Thursday, June 25, 2026

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း...

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...
HomeEntertainmentမြောက်လူးကန်ပုဗ္ဗာရုံကျောင်းရေအောင်ပွဲ ရွှေပြည်တော်အဖွဲ့သားများဆင်နွှဲကုသိုလ်ယူ

မြောက်လူးကန်ပုဗ္ဗာရုံကျောင်းရေအောင်ပွဲ ရွှေပြည်တော်အဖွဲ့သားများဆင်နွှဲကုသိုလ်ယူ

NayOoMg(1)

ပခုက္ကူမြို့နှင့်(၅)မိုင်ခန့်ဝေးကွားသော ပခုက္ကူမြို့နယ် မြောက်လူးကန် ကျေးရွာအမှတ်(၁၃)ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းပုဗ္ဗာရုံ ကျောင်း တိုက်ဝန်းအတွင်းသြဂုတ်(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က စက်ရေတွင်းအောင်ပွဲကျင်းပခဲ့သည်။(၁)နာရီလျှင်ဂါလံ(၂၄ဝဝ)ထွက်နိုင် သော(၄)လက်မခွဲံ စက်ရေတွင်းအား အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်၊ ဒေါ်ခင်ခင်ဝင်းတို့အားအမှုးထားပြီး ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတ အသင်း ပခုက္ကူမြို့နယ်က လှူဒါန်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းကျောင်းထိုင် ဆရာတော်ဦးဇောတိကမှပြောကြားပါသည်။

စက်ရေတွင်းရေစက်ချ အောင်ပွဲ မင်္ဂလာသဘင်အား ပေါင်းလောင်း ကန်ဆရာတော် ‘အောင်မြေဆရာတော်’ ညောင်ကျစ်ပင်ဆရာတော်(ပခုက္ကူမြို့ နယ်ဘုန်းတော်ကြီးသင်ကြီး ကြပ်မှု ကော်မတီဥက္ကဌ)နှင့်သံဃာတော် အရှင် သူမြတ်(၅)ပါးကိုလည်းဝါဆိုသင်္ကန်း များကပ်လှူဒါန်းခဲ့ကြောင်းလည်းသိရသည်။ အဆိုပါအခမ်းအနားသို့ ရွှေပြည် တော်သို့ဆုံမှတ်အဖွဲ့ပခုက္ကူအဖွဲ့ မြို့နယ်စာရေးဆရာအသင်းကဖိတ်ကြား ထား သောဧည့်သည်တော်များတက်ရောက်ကြသည်။ ပခုက္ကူဂျာနယ်အဖွဲ့သား များဖြစ်ကြသည့် ဆရာနေဦးမောင် (ပခုက္ကူ)၊ ဆရာစာဘဏ္ဍာမြဝင်း၊ ဆရာ သန်းလင်း(ရွှေချောင်း)တို့မှလည်းရန်ကုန်မြို့မှပေးပို့လှူဒါန်းသည့်ပေါ် ပြူလာ ဂျာနယ်များကိုကျေးလက်ပြည်သူများနှလုံးသားလှဖို့စာဖတ်ကြပါစို့ဟူသော ရည်ရွယ်ချက်ဖြင့်စာပေကုသိုလ် ဒါနပြုပေးဝေခဲ့ကြောင်းသိရသည်။

မောင်နန်းဝေ(ပခုက္ကူ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071