Friday, June 27, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeArticlesဒီလူဘယ်လောက်တန်လဲ

ဒီလူဘယ်လောက်တန်လဲ

kyawthu

ဇူလိုင်လ ၂ ရက်နေ့က အစ်ကိုဦးကျော်သူ၊ အစ်မဒေါ်ရွှေဇီးကွက်တို့ အိမ်မှာ နာ/ကူ(ရန်ကုန်)အသင်းရဲ့ BOD အစည်းအဝေးမစမီ၊ အစ်ကို့ ကျန်းမာရေး နှလုံးခွဲစိတ်ကုသ ခံယူခဲ့မှု အကြောင်း ပြုကာ စကားထဲမှ တရား ရခဲ့ရပါ တယ်။ အစ်မက အစ်ကို့ ကျန်းမာရေး အတွက်မှာ ကုန်ကျရမယ့် ငွေကိစ္စကို နေ့ချင်းတွက်ချက် ဆုံးဖြတ်ချက်ချ လိုက်ပုံကို ပြောပြ တဲ့အခါမှာ လူတွေဟာ ကိုယ်လိုချင်ကြတာ အတွက်ကုန်ကျရင်၊ ဝမ်း သာအားရဖြစ်ကြပြီး မလိုချင်တာ အတွက်ကုန်ကျရင်၊ စိတ်အနှောင့်အယှက် ဖြစ်ကြပုံကို ကားတစ်စီး ဝယ်လို့ ငွေကိုထု တ်သုံးလိုက်ကြရရင် ဝမ်းသာပေမယ့် ကျန်းမာရေးမှာ သုံးလိုက်ရတဲ့အခါ ဝမ်းမသာကြောင်း ဥပမာပေးပါတယ်။
ဒီအခါမှာ ဘောလုံး သုံးလုံးပါ ပိုက်လေးနဲ့ နှလုံးလေ့ကျင့်ခန်း ပြုလုပ်နေတဲ့ အစ်ကို ဦးကျော်သူကို ကျွန်တော် လှမ်းကြည့်မိတယ်။ အရင်ကဆို စီးကရက်သောက်နေကျ အစ်ကိုခမျာ၊ ဆေးရုံမှ ဆရာဝန်ကြီးတွေမှာကြားစေခိုင်းထားတဲ့ အတိုင်း ဘောလုံးလေးတွေ နဲ့ လေ့ကျင့်ခန်း ကို မပျက်မကွက် အားစိုက် လုပ်နေရှာ တယ်။

 အစ်ကိုနှလုံး ခွဲစိတ်မှုအောင်မြင်လို့ အခြားသူတွေလည်း ဆေးကုသ ခံယူကြဖို့ စိတ်ဆန္ဒဖြစ်တဲ့တိုင် ငွေကြေး ကုန်ကျစရိတ်ကို တွေးဆပြီး မပြုလိုကြတဲ့ အဖြစ်ကို ကိုယ်ချင်း လည်း နိုင်းစာလို့ရသား။ သို့ပေမဲ့ လူ့အသက်ထက် ဘယ်အရာတွေက ပိုတန်ဖိုး ထားစရာဖြစ်နေလေ လဲ လို့ မတုံ့မဆိုင်း အတွေးရောက် မိပါတယ်။ တရားရ တရားကျဖွယ် စကားနဲ့အတူ မတွေးခဲ့ ဖူးတာလေးတွေး မိပြီးကိုယ့် ကိုယ် ကိုယ် ပြန်မေးမိ တယ်။ “ငါရောကားဘယ်နှစ်စီး၊ တိုက်ဘယ်နှစ်လုံး တန်လေမလဲ”ရယ်လို့….

တကယ်တော့ ဒီရက်ထဲ ကျွန်တော်ရော၊ ဇနီးသည်ရော သာမက သမီးလေးတို့ပါ သိပ်ကျန်းမာ လှတာမဟုတ်။ နာရိပ်၊ ဖျားရိပ်လေး မပေါ်ခင်ကတည်းက ဆေးကို ကြိုတင်သောက်ထားရတဲ့ တိုင် အောင်၊ ရောဂါဝေဒနာ အလစ် အငိုက် မဝင်လာအောင် ၊အပြန်အလှန် သတိပေး စကားတွေ ဆိုပြီးသည်း သည်းလှုပ်နေကြရတာက ဆေးဖိုး အပို မထွက်လိုကြတာ ကြောင့်ဆိုတာ သေချာပါတယ်။ ကိုယ်တွေ ရဲ့စိတ် ထဲဖြစ်နေတာ နဲ့အစ်မပြောတဲ့ စကားကွက်တိပေမို့ အစ်မက အစ်ကို ဦးကျော်သူနှလုံးခွဲစိတ်သလို ခွဲစိတ် ကုသလို ကြပေမယ့် တုံ့ဆိုင်းနေကြ ရသူတွေ အကြောင်း တွေးကာ စာနာမိပါတယ်။

 အိမ်သစ်တစ်လုံး၊ ကားသစ်တစ်စီးဝယ်လို့ မိသားစုတွေပျော်မြူးဝမ်း သာသလို၊ ကုန်ကျငွေအတွက်ကျေ နပ်နိုင်ကြသလို ကိုယ့်ခန္ဓာ ကိုယ်ကြီး အတွက် ကုန်ကျတဲ့ငွေကြေး အပေါ် မိသားစုတွေ ကျေနပ်နိုင်ဝမ်း သာနိုင်တဲ့ အဖြစ်မျိုး ရှိပါက ကောင်းလေစွ လို့ တွေးရင်းတွေး ရင်း လွယ်အိတ်ထဲ ဘိုင်အိုဂျက်ဆစ် တစ်လုံး အမြန်ဆုံး ရှာဖွေလိုက်မိတယ်။ ဘန်ကောက် မပြောနဲ့၊ အိမ်နား က ဆေး ခန်းတောင် နှာစေးချောင်းဆိုးပြ လည်း တစ်ခါပြ ငွေကျပ် ၅ထောင်အထက်က အသာလေးမဟုတ်လား။ အခုကာလ flu က တစ်ခါ ကူးရင်လေးငါးရက် နဲ့ အရှင်းမပျောက်တတ်ဘူး ဆိုတော့လေ။

ကျန်းမာချမ်းသာကြပါစေ
ကိုမျိုး(မြန်မာစာ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071