ကုလားအုပ် ပုံပြင်သစ်

0
272

ခေါင်းလေးတစ်ခု၊ ဝင်ခွင့်ပြုပါ
ဥတုရာသီ ဆိုးသော်ကြောင့်။

လက်၊ ခြေထောက်လေး၊ ဝင်ခွင့်ပေးပါ
အအေးဒဏ်တွေ ကြမ်းသော်ကြောင့်။

ခန္ဓာကိုယ်မျှ ဝင်ခွင့်ရလို့
ဒုက္ခများစွာ တွေ့သော်ကြောင့်။

ဤအိမ်ထဲမှာ အလွန်ကြပ်ပါ၏
နေရာအနည်းငယ်၊ တိုးရွှေ့ဖယ်ပါ
ကယ်ဆယ်ရာရောက်၊ ရှေ့ရှုထောက်ပြီး
နောက်သို့ထပ်ခါ ဆုတ်ပေးပါ။

ငါ၏ခန္ဓာ၊ အလွန်ကြီးပါ၍
နေရာကျဉ်းကြပ်၊ မလွတ်လပ်ပါ
မတ်တတ်ချည်းထ၊ အိပ်မရပါ
ခြေကကားယား၊ လက်ကားယားနှင့်
နှာခေါင်းကကြီး၊ နားရွက်ကြီးနှင့်
နှုတ်သီးကရှည်၊ မွှေးမျှင်ရှည်နှင့်
ဤခန္ဓာကောင်၊ အနေချောင်ဖို့
အမောင် အဝေးထွက်ပေးပါ။

ဤသည့်နေရာ၊ င့ါဂေဟာတည်း
ဤမှာအရပ်၊ ငါ့မျိုးဇာတ်တို့
မပြတ်အရှည်၊ နေခဲ့သည်ကြောင့်
ဤသည့်ဒေသ၊ ငါပိုင်သ၏
သွားကြအမြန်၊ သည်းမခံတော့
ခြေကန်မောင်းနှင်၊ သို့ဖြစ်အင်ကြောင့်
ပြင်ဆင်အထုပ်ဆွဲ၊ မျက်နှာမွဲနှင့်
လည်ရွဲမျက်ရည်၊ ဖြေမဆည်နှင့်
ဘယ်ဆီဘယ်တွင်၊ ခရီးနှင်မည်
အိမ်ရှင် ဧည့်သည် ဖြစ်ခဲ့တကား။

ဝေမိုး (ကျွန်းလှ)


LEAVE A REPLY

Please enter your comment!
Please enter your name here