မွေးနေ့အလှူအဖြစ် မိဘမဲ့ကလေးကျောင်းမှာ အရုပ်တွေကို ကံစမ်းမဲဖောက်ပေးဦးမယ့် နန်းမြတ်ဖြိုးသင်း

0
59

Nan Myat

နန်းမြတ်ဖြိုးသင်းက မွေးနေ့ အလှူအဖြစ် ဇွန်လ ၂ရက်နေ့က နေရာအစုံမှာ အလှူဒါနများ ပြုလုပ်ခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးဖို့ ညောင်ဦးရောက်ရှိနေတဲ့ အတွက် ညောင်ဦးမှာရှိတဲ့ရွှေဂူမိဘမဲ့ပရဟိတကျောင်းမှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းခဲ့သလို သန်လျင်ကျောက်တန်း သဒ္ဓမရံသီတရားစခန်းမှာ လည်း နေ့ဆွမ်းလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဂန့်ဂေါမြို့နယ်စက်ရေတွင်း(၁)တွင်းနဲ့ သဒ္ဓမ္မရံသီကျောင်းမှ ဆရာတော်နှင့် သံဃာတော်များအား အလှူငွေများလည်း လှူဒါန်းခဲ့သလို မနှစ်ကမွေးနေ့မှာ လှူဒါန်းထားတဲ့နာရေးကား ပြင်ဆင်ရန် အတွက်လည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ မွေးနေ့တိုင်းမှာ အလှူအတန်းများနဲ့ဖြတ်သန်းတဲ့ နန်းမြတ်ဖြိုးသင်းက…

” မွေးနေ့အလှူက မနှစ်ကတော့ နာရေးကူညီမှုအသင်း တစ်နေရာပဲ လှူဖြစ်တယ်။ ဒီနှစ်ကတော့ အပြောင်းအလဲဖြစ်အောင် နောက် ပြီး နေရာအစုံမှာလည်း ကိုယ့်အလှူလေးပျံ့နှံ့သွားအောင် ရည်ရွယ်ပြီး လှူ ဖြစ်ပါတယ်။ ဒီနှစ်ထူးထူးခြားခြားကတော့ ဂန့်ဂေါမြို့နယ်ဘက်မှာ စက်ရေတွင်းတစ်တွင်းလှူ ဖြစ်ပါတယ်။ ပြီးတော့ နန်းမြတ်လုပ်ချင် တာတစ်ခုရှိပါသေးတယ်။ နန်းမြတ်ပုပ္ပါးကို သယ်လာမလို့ လုပ်ပေမယ့်အဆင်မပြေလို့ပါ။ နန်းမြတ်အမြဲစုထားတဲ့အရုပ်တွေ အများကြီးရှိတယ်။ ပရိသတ်တွေပေးထားတာတွေလည်းပါ တယ်။ မွေးနေ့လက်ဆောင်ရတာတွေလည်းပါတယ်။ ကိုယ် ကြိုက်လို့စုထားတာတွေလည်းပါတယ်။ အဲဒါတွေ အကုန်လုံးကို ရန်ကုန်ပြန် ရောက်တဲ့အခါကျရင် မိဘမဲ့ကလေး ကျောင်းကိုသွားပြီး ကံစမ်းမဲနှိုက်ပြီးမဲဖောက်ပေးမှာပါ” လို့ မွေးနေ့အလှူအတန်းများနဲ့ပတ်သက်ပြီး ပြောပါတယ်။

နန်းမြတ်ဖြိုးသင်းက စာရေးဆရာ လယ်တွင်းသား စောချစ်ရဲ့”ပန်းမြိုင်လယ်ကဥယျာဉ်မှူး” ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးနေတဲ့ “နေခြည်မှာရွှေရည်လောင်း” ရုပ်ရှင်ဇာတ်ကားမှာ ကျောင်းဆရာမတစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်နေပြီး ပုပ္ပါးမှာ သွားရောက်ရိုက်ကူး နေပါတယ်။ ရာသီဥတုက တအားပူပြင်းပေမယ့် ရိုက်ကွင်းရှုခင်းတွေက လှပပြီးအညာဒေသမှာပထမဆုံး ရိုက်ကူး ဖူးခြင်းဖြစ်ကြောင်း နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။ နန်းမြတ်ဖြိုး သင်းရဲ့ မွေးနေ့မတိုင်ခင် ည၁၂နာရီမှာတော့ ရိုက်ကွင်း အဖွဲ့သားတွေဖြစ်တဲ့ ကျော်ထက်အောင်၊ ကျော်ကျော်၊ ထွန်းထွန်း၊ အေးမြတ်သူတို့က Surprise လုပ်ခဲ့ကြပါတယ်။ ” ကိုယ့်အစ်ကို၊ အစ်မတွေက မွေးနေ့ Surprise လုပ်တဲ့အတွက် အရမ်းပျော်ပါတယ်” လို့နန်းမြတ်ဖြိုးသင်းကပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here