တို့ကျေးရွာ

0
157

to

ဟိုအဝေးက ဘုရားလေး
ထုံးဖြူတဖွေးဖွေး။
နံဘေးနားက ကျောင်းညိုညို၊
ဘုန်းတော်ကြီးအိုအို။
ရွာကိုဝင်တဲ့ လှည်းလမ်းကြောင်း၊
ဖုန်ကတထောင်းထောင်း။
ခံတောင်းလေးများ ရွက်လို့လာ၊
ရွာသူလေးတွေပါ။
ကျောင်းမှာကပ်ဖို့ ဆွမ်းလာပို့၊
ပြုံးပျော်ရွှင် ချွေးစို့။

သူတို့နောက်က ဘိုးဘွားတွေ၊
တလှုပ်လှုပ်လိုက်လို့နေ။
ပုဝါခွေ ခေါင်းပေါ်အုပ်၊
သည်ကနေ့ ဥပုသ်။

လုပ်ကိုင်မပျက်ကြစေရန်၊
နှိုးဆော်ကြေးစည်သံ။
ဖိတ်မန္တက ပြုဘိအလား၊
ဖွင့်တဲ့နိဗ္ဗာန်တံခါး။

ဘုရား၊ တရား၊ မြတ်သံဃာ၊
ကိုးကွယ်ဆည်းကပ်ရာ။
စဉ်လာမပျက်၊ ရွာတစ်သက်။
ဥပုသ်နေ့တိုင်းဆက်၊

စောင့်မြဲ၊ ထိန်းမြဲ၊ အပါယ်လွဲဖို့ခဲ။
မောင်မောင်မြင့် (သုခုမ)
မှတ်ချက်။ သရုပ်ဆောင်၊ ဒါရိုက်တာ ဦးမောင်မောင်မြင့် ဟ ကဗျာဆရာ မောင်မောင်မြင့် (သုခုမ) ‘
 ရေးဖွဲ့သည့် ‘တို့ကျေးရွာ’ ကဗျာကို ဖော်ပြလိုက်ပါသည်။

ကဗျာအယ်ဒီတာ


LEAVE A REPLY

Please enter your comment!
Please enter your name here