Wednesday, December 17, 2025

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...
HomeCelebrities' Newsရခိုင်အရေးနဲ့ ပတ်သက်ပြီးေ...

ရခိုင်အရေးနဲ့ ပတ်သက်ပြီးေ ဖြ ရှ င်း လို က် တဲ့ မင်းသွေး

 Min-Thawe

လတ်တလောမှာတော့ သရုပ်ဆောင်မင်းသွေးရဲ့ လူမှုကွန်ရက် စာမျက်နှာ အကောင့်နာမည်နဲ့ ရခိုင် ဒေသမှာ ဖြစ်ပွားတဲ့ ပြဿနာ တချို့နဲ့ ပတ်သက်ပြီး ပရိသတ် တွေ အထင်အမြင်လွဲမှားဖွယ် Post ကို တွေ့ခဲ့ရပါတယ်။ အမှန်မှာ မင်းသွေး ကိုယ်တိုင် ရေးသားခြင်းမျိုး မဟုတ်ဘဲ Photoshop နဲ့ ပြုလုပ်ထားခြင်းဖြစ်တယ်လို့ မင်းသွေးက ဆိုပါတယ်။ ပရိသတ်တွေအကြား အထင်အမြင် လွဲမှားခဲ့ရတဲ့ အကြောင်းအရာတွေ အတွက် မင်းသွေးရဲ့ ရှင်းပြချက်ကတော့ …

“ဒီလိုဖြစ်ခဲ့တာက ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်ရဲ့ ပရိသတ် တွေက Link တွေ လာပေးကြမှသိရတယ်။ ပထမတော့ ဒီကိစ္စကို မဖြေရှင်း တော့ဘူးလို့ပဲနေတယ်။ နောက်ပိုင်း ကျတော့ ဒီကိစ္စကို တကယ်လို့ထင်ကြမှာစိုးလို့ ဖြေရှင်းလိုက်တာပါ။ အဓိကကတော့ Photoshop နဲ့ လုပ် တာလို့ပဲ ကျွန်တော်ထင်မြင်ယူဆပါတယ်။ ဓာတ်ပုံနှစ်ပုံကို ဖြတ်၊ ညှပ်၊ ကပ် လုပ်ဖို့က တအားလွယ်တယ်လေ။ ထောက်ပြမယ်ဆိုရင်တော့ ထောက်ပြစရာအများကြီးပါ။ တချို့ကလည်း နစ်နာပါစေဆိုပြီး ပြော သလို၊ မသိလို့ပြောကြသူတွေလည်း ရှိပါတယ်။ ၅မိနစ်နဲ့ ဖျက်သွားတယ် လို့လည်း ပြောကြတယ်။ တကယ်ဆို ကျွန်တော့် Account ထဲမှာ ၂ ထောင်၊ ၃ထောင် လောက်ရှိတယ်။ ဒါပေမဲ့ အဲဒီ Post မှာက Link 21 ပဲရှိတယ်။ နောက်တစ်ချက်က သူတို့ Photoshop လုပ်တာ နည်းနည်းလိုသွားတဲ့တစ်ချက်ပါ။ ပုံမှာမင်းသွေးဆိုတဲ့ နာမည်ကို ကြည့်ရင် အပြာရောင်ကြီးဖြစ်နေတယ်။ Screenshot ရိုက်ရင် နာမည်ကအမည်းပဲ ဖြစ်ရမှာပါ။ အဲဒီအချက်လေး တွေလိုပါ တယ်။ ဒါကြောင့်ဒီကိစ္စကြီးက တကယ်လား၊ အမှားလားဆိုတာကို အချိန်ကပဲ ဆုံးဖြတ်ပေးမှာပါ။ ဒါဟာအကောင့်အတုလည်း ဖြစ်နိုင်သလို၊ Photoshop လည်း ဖြစ်နိုင်ပါတယ်”လို့ ပြောပါ တယ်။

မင်းသွေးအနေနဲ့ သူကိုယ်တိုင် က အနုပညာရှင်တစ် ယောက် ဖြစ်တာကြောင့် ဝေဖန်မှုတွေ အမြဲရှိနေဆဲပဲလို့ ဆိုပါတယ်။ ကိုယ်တိုင်က ရခိုင် လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် ရခိုင်ဒေသအတွက်လည်း တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်နေတဲ့ မင်းသွေးက …

အမှန်အတိုင်းပြောရရင် မြန်မာနိုင်ငံက အနုပညာရှင် တစ် ယောက်ဖြစ်လာရင် ကြိတ်ခံ၊ မှိတ်ခံနေရတယ်။ ပြန်ပြောလို့ရှိရင်လည်း ရိုင်းတယ်လို့ အပြောခံရတယ်။ ပြန်မ ပြောရင်လည်း သတင်းအမှားကို ဖွတဲ့သူက ဖွတယ်။ ကျွန်တော့်အနေနဲ့ ပြန်ဖြေရှင်းလည်းရတယ်။ မဖြေရှင်းလည်း တစ်ပတ်ပဲဆိုပြီး ထားလိုက်တာပါ။ အခုလည်းကျွန်တော့် အနေနဲ့ ရခိုင်အတွက် တတ်နိုင်သလောက်လေး ဝိုင်းကူညီ ဖို့ရှိပါတယ်။ ကျွန်တော်အရင်က လုပ်လေ့ လုပ်ထ ရှိသလိုပဲ Social Network မှာပဲ သိပ်မတင်တာပါ။ မြန်မာပြည်ထဲမှာ နေတဲ့ တိုင်းရင်းသားတွေထဲက တိုင်းရင်းသား တစ်စုဖြစ်တဲ့အ တွက် ကူညီပေးကြပါ။ ကျွန်တော်ရခိုင်လူမျိုး တစ်ယောက်အနေနဲ့ တောင်းဆိုပါတယ်။ တတ်နိုင်သလောက်လေး ကူညီပေးကြပါ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ကလည်း တတ်နိုင်သလောက် ကူညီနေပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071