Saturday, June 27, 2026

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့်...

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊...

မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က...

MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား ဂိုးနည်းပြ လီယိုအိုနာနာ Leo Onana ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ လီယိုအိုနာနာသည် MFF...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...
HomeCelebrities' Newsအိမ်ထောင်ပြုမယ့် အချိန်ကိုတော့ ကြိုတင်...

အိမ်ထောင်ပြုမယ့် အချိန်ကိုတော့ ကြိုတင် စဉ်းစားထားတာ မရှိသေးပါဘူး အေးဝတ်ရည်သောင်း

Aye-Thaung-(1)

အခုလတ်တလော ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ခေတ်ပြန်စားနေတဲ့ သရုပ် ဆောင် အေးဝတ်ရည်သောင်းရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲတဲ့။ အခုလက်ရှိမှာ အသက်၃၃နှစ်ရှိပြီ ဖြစ်တဲ့ အေးဝတ်ရည်သောင်းက အိမ်ထောင် ပြုမယ့် အချိန်ကိုတော့ ကြိုတင်စဉ်းစားထားတာ မရှိသေးပါဘူးလို့ဆိုပါတယ်။

“အချစ်ရေးကတော့ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှ၊ နားလည်မှု တွေ အများကြီးနဲ့ တည်ဆောက်ရတာပေါ့။ ဒါပေမဲ့လည်း ပေါင်းရတာ မပေါင်းရတာကျတော့လည်း ကံရယ်၊ သူတို့နှစ်ယောက်ရဲ့ ဖူးစာပေါ်ရယ် မူတည်တယ်ဆိုတော့ ကိုယ်စဉ်းစားတာ တစ်ခါတလေကျရင် ဖြစ် မလာတာရှိတယ်ဆိုတော့ တအားကြီးမျှော်လင့်ချက်ထားပြီးစဉ်းစား ထားတာ မရှိပါဘူး။ ကိုယ့်ဘက်ကပဲ အကောင်းဆုံး ဖြစ်အောင်နေ ပါတယ်။ ဘယ်အချိန်မှ အိမ်ထောင်ပြုဖို့စဉ်းစားလဲဆိုတော့ အရင် တုန်း က ၂၄နှစ်မှာ မင်္ဂလာဆောင်မယ်လို့ စဉ်းစားလိုက်တယ်။ ယောက်ျားယူချင်တယ်ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ၂၄ကို ဘယ် လိုကျော်လာမှန်းမသိဘူး။ ကိုယ်သတိရလာတဲ့ အချိန်မှာ အသက်၃ဝကျော်နေပြီ။ ကိုယ်တကယ်ယူချင်တဲ့အရွယ်က ကျန်တောင် ကျန်ခဲ့ပြီဆိုတော့ အခုတော့ မစဉ်းစားတော့ဘူး။ မနက်ဖြန်ယူချင်လည်း ယူဖြစ်သွားမှာဆိုတော့ ကြိုမတွေး တော့ဘူး” လို့ ပြောပါတယ်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်က အေးဝတ်ရည်သောင်းရဲ့ ဓာတ်ပုံတွေအောက်မှာ ကဗျာတွေလာရေးကြတဲ့ သူတွေ အများအပြားရှိကြပါတယ်။ တခြားသူတွေနဲ့ မတူဘဲ ဒီလို ကဗျာရေးတတ်တဲ့ ပရိသတ်တွေ ရရှိထားတာက သူ့အတွက် ကံကောင်းမှု တစ်ခုပါပဲလို့ ဆိုပါတယ်။

” အဲဒီကဗျာလေးတွေကို ဖတ်ပြီးနိုးရတဲ့မနက်က တော်တော် မင်္ဂလာရှိတယ်။ သူတို့ရေးထား တဲ့ကဗျာတွေ က ချစ်စရာလေး။ ညဘက်ဆိုလည်း အဲဒီလေးတွေဖတ်ပြီး အိပ်ရတာ ပေါက်စီအတွက်အလုပ် တစ်ခုလိုဖြစ်နေ တယ်။ အဲဒီကဗျာတွေဖတ်ရတာ တအားပျော်ပါတယ်။ ကိုယ့် Post အောက်မှာ ကိုယ့်ညီမအစ်မလို သဘော ထားပြီးရေးကြတယ်။တချို့ကဆို တီတီအေးသောင်း၊ အန်တီအေးသောင်းဆိုပြီး ကိုယ့်ရဲ့ အဒေါ်လို သဘောထားပြီး ရေးကြတယ်။ တစ်ဦးတစ်ယောက် ချင်းစီရဲ့ စိတ်အပေါ်ပဲ မူတည်တယ်။ သူတို့အား လုံးရဲ့ စိတ်ဓာတ်တွေ အကုန်လုံးကို ပေါက်စီ ကျေးဇူးတင်တယ်။ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်း ခလေးပဲ ဖြစ်ဖြစ် ကိုယ်ချင်းစာပြီး ကိုယ့်အစ်မ ကိုယ့် ညီမလို သဘောထားတဲ့အတွက် ပေါက်စီကျေနပ်ပါ တယ်။ ပေါက်စီအတွက် ဘုရားပေးတဲ့ဆုပါပဲ”လို့ပြောပါတယ်။

လတ်တလောမှာ အေးဝတ်ရည်သောင်းက မင်္ဂလာရှိသော အရပ် ဇာတ်လမ်းတွဲကို မြင့်မြတ်၊ Kelvin Kate ၊ နွယ်ဒါလီထွန်းတို့နဲ့ ရိုက်ကူး နေပါတယ်။ အခုအချိန်မှာ ပရိသတ်တွေအတွက် အရင် ထက် ၂ဆပိုပြီး ကြိုးစားသွားမှာဖြစ်ကြောင်းပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071