Tuesday, June 24, 2025

ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများရှိလာ

တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၂...

ကမ္ဘောဒီးယားနှင့် နယ်စပ်ကို ထိုင်းစစ်တပ်က ပိ-တ်လိုက်ပြီ

ကမ္ဘောဒီးယား၏ ထိုင်းပိုင်နက်ကို ခြိမ်းခြောက်မှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ထိုင်းကြည်းတပ်နှင့် ရေတပ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ကို ပိ-တ်လိုက်ကြောင်း သိရသည်။ ပထမစစ်တိုင်းဌာနနှင့်...

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည်...

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင်...
HomeEntertainmentစာပေ Eventစိတ်ဝင်စားမှုများသည့်မျက်နှာဆေးရောင်ခြယ်အစီအစဉ်ကို မုံရွာကလေးစာပေပွဲတော်တွင်ထည့်သွင်းပြုလုပ်ရန်စီစဉ်ထား

စိတ်ဝင်စားမှုများသည့်မျက်နှာဆေးရောင်ခြယ်အစီအစဉ်ကို မုံရွာကလေးစာပေပွဲတော်တွင်ထည့်သွင်းပြုလုပ်ရန်စီစဉ်ထား

DSC_0377

မုံရွာမြို့တွင်ကျင်းပမည့်ကလေးစာပေပွဲတော်တွင်လာရောက်မည့်ကလေး ငယ်များ၏မျက်နှာဆေးရောင်ခြယ်ပေးမည့် အစီအစဉ်ကို စိတ်ဝင်စားမှုများသည့် အတွက်ထည့်သွင်း  ပြုလုပ်ရန်စီစဉ်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးမောင်ဖေထံ မှသိရသည်။

စက်တင်ဘာလ၁ရက် မှ ၃ရက်နေ့ထိ မုံရွာတက္ကသိုလ်တွင် ကျင်းပမည့် ကလေး စာပေပွဲတော်တွင် စာပေဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန်ပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးမောင်ဖေသည် မုံရွာမြို့နယ်စာရေး ဆရာအသင်းဝင်များ၊ မုံရွာပန်းချီဆရာများဖြင့်တွေ့ဆုံကာ ဆက်လက်ဆောင် ရွက်ရန်များ အသေးစိတ်ချပြဆွေးနွေးခြင်းကိုသြဂုတ်၅ရက်နံနက်ပိုင်းကမုံရွာ မြို့စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးခန်း မတွင် ပြုလုပ်သည်။

“ကလေးစာပေပွဲတော်၃ရက်ကျင်းပရာမှာနေ့စဉ်မနက်ပိုင်းမှာ စာရေးဆရာကြီး၂ဦးကကလေးများနဲ့ပတ်သက်တဲ့ စာပေဟောပြောပွဲကိုထည့်သွင်းကျင်းပမှာဖြစ်သလိုညနေပိုင်းမှာအလုပ်ရုံဆွေးနွေးပွဲကိုစာရေးဆရာကဗျာဆရာ၎ဦး၅ဦးစသဖြင့်ကျင်းပဖို့စီစဉ်ထားပါတယ်။ ကလေးတွေဖွံ့ဖြိုး တိုးတက်ဖို့ စာဖတ်ဖို့နဲ့ အကျင့်စာရိတ္တကောင်းမွန်ဖို့အတွက်စုပေါင်းလုပ်ကြ မယ့်ပွဲတော် ဖြစ်ပါတယ်။ ကလေးတွေအတွက်ပျော်ပျော်ရွှင်ရွှင်နဲ့ဗဟုသုတ တိုး ပြီးအကျင့်စာရိတ္တကောင်းတွေတိုးပွားလာအောင်လုပ်တဲ့ပွဲတော်မှာအတ္တတွေ အာဃာတတွေရပိုင်မှုတွေ မပါဘဲစုပေါင်းလုပ်တဲ့ပွဲတော်ဖြစ်အောင် လုပ်ဆောင် နေကြပါတယ်” ဟုညွှန်ကြားရေးမှုးချုပ်ဦးမောင်ဖေကပြောကြားသည်။

ကလေးစာပေပွဲတော်၏ပထမဆုံးနေ့ရက်စက်တက်ဘာလ၁ရက်နေ့တွင်မုံရွာမြို့မှဆရာဗိုလ် (မြန်မာစာ)က ‘စာအုပ်စာပေကလေးတို့ရဲ့မိတ်ဆွေ’၊ ဆရာမ မြမြဆွေ (စိတ်ပညာ)က’စာပေဖွံ့ဖြိုးလူငယ့်အကျိုး’၊ ၂ရက်နေ့တွင် စစ်ကိုင်းမြို့မှ ဆရာရဲ သျမ်းက ‘လာရာနှင့်လားရာ’၊ ဆရာဇော်နောင်ဟိန်း(ဂစ်တာ)က ‘အလုပ်နှင့် ရည်ရွယ်ချက်’၊ စက်တင်ဘာလ၃ရက်နေ့တွင်ရွှေဘိုမြို့မှဆရာ ဒေါက်တာတင်ဝင်းက ‘ကနေ့လူကြီးတွေနဲ့မတူတဲ့လူငယ်တွေဖြစ်အောင် ကောင်းကင်တစ်ဆုံးလူငယ်ကျောက်သင်ပုန်း’  နှင့်ဆရာဘာမထီခင်အောင်က’ ကလေးသူငယ်များနှင့်အကျင့်စာရိတ္တ’ ခေါင်းစဉ်များဖြင့်အသီးသီးဟောပြော ကြမည်ဖြစ်သည်။

မုံရွာမြို့မှပန်းချီဆရာများကဆေးရောင်ခြယ်ပြိုင်ပွဲအတွက်ဆုရွေးချယ် ဒိုင်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်သလိုမန္တလေး၊ ရန်ကုန်နှင့်မုံရွာမြို့ကာတွန်းဆရာများကကယ်ရေကေးချား ရေးဆွဲပေးနိုင်ရန်ကာတွန်းဆရာများနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဦးမောင်ဖေကပြောကြားသည်။

လှိုင်ဝင်းကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071