ဝေလ ရဲ့ ကုတင်အမှတ် ၁၈

0
698

wai-la-copy

တတိယစီးရီး ‘အဓိပတိဖွား’ ကို မေလအတွင်းက ထွက်ရှိခဲ့တဲ့ ဝေလက အခု အောက်တိုဘာလအတွင်း မှာတော့ EP Album တစ် ချပ်ကိုစီစဉ်လိုက်ပြီဖြစ်ပါ တယ်။ ဒီEPမှာတော့ သီချင်းသုံးပုဒ်ပါဝင်မှာ ဖြစ် ပြီး နိုဝင်ဘာလ၃ရက်နေ့မှာ ကျရောက်မယ့် ဝေလရဲ့ မွေးနေ့ အမှတ်တရအဖြစ် ထွက်ရှိတာ လို့သိရပါတယ်။ ‘အဓိပတိဖွား’ ထွက်ရှိပြီးမကြာခင်မှာ ဒီစီးရီးကို ထပ်မံစီစဉ် တာကြောင့် ဝေလရဲ့ စိတ်ကူးကိုမေးတော့…

“အဓိကကတော့ ကျွန်တော့်မွေးနေ့အမှတ်တရအနေနဲ့ပါ။ ပြီး တော့ ဒီထဲက သီချင်းအကြောင်းအရာကို ပရိသတ်တွေကိုပေးချင် တဲ့အတွက်ပါ။ တစ်ပုဒ်စီတိုင်းမှာ မတူတဲ့ အကြောင်းအရာရသလေးတွေ ပါဝင်ပါတယ်။ အဲဒါ လေးတွေကို ပရိသတ်အတွက် ပေးချင် တာပါ” လို့ ပြောပါတယ်။ ဝေလက ဒီတစ်ခေါက်  EP Album မှာတော့ ဆေး၊ လမ်းဘေးမှာရှိသည်၊ ကုတင်အမှတ် ၁၈ စတဲ့ သီချင်း သုံးပုဒ်ကို ထည့်သွင်းထားပြီး ဒဿနဆန်တဲ့သီချင်းတွေ ပဲဖြစ်ပါတယ်။

“ဆေးမှာဆိုရင် အသည်းကွဲတဲ့ လူတစ်ယောက် အတွက် ဖြေဆေးပါ။ အသည်းကွဲတိုင်း အရက်သောက် တာမ ဟုတ်ဘဲ တခြားေ ကာင်းတဲ့အရာတွေ လုပ်ဖို့ အများကြီးရှိတယ်ဆိုတဲ့အကြောင်းလေးပါ။ လမ်း ဘေးမှာရှိသည်ကတော့ ရေအိုးစင်တစ်ခုရဲ့အကြောင်း ကို ရေးထားတာပါ။ ကုတင်အမှတ် ၁၈ကတော့ လူမိုက် တစ်ယောက်သေခါနီးမှာ နောင်တရတဲ့ အကြောင်းပါ။ အဲဒီလို အကြောင်းအရာ   တွေကို တစ်စုတစ်စည်းတည်း ကျစ်ကျစ် လျစ်လျစ်နဲ့ ပုံစံမတူတဲ့ သီချင်းသုံး ပုဒ်ကိုချပြလိုက်တဲ့ သဘောပါ။ ဒါလေး တွေ နားထောင်ပြီး ပရိသတ်တွေ တစ်ခုခုရခဲ့မယ်ဆိုရင် ကျေနပ်ပါ တယ်။  ကျွန်တော်လောလောဆယ်မှာ ရေးချင်နေတဲ့အကြောင်းအရာ လေးတွေကို ပရိသတ်ကို အမှတ် တရအနေနဲ့ ပေးတဲ့သဘောပါ” လို့ ဝေလကပြောပါတယ်။ ဝေလရဲ့ ကုတင်အမှတ် ၁၈ EP Album  ကိုတော့   နိုဝင်ဘာလ၃ရက်နေ့ မှာ စတင်ထွက်ရှိမှာဖြစ်တယ် လို့လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here