Friday, June 27, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeCelebrities' Newsချစ်သူက လက်ခံနိုင်သေးသရွေ့ ရှေ့ဆက်ချင်ပါတယ်...

ချစ်သူက လက်ခံနိုင်သေးသရွေ့ ရှေ့ဆက်ချင်ပါတယ် မထက် (Pop-Soul) ရဲ့အချစ်ရေး

Ma-Htet

နီနီခင်ဇော်ရဲ့ Red Carpet ကို Evening Dess  အဝါရောင်လေးနဲ့ ပွဲတက်လာသူ ကတော့ မိတ်ကပ် ပညာရှင် မထက်(Pop-Soul)ပါ။ သူမကတော့ အလှအပနဲ့ ကျန်းမာရေး အစစ၊ အရာရာ အဆင်ပြေနေပါပြီလို့ ဆိုပါတယ်။ ခွဲစိတ်မှုပြုလုပ် ထားတာ တစ်နှစ် ကျော်ကြာခဲ့ပြီ ဖြစ်တဲ့ မထက်က..

“အစ်မ ခန္ဓာကိုယ်အနေအထားအနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ရှောင်စရာ မလိုဘူး။ အစ်မ အစစ အရာရာ အကုန်အဆင်ပြေတယ်။ အစ်မခွဲစိတ်မှုကလည်း အကောင်းဆုံးအောင်မြင် တယ်။ အဲဒီအတွက်ကြောင့် နာကျင်မှုလည်းမရှိဘူး။ အားလုံးအေးဆေးပဲ။ နေမကောင်းဖြစ်တာ လည်းမရှိဘူး။ အစ်မွပာ ကိုပုံမှန်ဆော့တယ်။ ၈လကျော်၊ ၉လထဲရောက်ပြီ။ အစ်မအရင်လို ခန္ဓာကိုယ်မှာ အတုတွေအများ ကြီးထည့်စရာမလိုတော့ဘူး။ အခုဆိုလို့ရှိရင် လေ့ကျင့်ခန်းတွေအများ ကြီးလုပ်တဲ့အခါကျတော့ ခါးဆိုခါး၊ တင်ဆိုတင် အစစအရာရာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဖန်တီးနိုင်တာပေါ့။ အဲဒီအတွက်ကြောင့် အစ်မအားရတယ်” လို့ပြောပါတယ်။ လတ်တလောမှာတော့ မိတ်ကပ်နဲ့ ပတ်သက်လို့ သင်တန်းတွေပေးနေတာ တတိယအသုတ်ကို ရောက်နေပြီဖြစ်တဲ့ မထက်က တီဗီကြော်ငြာရိုက် ကူးမှုတွေလည်းပြုလုပ်ထားပါတယ်။ မထက် သရုပ်ဆောင်လုပ်ဖို့ ရှိမလားဆိုတော့…

“ဇာတ်ကားရိုက်ဖို့တော့ပြောထားတယ်။ ဒါပေမဲ့ လောလောဆယ်အတည်တော့ မဖြစ်သေးဘူး။ အများကြီးလိုဦးမယ်လို့ထင်ပါတယ်။ ပြီးတော့အဲဒီလောက်အများကြီး သတ္တိမရှိသေးဘူး” လို့ သူမကပြောပါတယ်။

ဖေ့စ်ဘုတ်မှာ Feel Status လေးတွေ တင်လေ့ရှိတဲ့ မထက်ကို သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လည်းမေးမြန်းဖြစ်ခဲ့ပြန်ပါတယ်။

“အစ်မအချစ်ရေးက လက်ရှိကတော့ ကောင်းပါတယ်။ အစ်မတို့ချစ်သူသက်တမ်း ၃နှစ် ကျော် ၄နှစ်ရောက်ပြီပေါ့။ အခုဆိုရင် တစ်ယောက်နဲ့ တစ်ယောက်နားလည် မှုနဲ့ပဲရှေ့ဆက်သွားပါတယ်။ ဒီ့ထက် ပိုပြီးတော့ Relation ကိုကြာကြာသွားချင် ပါတယ်။ ဒီလို Relation တစ်ခုဖြစ်လာလိမ့်မယ်လို့ ရည်ရွယ်ပြီးချစ်ခဲ့ကြတာမဟုတ်ဘူး ဆိုပေမယ့် မဆိုးဘူးပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက်နားလည် မှုတွေနဲ့ ရှေ့ဆက်ပြီးကြာလာတဲ့အခါ အစ်မအကောင်းဆုံးရှေ့ဆက်ချင်သေး တယ်။ သူ့ကို အမြဲတမ်းပြောတယ်။ သူရှိနေနိုင်သလောက် အစ်မရှေ့ဆက် ချင်ပါသေးတယ်။ သူအစ်မကို လက်ခံနိုင်သေးသရွေ့ပေါ့နော်” လို့ မထက်က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071