Friday, June 27, 2025

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...
HomeCelebrities' Newsသားဖြစ်သူရဲ့ မွေးနေ့အလှူမှာ တရားနာရင်း...

သားဖြစ်သူရဲ့ မွေးနေ့အလှူမှာ တရားနာရင်း မျက်ရည်ကျခဲ့ရတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်

 

zin1

 

ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ သားဖြစ်သူ မင်းသန့် မောင်မောင်ကတော့ ဇူလိုင်လ ၃ ရက်နေ့မှာ အသက် ၂ဝ နှစ်ပြည့်ပြီဖြစ်တာကြောင့် အသက် ၂ဝနှစ်ပြည့် မွေးနေ့အလှူကို ဖခင်ဖြစ်သူက ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁ဝ နာရီက ဗဟန်း မြို့နယ်ရှိ မဟာ ဝိသုဒ္ဓါရုံ ကျောင်းတိုက်မှာကျင်းပ ပြုလုပ်ပေး ခဲ့ပါတယ်။

မွေးနေ့အလှူတရားနာ ရေစက်ချခဲ့တဲ့အပြင် သံဃာတော် အပါး ၁၆ဝကိုလည်း နေ့ဆွမ်း ဆက် ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ မင်း သန့်မောင်မောင်ကတော့ အမေရိကန်နိုင်ငံမှာ ပညာ သင်ကြား လျက်ရှိတာကြောင့် တရားနာချိန်မှာ အင်တာနက် Face Time က တစ်ဆင့် တရားနာယူခဲ့ပါတယ်။ ဒီလို မွေးနေ့အလှူလေး ပြုလုပ်ဖြစ်တဲ့ အပေါ် ဖခင်ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ ဝမ်းသာပီတိ စကားသံက…

zin2
“ဒီနှစ်တော့ သားလည်းတရားနာရင်း မျက်ရည်ကျခဲ့ရတယ်။ ကျောင်းတက်နေရတော့ နည်းနည်းလည်းအနေဝေးသွားတယ်။ ဒါကြောင့်သားကိုလည်း အဖေက သတိရတယ်။ ဆရာတော်ကြီးက လည်း Face Time နဲ့ တရားပေး တော့ ဝမ်းနည်းရတယ်။ ဒီကျောင်း မှာလည်း သံဃာအပါး ၁၆ဝအတွက် ရာသက်ပန် လှူဒါန်းမှုကိုလည်း အစဉ်အလာမပျက် လုပ်နိုင်ခဲ့တယ်။ သားလည်း ၅ပါးသီလ ဆောက်တည်တယ်။ သူ့အတွက် ဝမ်းသာရပြီး ဆွေမျိုးအပေါင်းအသင်းတွေ၊ မိတ် ဆွေတွေလည်း အားလုံးလာရောက်ကြတဲ့အတွက်ပါ ဝမ်းသာရ ပါတယ်”လို့ ပြောပြပါတယ်။
လက်ရှိမှာဒါရိုက်တာ စင်ရော်မောင်မောင်က ကိုရီးယား နိုင်ငံမှာ သွားရောက်ပြီး ခါးခွဲစိတ်မှုပြုလုပ်ခဲ့ရတာကြောင့် မြန်မာနိုင်ငံမှာပဲ အနား ယူနေရပါတယ်။ ပြန်လည်ကောင်း မွန်တဲ့အခါ သားဖြစ်သူဆီ တစ်ခါလောက် သွားရောက်ချင်တယ် လို့ဆိုတဲ့ ဒါရိုက်တာ စင်ရော် မောင်မောင်က “ကျွန်တော်အခု ကိုရီးယားမှာ ခါးခွဲစိတ်ခဲ့တယ်။ ၂ပတ်ကျော် လောက် ရှိပါပြီ။ ခါးကတော့ ကောင်းသွားပြီ။ ဒါပေမဲ့ ဘယ်ဘက် ဒူးခေါင်းနဲ့ ကြွက်သား နည်းနည်းနာနေသေးတယ်။ ခြေထောက် မကောင်း တော့ နည်း နည်းဝမ်းနည်းမိတယ်။ နေပြန် ကောင်းရင် တစ်ခါလောက် သွားတွေ့ဦးမယ်။ အဖေကတော့ သားကို အောင်မြင်တဲ့ဒါရိုက်တာ တစ်ဦးဖြစ်စေချင်တယ်။ အမေ တူသား သရုပ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်စေ ချင်တယ်။

သားပြန်လာရင် သားနဲ့အတူ ဇာတ်ကားတစ်ကား ရိုက်ကူးမယ်။ ပြီးရင်တော့ သူ့ကိုလွှတ်ပေးလိုက်မှာပါ။ သူဒါရိုက် တာလုပ်ရင် ကျွန်တော် နောက်ကပံ့ပိုးပေးမှာပါ”လို့ ဒါရိုက်တာ စင်ရော်မောင် မောင်က သားဖြစ်သူအပေါ်မျှော်မှန်းချက်ကို ဆက်လက်ပြောပြ ပါတယ်။

သားဖြစ်သူမင်းသန့်မောင်မောင်နဲ့အတူ ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားတဲ့ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကား ကြီးကလည်း ပြသဖို့ ရုံတန်းစီနေတယ်လို့သိရပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071