Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeDhammaမန္တလေး ကန်တော်ကြီး ဇီဝိတ...

မန္တလေး ကန်တော်ကြီး ဇီဝိတ ဒါနသံဃ ဆေးရုံကြီး၏ ဦးဆောင် ပဓာန နာယကအဖြစ် သီတဂူဆရာတော်ကြီးအား တာဝန်ပေးအပ်

21268319_10209751136430343_451081958_o

မန္တလေးမြို့၊ ကန်တော်ကြီး ဇီဝိ တဒါန သံဃဆေးရုံကြီး နဝမအကြိမ် သြဝါဒခံယူပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို  သြဂုတ်လ ၂၆ ရက်၊ နံနက် ၉နာရီခွဲက အဆို ပါဆေးရုံကြီး  အဆောင်(၈) ဓမ္မဗိ မာန်ဆောင်၌  ကျင်းပပြုလုပ်ရာ  နိုင်ငံတော် သံဃနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ ဘုရားကြီးတိုက် ဆင်မင်း ကျောင်းဆရာတော် ဘဒ္ဒန္တသြဘာ သာဘိဝံသ၊ ရွှေကျင်နိကာယဥပ    ဥက္ကဋ္ဌ၊ သီတဂူဆရာတော် ဘဒ္ဒန္တ အရှင်Óဏိဿရ အမှူးပြုသော သြဝါဒါစရိယဆရာတော်ကြီးများ၊ ဆေးရုံနာယက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်း ဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များ၊ နာယက များ၊ ဆေးရုံဥက္ကဋ္ဌ ဂရိတ်ဦးမြဝင်း နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ မြို့မိ မြို့ဖများ  တက်ရောက်ကာ ဦးခိုက်ဖူး မျှော်ကန်တော့ပန်ဆင် ကြည်ညို သဒ္ဓါစိတ်ပွားများခဲ့ကြသည်။ ရှေးဦး စွာ ဆင်မင်းကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ဆေးရုံဥက္ကဋ္ဌက ဆေးရုံကြီး၏ ရဟန်းသံဃာသီလရှင် များအား အထူးကု ဆရာဝန်ကြီးများ နှင့် ဆေးဝါးကုသပေးနေမှု၊ ပစ္စည်း လေး ပါးထောက်ပံ့ပေးနေမှု၊ ကျောက် ကပ်ရောဂါကုသ ဆောင်ရွက်နေမ များနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ် ငန်းများအား တင်ပြလျှောက်ထားကြ ပြီးနောက်  အဲဒီနောက် တာဝန်ရှိသူ များက  သြဝါဒါ စရိယ ဆရာတော်ကြီး များအား ဝါဆိုသင်္ကန်းများနှင့် ပစ္စည်း လေးပါး လှူဒါန်းကြ၍ သီတဂူဆရာ တော်က ရေစက်ချအနုမောဒနာ တရား ချီးမြှင့်ခဲ့ကြောင်း သိရှိရ သည်။

ယင်းအခမ်းအနားတွင် ဆရာ တော်ကြီးများက မန္တလေးကန်တော် ကြီး ဇီဝိတဒါနသံဃဆေးရုံကြီး၏ ဦးဆောင်ပဓာန နာယကအဖြစ် သီတဂူဆရာတော်ကြီးအား တာဝန် ပေးအပ်ပြီး အခမ်းအနားကို  ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ် ဆိုပြီး ရုပ်သိမ်းခဲ့သည်။

မန္တလေးကန်တော်ကြီး ဇီဝိတဒါ န သံဃဆေးရုံကြီးသည် မြန်မာ နိုင်ငံတွင် အကြီးဆုံးသံဃဆေးရုံ ကြီးဖြစ်ပြီး  ရဟန်းသံဃာ၊ သီလရှင် များ သာမကပဲ လူပုဂ္ဂိုလ်များပါ အတွင်းလူနာ၊ အပြင်လူနာ လက်ခံပြီး တိုးချဲ့ကုသပေးသွားမည် ဖြစ်ကြောင်း ၄င်းအခမ်းအနားမှ သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071