Wednesday, December 17, 2025

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်)...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...
HomeCelebrities' Newsမေတ္တသုတ်ကို ဘုရား ရှိခိုးတိုင်း...

မေတ္တသုတ်ကို ဘုရား ရှိခိုးတိုင်း ထည့်ရွတ်ဖြစ်တယ် ရွှေပိုးအိမ်

Shwe-Poe-Eain-3

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တငါးဖြာကို အမြဲမပြတ် စိတ်ထဲမှာ ဂါရဝပြုကာ ဦးထိပ်ပန် ဆင်ပြီး ခုနှစ်ရက်သားသမီးများ အပါအဝင် သတ္တဝါအပေါင်းတို့ အတွက် မေတ္တာပို့ပေး၊ အမျှဝေပေး လို့ ဗုဒ္ဓဘာသာဝင်တိုင်း နေ့စဉ် ဆောင်ရွက်နေကျ ဘုရားရှိခိုး ကန်တော့ပန်ဆင် ပူဇော်ရှိတယ် ဆိုသူကတော့ မျိုးဆက်သစ်အနုပညာ ရှင် ရွှေပိုးအိမ်ပဲ ဖြစ်ပါတယ်။ ရွှေပိုးအိမ်တို့လို လူငယ်အနုပညာရှင် လေးတွေက မိမိတို့ယုံကြည်ကိုးကွယ် ရာ ဘာသာတရားအပေါ် အလေး အမြတ်ထား ပွားများပြီး လုပ်ဆောင် လာတာ၊ အလှူအတန်းများ စေတနာ သဒ္ဓါတရား စိတ်ထက်သန် စွာ ပြုလုပ်လာကြတာ၊ ဘာသာ၊ သာသနာအတွက် အမွန်မြတ်ဆုံး မျိုးဆက်ခွန်အား တည်ရှိမှုပြယုဂ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ဝင်ဖြစ်တဲ့ ရွှေပိုးအိမ်ရဲ့ နေ့စဉ် ဘာသာရေးနဲ့ ပတ်သက်လို့ ယုံကြည် သက်ဝင်စွာ ပွားများ လုပ်ဆောင်ဖြစ် ပုံများ၊ ပူဇော်ကန်တော့ဖြစ်ပုံများ အပါအဝင် ဂုဏ်တော်များနဲ့ ပဋ္ဌာန်း ရွတ်ဖတ်ပွားများဖြစ်ပုံ၊ အဓိဋ္ဌာန် ဝင်ကာ ကုသိုလ်ပြုပုံနဲ့ ရိပ်သာအလှူ၊ သိမ်ကျောင်းအလှူတို့ကို လှူဒါန်းဖြစ် ပုံအပြင် ဗုဒ္ဓဘာသာတရားအပေါ်  ယုံကြည်ကိုးကွယ် ကုသိုလ်ပြုခြင်း အမြင်များကို အနယ်နယ်၊ အရပ်ရပ် မှ ပရိသတ်ပြည်သူအပေါင်းကို ထပ်ဆင့်သဒ္ဓါတရား ကုသိုလ်ပွားများ သာဓုခေါ်ဆိုနိုင်အောင် မေးမြန်းကာ တင်ဆက်လိုက်ရပါတယ်။ 

ss

နေ့စဉ်နေ့တိုင်း ပုံမှန်ဘုရားရှိခိုးတယ်
ရွှေပိုးက နေ့စဉ်နေတိုင်းတော့ ပုံမှန်ဘုရားရှိခိုးတယ်။ ဘုရားရှိခိုး တိုင်းလည်း အနည်းဆုံး ပဋ္ဌာန်း အကျယ်တော့ တစ်ခေါက်လောက် ရွတ်တယ်။ ပဋ္ဌာန်းကိုလည်း ၂ဝ၁ဝ ခုနှစ် လောက်ကတည်းက စရွတ်ဖြစ် ခဲ့တယ်။ တစိုက်မတ်မတ် မရွတ်ဖြစ် တာပဲ ရှိတာပါ။ ဒီတစ်နှစ် နှစ်နှစ် အတွင်းမှာတော့ နေ့စဉ်မပြတ် အောင် အမြဲရွတ်တယ်။ ပုတီးလည်း စိပ်တယ်။ ပုတီးစိတ်ရင်လည်း အရဟံသဒ္ဓိဂါထာကို စွဲစွဲမြဲမြဲနဲ့ တစ်နေ့ကို ဆယ်ပတ်လောက် စိတ်တယ်။ နောက်ပြီး မေတ္တသုတ်ကို လည်း ဘုရားရှိခိုတိုင်း ထည့်ရွတ် တယ်။ အားတဲ့အချိန်တိုင်းလည်း ရွှေပိုးက အမြဲနှုတ်က ရွတ်ဖြစ်ပါ တယ်။

