အန္တရာယ်ကြားက စေတနာသမား

0
209

sand

ဇာတ်ကားက ၂ဝ၁၇ ခုနှစ် မေလဆန်းပိုင်းက ထွက်ရှိလာခဲ့ပြီး အခုမှအမေရိကန် အပါအဝင် နိုင်ငံတကာ ရုပ်ရှင်ရုံကြီးတွေမှာ ပြသခွင့်ရတာ ရုံတင်ရက်နှစ်ပတ်ကျော်ကျော်သာ ရှိပါသေးတယ်။

ဒါရိုက်တာ Fernando Coimbra ရိုက်ကူးတင်ပြလိုက်တဲ့ စစ်ဒရာမာ အမျိုးအစား ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာ ထူးခြားတာက မင်းသမီးသရုပ်ဆောင်မပါဘဲ၊ ယောကျာ်း ဇာတ်ကောင်တွေချည်း သရုပ်ဆောင် ရတဲ့ဇာတ်ကား ဖြစ်နေတာပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် စစ်သားလေး “မက်အိုကား” နေရာမှာ Nicholas Hoult ဆိုတဲ့ မင်းသားက သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းက ၂ဝ၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့ညမှာ စတင်ဖြစ်ပွားခဲ့ရတဲ့ အီရတ်စစ်ပွဲကို အခြေခံထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ “ဂျော့ဒဗလျူဘွတ်ရှ်” သမ္မတ အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့အချိန် ၊ အထပ်ပေါင်းများစွာ မြင့်တဲ့ အဆောက်အအုံကြီးကို အကြမ်းဖက် လေယာဉ်နှစ်စင်းနဲ့ဝင် ရောက်တိုက် ခိုက်ခြင်းခံရလို့ နေတိုးအဖွဲ့ရဲ့ နိုင်ငံ ပေါင်း ၃ဝကစစ်သားတွေ စုပေါင်းပြီး ဆက်ဒမ်ဟူစိန်ရဲ့ အီရတ်နိုင်ငံကို ရာဇသံပေးပြီး ဝိုင်းဝန်းတိုက်ခိုက်ပြီးတဲ့နောက် အီရတ်နိုင်ငံအတွက် အစိုးရသစ် ဖန်တီးပြီး မလွှဲပြောင်းနိုင်သေးခင်ကာ လအတွင်းမှာ စစ်ဘေးစစ်ဒဏ် ကြောင့် ဒုက္ခရောက်ကြရတဲ့ ပြည်သူ တွေကို တာဝန်ယူကြရတာမှာ အမေရိကန်အစိုးရရဲ့ တာဝန်က အဓိကကျနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီစစ်ကို သူဦးဆောင်ပြီး တိုက်ခိုက်ခဲ့ရတာကိုး။

အီရတ်ပြည်သူတွေမှာ အလုပ်အကိုင် အစာရေစာ ခက်ခဲ ခြင်းတွေထဲက ရေလုံးဝ ပြတ်တောက်ပြီး ရေဘေးသင့်နေတဲ့ အခက်အခဲဒုက္ခကြီးက ပိုဆိုးဝါးနေပါတယ်။ အဲဒီမှာ စစ်ပွဲပြီးတော့ သူတို့တာ ဝန်ပြီးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံပေါင်း ၃ဝ ကျော်က တပ်တွေ ပြန်သွားကြတဲ့အချိန်၊ အီရတ် တိုင်းပြည်ပျက်ကြီးကို စောင့်ကြပ် တာဝန်ယူထားရတဲ့ အမေရိကန် စစ်တပ်ဟာ ပြည်သူတွေ ရေလုံးဝ မရှိတဲ့ ပြဿနာကို ဖြေရှင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီမှာ ၂ဝဝ၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က စစ်ထဲကို စတင် ဝင်ရောက်လာတဲ့ လူငယ် Matt Ocre ရဲ့ အဲဒီအဖြစ်အပျက်ထဲမှာ ဖြတ်သန်းရတဲ့ အကြောင်းကိုအဓိကထားတဲ့ ဇာတ်ကြောင်း ဖြစ် နေပါတယ်။

သူစစ်ထဲဝင်လာရတဲ့ အကြောင်း အရင်းက အထက်တန်းအောင်ပြီး ကောလိပ်တက်ဖို့ ပိုက်ဆံမရှိတဲ့ အတွက်ကြောင့် ရောက်လာရတာပါ။ သူဟာ စစ်ပွဲတွေမှာ အမြဲ ကံကောင်း လေ့ ရှိတယ်လို့ လူတွေပြောကြဆိုကြပါတယ်။ အဲဒီတော့ သူ့ဘဝရဲ့ ကျန်တဲ့အချိန်တွေမှာ သူ့ရဲ့သမိုင်း ကြောင်းဟာ ဒီလိုရှိခဲ့တယ် ဆိုတာကို ပြောပြချင်ပါတယ်တဲ့။အခုဖြစ်နေတာ အီရတ်မှာ။ အီရတ်တွေ စစ်ရှုံးတယ်ဆိုပေမယ့် ဆက်ဒမ်ဟူစိန်ရဲ့ ဘက်တော်သား တွေဟာ တောင်ကြားတွေမှာ ပုန်းခိုပြီး တိုက်ခိုက်လျက် ရှိနေ ပါသေးတယ်။ အမေရိကန်တွေကို အီရတ်ပြည်သူတွေက သူတို့အတွက် စားဝတ်နေရေး စွမ်းဆောင်ပေး နေတာ မှန်ပေမယ့် ဘယ်အီရတ် လူမျိုးကမှ အမေရိကန်စစ်တပ်ကို အကူအညီ မပေးရဲဘူး။ ဒီနေ့ ရေတစ်ခွက် ထွက်တိုက်ရင်မ နက်ဖြန် သတ်အပစ်ခံရတာပဲ။ အခုမြို့ကြီးနဲ့ မိုင်အများကြီးဝေးတဲ့ ကန္တာရထဲမှာ အမေရိကန် စစ်သား တွေ အီရတ်တွေအတွက် ရေရအောင် တူးဖော်နေကြရပါတယ်။ နေ့စဉ် ချောင်းမြောင်းပြီးတော့ ပစ်သတ်ခံနေရပါတယ်။ အခု ကူဝိတ်ကနေ တာဝန်ခွဲပြီး ပို့လိုက်တဲ့ အမေရိကန် စစ်သားတွေထဲမှ Matt Ocre တစ်ယောက် ပါလာပါပြီ။ သူ့အတွက် ကံကောင်းမလား၊ ဆိုးမလားဆိုတာကို ကြည့်လိုက်ကြပါဦး။

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here