Thursday, June 26, 2025

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...

ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ...

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည် ဖြစ်သည်ဟု သိရသည်။ ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်(...

နှစ်နှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့

ပြီးခဲ့သည့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့သည်။ ထိုအထဲတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုများ ဖြစ်သည်။ ထိုအချက်အလက်များကို နေပြည်တော်ရှိ...

ရန်ကုန်မြိူ့နယ်အများစုတွင် စက်ဘီးပြင်ဆိုင်များ ပြန်အလုပ်ဖြစ်လာ

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသော စက်ဘီးပြင်ဆိုင်များသည် ယခုနောက်ပိုင်းတွင် စက်ဘီးပြုပြင်သူပြန်လည်များပြားလာသောကြောင့် အလုပ်ဖြစ်လာသည်။ “ဒီနောက်ပိုင်း လာပြင်တဲ့ဘီးလေးတွေ များလာတယ်၊ ကျွန်တော်က စက်ဘီးဝယ်ရောင်းပါလုပ်တာဆိုတော့ second (သုံးပြီးသား)...
HomeCelebrities' Newsထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ အလှမယ်ပြိုင်ပွဲကနေ...

ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ အလှမယ်ပြိုင်ပွဲကနေ ဆုနှစ်ဆုရရှိခဲ့သူ အလှမယ် အေးသဒ္ဒါလင်း

Aye-Tadarlin-3

ဇူလိုင်လတုန်းက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်း ပခဲ့တဲ့ Prince & Princess International 2017 နိုင်ငံတကာပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး Miss Teen Supermodel International 2017 (winner) ဆုရော The Best National Costume ဆုပါရရှိခဲ့တဲ့ အလှမယ်အေးသဒ္ဒါလင်းရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ်လ၁၉ရက်နေ့၊ နေ့လယ်၁နာရီ အချိန်က  central hotel  မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာမှ ဆုရရှိခဲ့တဲ့ အလှမယ်အေးသဒ္ဒါလင်းက ပြိုင်ပွဲအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး…

“ပြိုင်ပွဲအတွေ့အကြုံတွေက အများကြီးပါပဲ။ တခြား နိုင်ငံတွေက သူငယ်ချင်းတွေနဲ့ ခင်မင်ခဲ့တယ်၊ ညီမအနေနဲ့တစ်ခါမှလည်း ပြည်ပမှာသွားရောက်မယှဉ် ပြိုင်ဖူးဘူး။ ဒီပွဲက ညီမအတွက် ပထမဦးဆုံးအကြိမ်ပါ။ အဲဒီပွဲမှာ National Costume ဆုလည်း ရရှိခဲ့ပါတယ်၊ National Costume ကို ပုသိမ်ထီးနဲ့ လုပ်ထားတဲ့ ဝတ်စုံဝတ်ဆင်ကာ ယှဉ်ပြိုင်ပြီးရရှိခဲ့ပါတယ်။ ဒီလိုဆု တွေလည်းရရှိခဲ့တဲ့အတွက် အတိုင်း မသိဝမ်းသာပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်ပိုင်းကို ပိုဝါသနာပါ တယ်ဆိုတဲ့ အလှမယ်အေးသဒ္ဒါလင်းက အဋ္ဌမတန်း လောက်ကတည်းက ဇာတ်ကားရိုက်ကူးမှုတွေ စတင်ပါ ဝင်ရိုက်ကူးဖြစ်နေခဲ့ပြီး MTV လည်း ပါဝင်ရိုက်ကူးခဲ့ ကြောင်း သိရပါတယ်။ နောက်ထပ်ပြိုင်ပွဲတွေလည်း အခွင့်ရေးရရင် ပြိုင်ပွဲဝင်သွားဖို့ရှိကြောင်းလည်း အလှမယ်အေးသဒ္ဒါလင်းက “အခွင့်ကြုံလာရင်ပြိုင်မှာပါ၊ ပြိုင်ပွဲပြိုင်ရတာက အတွေ့အကြုံတွေလည်း အများကြီး ရပါတယ်။ ညီမက သရုပ်ဆောင်ဘက်ကို ပိုဝါသနာပါပါ တယ်၊ MTV တွေလည်း ပါဝင်ရိုက်ကူးထားပါတယ်၊ညီမကို မသိတဲ့ ပရိသတ်တွေအတွက်လည်း ညီမကြိုးစားသွား မှာပါ”လို့ ပြောပါတယ်။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071