Saturday, May 24, 2025

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင်...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈...

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...
HomeMoviesမကောင်းတာ လုပ်ထားရင် မကောင်းမှုတွေ...

မကောင်းတာ လုပ်ထားရင် မကောင်းမှုတွေ ပြန်လာမယ်ဆိုတဲ့အသိပညာပေးမယ့် ရုပ်ရှင် ဇာတ်ကားကြီးအထူးပွဲ

ZAW_3333

R Square ရုပ်ရှင် ထုတ်လုပ် ရေးရဲ့ ပထမဆုံး ရုံတင်ပြသမယ့် ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးတဲ့ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကား အထူး ပြသပွဲကို ဇူလိုင်လ (၃ဝ) ရက်နေ့ မနက် ၇ နာရီခွဲ က သမ္မတ အဆင့် မြင့် ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ထွန်းထွန်း၊ ခန့်စည် သူ၊ နေမျိုးအောင်၊ အိချောပို၊ မိုးပြည့်ပြည့်မောင်တို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင် ထားကြပါတယ်။ အဆိုပါ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က……..

” ဒီဇာတ်ကားကတော့ R Square ရုပ်ရှင် ထုတ်လုပ်ရေးက ပွဲခံမယ်။ ထွန်းထွန်း အိချောပိုတို့ ပွဲခံမယ်။ ပြီးရင် ကျွန်တော်တို့ အား လုံး ပွဲခံကြမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဗျာ။ ဒီဇာတ်ကားကို ကျွန်တော်တို့ ၂ဝ၁၆ခုနှစ် ၈ လပိုင်းက စရိုက်ကူးခဲ့ တာ ၁နှစ်ကျော်ပြီ။ မရိုက်ကူးခင်က လည်း ထုတ်လုပ်သူတွေနဲ့ တိုင်ပင် ပြီး ဇာတ်ကိုသေချာ စဉ်းစားတယ်။လိုကေးရှင်း ကြည့်တယ်။ ပြီးတော့ မင်းသား မင်းသမီး သေချာရွေးတယ်။ ထွန်းထွန်းဆိုရင် မရိုက်ခင် ၂လ ထဲက စာချုပ်ချုပ်တယ်။ ၂လအတွင်း တခြားဇာတ်ကား မရိုက်ရဘူး လို့ ပြောတယ်။ ဆံပင်အရှည် ထားခိုင်း တယ်။ လက်သည်းမညှပ်ရဘူး။ အဲဒီလိုပေါ့နော်။ ဖြစ်နိုင်ရင် ရွာသား တစ်ယောက်လို နေဖို့ကြိုပြီးတော့ ပြောပြထားတဲ့ အတွက်ကြောင့် သူလည်းတော်တော် ကြိုးစားတယ်။ အရင်ထက် လုံးဝကို ကွဲထွက်သွား တယ်။ အလုပ်အပေါ်မှာလည်း တအားကြိုးစားတဲ့သူဖြစ်လာတယ်။ အမှန်တိုင်းပြောရရင် ဒီဇာတ်ကားနဲ့ ထွန်းထွန်းကို ထပ်ဆင့်အကယ်ဒမီ မှန်းပါတယ်။ အိချောပိုလည်း မှန်း ပါတယ်”လို့ ဇာတ်ကားအကြောင်း နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်အတွက် အကယ်ဒမီ ရရှိနိုင်ဖို့ မျှော်မှန်းထား ကြောင်းတွေ ကို အခုလို ပြောပြပါတယ်။အဆိုပါ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကား ကို ကြည့်ရှုကြတဲ့ ပရိသတ်များကို ကိုယ်ကသူများကို မကောင်းတာ လုပ်ထားရင် ကိုယ့်ဆီကိုလည်း တစ်နေ့ သွယ်ဝိုက်သောနည်းနဲ့ မကောင်းမှုတွေ ရောက်လာမယ်ဆို တဲ့မက်ဆေ့ခ်ျကို ပေးချင်တာဖြစ် ကြောင်း ဒါရိုက်တာစတီလ်း (ဒွေးမေ တ္တာ)ကပြောပြပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို သြဂုတ်လလယ် အတွင်းမှာ ရုံတင်ပြသသွားမှာ ဖြစ် ကြောင်းသိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071