ခြင်းဖြစ်ပြီး ကိုးကိုးကျွန်း အထိသွား ရောက် ဖျော်ဖြေပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အငြိမ့်ပွဲများ ကို အစစအရာရာ ကြီးကြပ်သွားမယ့် ဇာဂနာက ဖျော်ဖြေပွဲများနဲ့ပတ် သက်ပြီး … “၁၉၈၈ ခုနှစ်မတိုင်ခင်က ကျွန် တော်ကိုယ်တိုင် ဒီပန်းဆိုးတန်း လမ်းမကြီးကို ပိတ်ပြီး အငြိမ့်ကခဲ့ရပါ တယ်။ အခု အဲဒီ့အငြိမ့် ပွဲတွေပျောက် သွား ပြီ။ အခု ပြန်ပေါ်လာပါတော့ မယ်။ အခု သီတင်းကျွတ် ကစပြီး ပြန်ပေါ်ပါပြီ။ အဲဒီအတွက်က လူ ငယ်တွေရဲ့ တာဝန်ပါ။ အငြိမ့် ထွန်း ကားဖို့က သူတို့တာဝန်ပါ။ စီစဉ် တာက ကျွန်တော်တို့ ဖြစ်ပါတယ်။ရန် ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို လည်း ကျေးဇူးတင်ပါတယ်။ ၄၅မြို့ နယ် လုံးလုံးက ကျင်းပခွင့်ရတဲ့ အတွက်လည်း ပျော်ပါတယ်။ ပရိ သတ်တွေ အားလုံးလည်း အငြိမ့်ပွဲ တွေကို လာရောက် အားပေးပေးကြ ပါ။ သူတို့ အားမပေးရင် ဒီကလေး တွေ ကပြရတာ အားမရှိဘူး ဖြစ်သွား နိုင်ပါတယ်” လို့ပြောပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ လှည့်လည် ကပြရမယ့်အငြိမ့် အဖွဲ့ ထဲမှတစ်ဖွဲ့ အပါအဝင်ဖြစ်တဲ့ ခေတ် သစ်ကြေးမုံ အဖွဲ့မှကိုလူမော်က လည်း… “ကျွန်တော်တို့ ခေါင်းပေါ်ကို တာဝန် ပိုပြီးရှိသွားပါပြီ။ ဘာ ကြောင့် လည်း ဆိုတော့ အငြိမ့်ချစ်တဲ့ ဆရာ တွေက အငြိမ့် တာဝန်တွေကို ကျွန်တော်တို့ကို ပေးလိုက်တာ ဖြစ်တဲ့အတွက်ကြောင့် တာဝန်ယူရဲရမှာ ဖြစ်ပါတယ်။ တာဝန်ယူရဲမှလည်း ဒီမိုကရေစီပွဲရဲ့ ကျေးဇူးကို ဆပ်ရာ ကျမှာပါ။ ဘယ်နေရာ ဘယ်မြို့ကိုပဲ ကက ဆရာတွေ အားလုံးရဲ့မျက်နှာကို မပျက်စေရပါဘူး” လို့ ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071