Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeCelebrities' Newsသားသမီးတွေကိုဘာသာတရားရဲ့ အဆုံးအမနဲ့ လိုက်နာကျင့်သုံးနိုင်တဲ့...

သားသမီးတွေကိုဘာသာတရားရဲ့ အဆုံးအမနဲ့ လိုက်နာကျင့်သုံးနိုင်တဲ့ ကလေးတွေ ဖြစ်စေချင်တယ် အကယ်ဒမီ လူမင်း

lu

အကယ်ဒမီ လူမင်းက ဗုဒ္ဓဘာသာကို ရာနှုန်းပြည့် အကြွင်းမဲ့ လက်ခံယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် စစ်စစ် တစ်ယောက် ဖြစ်ပြီး  အလျင်းသင့် ရင် သင့်သလို ၊ အကျိုးအကြောင်း အခါအခွင့် သင့်ရင်သင့်သလိုဘာသာရေး အလုပ်တွေလုပ်ဖြစ် တယ်လို့သိရပါတယ်။သြဂုတ်လ ၆ရက်နေ့က ပုဂံကအာနန္ဒာ ဘုရားကြီးရဲ့ ထီးတော် သစ်တင် လှူတဲ့ နေရာမှာ အထက်ဌာပနာ ရွှေကြုတ်ကို ဖေ့ဘုတ်စ် ရွာရုပ်ရုင် အဖွဲ့သားတွေ နဲ့ အတူအကယ်ဒမီ လူမင်းတို့ မိသားစု ကလှူဒါန်းခဲ့ပါတယ် ။ ဒါကြောင့်လည်း ဘာသာတရားကို ကိုးကွယ် ယုံကြည်ပြီး အလှူ အတန်းတွေကိုလည်း အမြဲမပြတ်လုပ်ဆောင်လေ့ရှိတဲ့ အကယ်ဒမီ လူမင်းရဲ့ ဘာသာရေး လပ်ဆောင်မှုများကို မေးမြန်းဖော်ပြပေးလိုက်ရပါတယ်

lu2

ရတနာ မြတ်သုံးပါးကို
အကြွင်းမဲ့ သက်ဝင်ယုံကြည်တဲ့ စိတ်နဲ့ပဲ
ဘုရား တရား အလုပ်ကို လုပ်ဖြစ်တယ်

ပဋ္ဌာန်းတွေကို တော့ ပုံမှန်ရွတ် ဖြစ်ပါတယ်။ အကျိုးလိုလို့ ညောင် ရေလောင်းဆိုတာမျိုးဆု တောင်း ပြည့်ချင်လို့ အဲဒီလိုမျိုး ဘုရားတရား လုပ်တဲ့ စိတ်မျိုးနဲ့တော့ အစ်ကိုမလုပ် ပါဘူး။ တကယ်ဘာသာတရား ရတနာမြတ်သုံးပါးကို အကြွင်းမဲ့ သက်ဝင်ယုံကြည်တဲ စိတ်နဲ့ပဲ ဘုရားရှိခိုးတာ ပုတီးစိပ်တာ တရား ထိုင်တာ ဂါတာ မန္တန် တွေ ရွတ်ဖတ် တာကို အဲဒီစိတ်နဲ့ပဲ လုပ်ဖြစ်ပါ တယ်။ အဲဒီအကျိုးပေးက ဘယ်လို အကျိုးပေးလဲလို့ပြောရင် ဘာသာ တရားရဲ့အကျိုးပေးက လောကီ အကျိုးပေးတွေနဲ့တော့မတူဘူး။တကယ်အခက်အခဲ အကျပ်အတည်း အန္တရာယ် တစ်စုံတစ်ရာ ကျရောက်ခဲ့ ရင်တော့အဲဒီ့အကျိုးပေးကထင်ထင် ရှားရှားကိုခံစားရပါတယ်။

ဘာသာတရားအပေါ်ယုံကြည်ကွယ်မှုနဲ့
ကိုယ့်တွေ့ ခံစားချက်ကိုမျှဝေခြင်း

အစ်ကိုတို့ကတော့ ကံကောင်း တယ်ပဲ ပြောရမလား။အစ်ကိုတို့ ဗုဒ္ဓ ဘာသာမှာ မိရိုးဖလာ ဗုဒ္ဓဘာသာ တွေများတယ်။ အဖေ အမေ ဘုရားရှိ ခိုးလို့ရှိခိုးတယ် ။ သြကာသ ဘာမှန်း မသိဘူး ။သရဏဂုံ ၃ပါး ဘာမှန်းမသိ ဘူးဆိုတဲ့ ဗုဒ္ဓဘာသာတွေ အများကြီး ပဲ။ ဆိုတော့ ပိဋကတ် ၃ဘုံ လုံးတော့ အကုန်လုံးသိကြမှာတော့ မဟုတ်ဘူး ပေါ့ ။ ကိုယ်လက်လှမ်း မီသလောက် ကိုယ် လုပ်သလောက်တော့ သိရ အောင် ကြိုးစားရင် ပိုပြီးလေးနက် သက်ဝင်မှု ရှိပါတယ်လို့ အဲဒါလေးကို တော့ အကို့ ကိုယ်တွေ့ ခံစားချက်နဲ့ အစ်ကိုက မျှဝေချင်ပါတယ်။

ဘာသာတရားနဲ့ ပတ်သက်ပြီး
အနာဂတ် လူငယ်တွေအပေါ် အကြံပြု စကား

ကိုယ့်သားသမီးနဲ့ ယှဉ်ပြီးပြော ရရင် ကိုယ့်သားသမီးကို ဘာသာ တရားရဲ့ အဆုံးအမနဲ့ ယှဉ်ပြီးတော့ပဲ အစ်ကိုကသူတို့ကို ထိန်းချုပ်လို့ ရ မယ်။ ဘာသာတရားဆိုတာ နူးညံ့ စေတယ်။ သိမ်မွေ့စေတယ်။ ဘာသာ တရားထဲမှာ မကောင်းမှုကို မလုပ်ရ ဘူး။ မကောင်းမှုကို လုပ်ဖို့ရှက်ရ မယ်ဆိုတဲ့ဆိုဆုံးမမှုတွေရှိတယ်။ ဒီခေတ်ကလေးတွေအနာဂတ်က လေးတွေက ပိုဆိုးမှာ။ အမိန့်နဲ့အာ ဏာနဲ့ထိန်းချုပ်လို့ရမယ့်ကလေးတွေ မဟုတ်တော့ဘူး။ သူတို့ရဲ့ ပင်ကိုယ် အသိဥာဏ်မှာကိုက ကိုယ့်ကိုယ် ကိုယ်ထိန်းချုပ်နိုင်တဲ့အသိ ဥာဏ်မျိုး ရှိဖို့ကသာလျှင် အဓိက။ အဲဒါရှိဖို့ဆို တာက ဘာသာတရား မှာပဲ ရှိတယ်။ အဲဒီတော့ဘာသာတရားရဲ့အဆုံး အမနဲ့လိုက်နာကျင့်သုံးနိုင်တဲ့ ကလေး တွေ ဖြစ်အောင်ပဲ အစ်ကို့ ကလေး တွေ ကြိုးစားသလို အနာဂတ် လူငယ် တွေကိုလည်း အဲဒီလိုပဲဖြစ်စေ ချင်ပါ တယ်။

ဇင်မာနွယ်

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071