Friday, June 27, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeCelebrities' Newsသားဖြစ်သူကို အေးချမ်းစေချင်တာကြောင့် သာသနာ့ဘောင်...

သားဖြစ်သူကို အေးချမ်းစေချင်တာကြောင့် သာသနာ့ဘောင် ဝင်စေချင်တဲ့ မယ်လိုဒီ

MIN_8530

သရုပ်ဆောင် မယ်လိုဒီကတော့ တစ်ချိန်က သူမကို မုန်းတဲ့သူတွေရဲ့ စကားသံကို နားထောင်ပြီး အနု ပညာအလုပ်ကို ဆက်မလုပ်ဘဲ နားခဲ့တယ်လို့ သိရပါ တယ်။ ဒါပေမဲ့ အခု အချိန်မှာ သူမကိုဝေဖန်သူတွေ ကို စိတ်မဝင်စားတော့ဘဲ အနုပညာအလုပ်ကို ဆက်လုပ်နေ တာဖြစ်ပြီး သားဖြစ်သူ သိဒ္ဓိစစ်ကို ဝေဖန်ခံရတာကို လည်း အခုလိုပြောပြပါတယ်။

အစ်မကတော့ ဒါနဲ့ပတ်သက် ပြီးတော့ စိတ်ထဲ သိပ်မထားပါဘူး။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့ နော်။ အစ်မတုန်းက ကိုယ့်ကိုချစ်တဲ့ သူရှိတယ်။ မုန်းတဲ့ သူလည်း ရှိတယ်။ မုန်းတဲ့လူတွေရဲ့ အသံကိုပဲ နား ထောင်ပြီးတော့ အစ်မဇာတ်ကားရိုက် တွေ နားလိုက် တာလေ။ ရုပ်ရှင်အလုပ်ကို ဆက်မလုပ်ဘဲ နားလိုက်တာ။   သားမှာတော့ အစ်မအဲဒီလို အဖြစ်မခံပါဘူး။ အစ်မ ကိုယ်ဝန်နဲ့တုန်းက ဘယ်လောက် ပက်ပက်စက်စက် ပြောခဲ့လဲဆိုတော့ ဒီကလေးက မွေးလာရင် မုဒိန်းကောင် ဖြစ်မှာလို့ အပြောခံခဲ့ရတယ်။ အစ်မက ဒါနဲ့ပတ်သက်ပြီး ဒါက မိခင်တစ်ယောက်ရဲ့ ပြုစုပျိုးထောင်ပုံ ကွာသလို ကလေးရဲ့ အတိတ်ကုသိုလ်ကံက ပါလာပြီးသားပါ။ အဲဒီလူတွေ ပြောတိုင်းသာ ဖြစ်ရမယ်ဆိုရင် ဘယ်လွယ် မလဲ။ အခုသားကို ချစ်တဲ့သူတွေကများတယ်။ ကလေး ဆိုတော့ ဖြူစင်တယ်။ ရိုးသားတယ်။ သူ့ကိုချစ်တဲ့ သူတွေရဲ့ အသံကိုပဲ နားထောင်တယ်။ တချို့ အစ်မကို မုန်းလို့ပြောရင်တောင် ပြောလိမ့်မယ်။ သားကိုမွေးပြီးတဲ့ အချိန်မှာ သားကိုမုန်းတယ်လို့ ဘယ်သူ့ဆီကမှ မကြား ရဘူး။ အစ်မကတော့ သူ့ကို လူကောင်းသူကောင်း ဖြစ်ဖို့ပဲ မျှော်လင့်ထားပါတယ်။ ပြီးတော့ အစ်မသူ့ကို ဖြစ်စေချင်တာကတော့ သာသနာ့ဘောင်မှာပဲ အေး အေးချမ်းချမ်းနေစေချင်တယ်။ ဒါပေမဲ့ အစ်မသူဖြစ် ချင်တာကိုပဲ ပံ့ပိုးပေးမှာပါ။ ဘာကြောင့် သာသနာ့ ဘောင်မှာ နေစေချင်လဲဆိုတော့ သူ့ကို အေးချမ်းစေချင် တယ်။ ပြီးတော့ သူ့ပတ်ဝန်းကျင်ကိုလည်း အေးချမ်းစေ ချင်တယ်” လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးနဲ့ တိုက်နေလို့ ဗီဒီယိုဇာတ် ကားတွေ မရိုက်ကူးဖြစ်တဲ့ သရုပ်ဆောင် မယ်လိုဒီက ကာရိုက်တာ ရွေးချယ်မှုတွေ မပြုလုပ်ဖြစ်ဘူးဆိုတဲ့ အ ကြောင်းကို…

“အစ်မအနေနဲ့ ဗီဒီယို ရိုက်စရာတွေတော့ မရှိဘူး။ မရှိဘူးဆိုတာက အစ်မကိုမခေါ်တော့ မရိုက်ဖြစ် ပါဘူး။ လာခေါ်တဲ့ အချိန်ကျတော့ ရုပ်ရှင်ဇာတ် ကားတွေနဲ့ တိုက်နေလို့ မရိုက်ဖြစ်ပါဘူး။ ကာ ရိုက်တာကိုတော့ ကိုယ့်ကိုလာပေးတဲ့ ကာရိုက် တာအပေါ်မှာ အကောင်းဆုံး ကြိုးစား သရုပ် ဆောင်မယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ လာ ခေါ်သူတွေကလည်း အစ်မနဲ့ လိုက်ဖက် မယ့် ကာရိုက်တာမျိုးတွေပဲဆိုတော့ ကာ ရိုက်တာ ရွေးချယ်စရာ မလိုပါဘူး” လို့ ဆိုပါတယ်။

အခု လတ်တလောမှာ သရုပ်ဆောင် မယ်လိုဒီ က ‘ဂန္တဝင်အငြိုး’ ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူး နေတာဖြစ်ပြီး ကြော်ငြာ တွေလည်းရိုက်ကူးဖို့ရှိ တယ်လို့ သိရပါတယ်။ စက်တင်ဘာလထဲမှာ မွေးနေ့အနေနဲ့ မန္တလေး၊ မေမြို့သွားဖို့ရှိပါတယ်။ မွေးနေ့ အလှူကိုလည်း မေမြို့မှာပဲ ဆရာတော်ဘုရား ကြီးတွေကို ဆွမ်းကပ်အလှူပြုလုပ်မယ် လို့ သိရပါတယ်။

  ချယ်ရီ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071