ယူနိုက်တက် အမရဘဏ် တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့ကြတဲ့ အလှူဒါနများ

0
187

UAB

မျက်မမြင် ကျောင်းသား၊ ကျောင်း သူများ စိတ်ဓာတ်ခွန်အားတိုးမြင့် လာစေဖို့ ရည်ရွယ်ပြီးတော့ စိတ် ဓာတ်အာဟာရ ဖြစ်ပေါ်စေတဲ့ Motivation Talk  များ၊ မျက်မမြင် သုံးစာရွက်များ၊ ဆန်အိတ်များနဲ့ အဝတ်အစားများ၊ အသုံးအဆောင် များ လှူဒါန်းခြင်း၊ စာပေများဖတ်ပြ ခြင်း၊ ပန်းချီဆွဲခြင်း အစရှိတဲ့ ကူညီ ဆောင်ရွက် လှူဒါန်းမှုများကို United Amara Bank အဖွဲ့သားများက UAB Bank  တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၁၂ ရက်နေ့က ကြည့်မြင် တိုင် မျက်မမြင်ကျောင်းမှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။

“လူတွေရဲ့အသက်ကို ကယ်တဲ့ နေရာမှာ အရေးအကြီးဆုံးလည်းဖြစ်၊ အရမ်းကိုမွန်မြတ်တဲ့ ဇီဝိတဒါန လည်းဖြစ်တဲ့ သွေးလှူဒါန်းခြင်းကို ယူနိုက်တက်အမရဘဏ်ရဲ့ ၇နှစ်ပြည့် အထိမ်းအမှတ်အလှူ အဖြစ် သြဂုတ် လ ၅ရက်နေ့က ရန်ကုန်နဲ့ မန္တလေး မှာရှိတဲ့ သွေးလှူဘဏ်တွေမှာ ကျင်း ပပြုလုပ်ခဲ့ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က ကြည့်မြင်တိုင်နဲ့ ခဝဲခြံ မျက်မမြင်ကျောင်းတွေမှာလည်း ဝန်ထမ်းမိသားစုတွေ စုံစုံညီညီနဲ့ ဒီအလှူဒါနလေးကို ထပ်မံပြုလုပ် ဖြစ်ခဲ့တာမို့ အရမ်းကိုပဲ ဝမ်းသာ ပီတိဖြစ်မိပါတယ်” လို့  UAB &JU  ရဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ အလှူဒါနတွေနဲ့ ပတ်သက် ပြီး UAB Bank & JU Deputy CEO  ဒေါ်ကျော့ကေခိုင်က ပြောပါ တယ်။

ယူနိုက်တက် အမရဘဏ် (UAB) ကို ၂ဝ၁ဝခုနှစ်က ပုဂ္ဂလိက ပြည်တွင်းဘဏ်အဖြစ် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး ဒီနေ့အချိန်မှာ ဘဏ်ခွဲပေါင်း ၇၆ဘဏ်၊  ATM စက် ပေါင်း ၁၃၆လုံးနဲ့ မြန်မာနိုင်ငံ အနှံ့ အပြားမှာ ဝန်ဆောင်မှု ပေးနေ ကြောင်းလည်းသိရပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here