Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeCelebrities' Newsအရင်က သရုပ်ဆောင်ခဲ့တဲ့ ...

အရင်က သရုပ်ဆောင်ခဲ့တဲ့ ဗန့်ကာရိုက်တာကိုလည်း တန်ဖိုးထားပါတယ် သရုပ်ဆောင် ထူးခြား

Htoo-Char-(1)

ခပ်ကြမ်းကြမ်းပုံစံ၊ ဗန့်ကာ ရိုက်တာမျိုးနဲ့သာ မြင်တွေ့ရလေ့ရှိတဲ့ သရုပ်ဆောင်ထူးခြားက ‘ဒိုင်ယာရီအသစ် အချစ်က ဆိုက်ကို’ ဆိုတဲ့ ဇာတ်ကားကို ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးမှု တွေပြုလုပ်နေပါတယ်။ ဒါပေမဲ့ သူက အရင်တုန်းက သရုပ်ဆောင်ခဲ့ဖူးတဲ့ ဗန့်ကာရိုက် တာနေရာ ကိုလည်း ချစ်ခင်မြတ်နိုးဆဲဖြစ်ကြောင်း အခုလိုပြောပါတယ်။

“ကျွန်တော်က ဒီလိုခေါင်းဆောင်မင်းသားသာဖြစ်လာတာ။ ခေါင်းဆောင် မင်းသားမဖြစ်ခင် ကလုပ်တဲ့ ဗန့်နေရာ ကိုလည်း ကျွန်တော်အရမ်းတန်ဖိုးထားပါတယ်။ အဲဒီနေရာအတွက် လာငှား ရင်လည်း ရိုက်ကူးဦးမှာပဲ။ ကျွန်တော် အဲဒီနေရာမှာ လုပ်ရတုန်းကလည်း ပျော်တာပဲ။ အဲဒီနေ ရာကို ချစ်တယ်။ အခုခေါင်းဆောင် မင်းသားဖြစ်တော့ တာဝန်တော့ပိုကြီးတာပေါ့”လို့ သူက ဆိုပါတယ်။

အခုလက်ရှိရိုက်ကူးနေတဲ့ ‘ဒိုင်ယာရီအသစ် အချစ်ကဆိုက်ကို’ ဇာတ်ကားကတော့ ဆိုက်ကို ဆန်ဆန်ဇာတ် ကားမျိုးဖြစ်ပြီး ရိုက်ကွင်းနေ ရာကိုလည်း သုသာန် မှာတည်ပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ သုသာန်ဆို တာက မမြင်ရတဲ့အရာမျိုးတွေလည်းရှိတတ်တော့ အဲဒီအပေါ် စိတ်ရောက် ဖြစ်လားလို့ ထူးခြားကို မေးတဲ့အခါ….

“သုသာန်တွေဘာတွေမှာတော့ ရိုက်ကူးဖူးပါတယ်။ ကျွန်တော် ကတော့ အေးအေးဆေးဆေးပါပဲ။ ဘာမှမဖြစ်ပါဘူး။ ကိုယ်လည်း ကိုယ့် အလုပ် ကိုယ်လုပ်နေတာဆိုတော့ သူတို့လည်း ခွင့်လွှတ်မှာပဲလေ”လို့ ပြောပါတယ်။ ထူးခြား ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား တွေအနေနဲ့ ရုံကြီးကား ၄ကားလောက် ထွက်ရှိလာဖို့ရှိတယ်လို့သိရပါတယ်။ နောက်ပိုင်းမှာက ရုံကြီးကားတွေချည်းပဲ အရိုက်များလာကြပြီး ဗီဒီယို တွေရိုက်ကူးမှု သိပ်မလုပ်လာ ကြတဲ့အပေါ်ကိုလည်း ထူးခြားဘယ်လိုမြင်လဲလို့ဆိုတဲ့ အခါ…….

“အမှန်တကယ်ကတော့ ဗီဒီယို မရှိတော့ဘူး ဆိုတော့ စိတ်တော့မကောင်းဖြစ်တာပေါ့။ အမှန်တကယ်က တော့ရှိသင့်တာပေါ့။ ရှိတော့မှ ပိုအဆင်ပြေတာပေါ့”လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071