ရိုးရာ

0
176

ပင်ပန်းရင်
ပန်းပင်ကိုကြည့်
နှလုံးငြိမ်လျက်
ဝင်သက် ထွက်သက်တွေမှန်
ဘဝဆန်တဲ့ ရှင်သန်မှု။

ပန်းပင်ဆိုတာ
ပင်ပန်းတာပါကွာလို့
ပန်း မစိုက်သူရဲ့စကား
တရားလိုလို
နားခါးသူက ခါး
ခံစားမှုချင်း မတူတော့
အယူတွေကွဲပြား
ပန်းလေးကတော့
မော့မော့စွင့် ပွင့်မြဲ။

မင်းဝေနိုင် (ဟင်္သာတ)


LEAVE A REPLY

Please enter your comment!
Please enter your name here