ရိပ်သာအလှူနဲ့
သိမ်ကျောင်း အလှူဖြစ်တယ်
ရွှေပိုးဒီနှစ်ထဲမှာရွှေပိုး အဓိ ဋ္ဌာန်ဝင်တာ ၂ ကြိမ်ရှိပါပြီ။ ဒုတိယ တစ်ခေါက်က သစ်တံခါး ကျောင်း တိုက် ဆရာတော်ကြီးဆီမှာ အစ်မ ရယ်၊ အဒေါ်ရယ် နဲ့ အတူတူ ဥပုသ် သီလခံယူပြီး အဓိဋ္ဌာန် ၃ ရက် ဝင်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အပတ် စဉ်တိုင်းလည်း ရွှေပိုးတို့ မိသားစု က သန်လျင်မှာရှိတဲ့ သဘာဝတရား ရိပ်သာမှာလှူတယ်။ သောကြာနေ့ တိုင်းပဲ။ ဥပမာ- ဆီဆိုရင် ၅ ပုလင်း ဒီလိုလေး လှူပါတယ်။ ရွှေပိုးက အမေ့ကိုတော့ ဦးစားပေးတယ်ပေါ့။ အမေက မအားရင်လည်း ရွှေပိုး ကိုယ်တိုင်လှူတယ်။ ဒါကတော့ မိသားစုလိုက် လုပ်နေကျ အလှူလေး တစ်ခုပါပဲ။ ရွှေပိုင်းကိုယ်တိုင်လည်း သိမ်ကျောင်းတစ်ခု လှူဒါန်းထား ပါတယ်။ ဇာတ်ကားရိုက်ရင်းရရှိတဲ့ အနုပညာကြေးလေးနဲ့ပေါ့။ အခွင့် ရရင် ရသလိုလည်းအလှူအတန်း လေးတွေ လုပ်ချင်ပါသေးတယ်။

ဆရာသမားအားလုံးနဲ့
ပရိသတ်အားလုံးတို့ကို မေတ္တာပို့တယ်။
ဘုရားရှိခိုးတိုင်းလည်း အမျှပေး ဝေတာကို အမြဲလုပ်တယ်။ ကိုယ့်ရဲ့ ချစ်သူရော၊ မုန်းသူရော အားလုံးသော ပရိသတ်တွေအတွက် ပါ။ ရွှေပိုးတို့လို အနုပညာရှင်ဆိုတာ က သူတို့ချစ်မှ ရပ်တည်နိုင်တာလေ။ ကိုယ်က မေတ္တာပေးမှ သူတို့ဆီက တန်ပြန် မေတ္တာရတာကြောင့်ပါ။
ဒါကြောင့်လည်း ကိုယ်ပြုသမျှ ကုသိုလ်ဒါန တွေအတွက် အမြဲမေတ္တာ ပို့ပေးတယ်။ ရွှေပိုးက ဒီလောကနဲ့ လည်းစိမ်းတဲ့အတွက် အနုပညာ လောကထဲကိုရောက်အောင် ပို့ပေး၊ ပံ့ပိုးပေးတဲ့ ဆရာသမားအားလုံးကို သတိတရ အမြဲထားပြီး မေတ္တာပို့ တယ်။ အခုတလောတော့ ရွှေပိုး အစာအိမ်ကြောင့် ဗိုက်ပြန်အောင့် တာနဲ့ ဇာတ်ကားရိုက် ဖျက်ထားတယ်။ နောက်ထပ်တော့ ကားရိုက်တွေ၊ Photo Shooting တွေ၊ ပရိုဂရမ် လေးတွေ ရိုက်ကူးဖို့ ပြောထားပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071