Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeCelebrities' Newsအစ်ကိုဝမ်းကွဲဖြစ်သူ နိုင်းနိုင်းကို အားကျလို့...

အစ်ကိုဝမ်းကွဲဖြစ်သူ နိုင်းနိုင်းကို အားကျလို့ အနုပညာအလုပ်တွေ လုပ်ဖြစ်လာခဲ့သူ အောင်မင်းခန့်

Aung-Min-Khant-(1)

သရုပ်ဆောင်အောင်မင်းခန့်ကနာမည်ကျော်မင်းသားနိုင်းနိုင်းနဲ့ သရုပ်ဆောင်ဖူးဖူး တို့နဲ့ ဖအေညီအစ်ကို အရင်းကမွေးတဲ့ ဝမ်းကွဲညီအကိုမောင်နှမတွေပဲ ဖြစ်ပါတယ်။ ငယ် ငယ်က စစ်တပ်ထဲကို ဝင်ချင်တဲ့အောင်မင်းခန့် တစ်ယောက်က အစ်ကိုဖြစ်သူ နိုင်းနိုင်းရဲ့ ရိုက်ကွင်း တွေကို လိုက်ကြည့်ရင်း၊ ပရိသတ် ချစ်ခင်မှုများပြီးအောင် မြင်ကျော်ကြား နေတဲ့ အစ်ကိုကို အားကျလာကာ ဒီအနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တယ် လို့ ဆိုပါ တယ်။

“ကိုနိုင်း မဖူးဖူးက မောင်နှမအရင်း။ ကျွန်တော်နဲ့က အဖေ ညီအစ်ကိုအရင်းက မွေးတဲ့ ညီအစ်ကိုမောင်နှမတစ်ဝမ်းကွဲတွေပါ။ ကျွန်တော်ငယ်ငယ်က ဒီအနုပညာ အလုပ်လုပ်ဖို့အတွက် မဟုတ်ဘူးဗျ။ ကျွန်တော်ကစစ်တပ်ထဲဝင်ချင်တာပေါ့နော်။ တပ်ထဲကိုတော့ပေါင်မပြည့်လို့ မဝင်ရဘူး။ အဲဒီလိုကနေအရွယ်လေးနည်းနည်း ရောက်လာတော့ ကိုနိုင်းရဲ့ရှုတင်တွေလိုက်ကြည့်ရင်းနဲ့တဖြည်းဖြည်းနဲ့ ဝါသနာ ပါလာတယ်။ အဲဒါနဲ့ ဒီအနုပညာလောကထဲကို ဝင်ဖြစ်သွားတာပါ။” လို့ အနု ပညာလောကထဲကို စတင်ဝင်ရောက်လာဖြစ်ပုံကိုအောင် မင်းခန့်က အခုလို ပြောပြတာဖြစ် ပါတယ်။

ဒီမောင်နှမ၃ယောက်ကအပြင်မှာတော့အမြဲတွေ့ဆုံဖြစ်ပြီး ဇာတ်ကား ရိုက်ကူးမှုတွေမှာတော့ အစ်ကို ဖြစ်သူနိုင်းနိုင်းနဲ့တစ်ခါမှမရိုက်ဖူးသေးပဲအစ်မ ဖြစ်သူဖူးဖူးနဲ့တော့ ဇာတ်ကားတစ်ကားရိုက်ဖူးကြောင်းအောင်မင်းခန့်က ပြောပါ တယ်။

“ကိုနိုင်းနဲ့ကမကြုံဖူးဘူး ။ ကျွန်တော့် အစ်မနဲ့တော့ ဇာတ်ကားရိုက်တစ်ကား ကြုံဖူးသေးတယ်။ ကျွန်တော်တို့မောင်နှမသုံးယောက်အနုပညာတစ်ခုဖန်တီးခွင့်ရှိ မယ်ဆိုရင်တော့ အတူတူဖန်တီးချင်တယ်။ ဇာတ်ကားတစ်ကားရိုက်မယ်ဆိုရင်လည်း တိုင် တိုင်ပင်ပင်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်သွားမှပါ။ ကျွန်တော်တို့ မောင်နှမတွေက ရိုက်ကွင်းမှာသာ မဆုံတာအပြင်မှာတော့ အမြဲဆုံဖြစ်တယ်။ အပြင်မှာမုန့်စားသွားကြ တယ်။ စကားတွေပြောကြတယ်” လို့ အောင်မင်းခန့်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071