Looking for something?

Explore the website

Looking for something?

Saturday, May 24, 2025

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း...

အီတလီသံရုံးနှင့် AWBA Group တို့...

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ...
HomeArticlesငါးမည်ရကျွန်း

ငါးမည်ရကျွန်း

ceo
မြန်မာနိုင်ငံမှ စိန်ဖူးတော်ကပ်လှူထားသော မဟာစေတီ(အနုရာဓပူရမြို့)

လင်္ကာပြည့်ရှင် ရာဝဏရဲ့ မြေကိုနင်းမိချိန်ဟာ ညသန်းခေါင်မို့ လမင်းရဲ့ကပိုကရိုအလင်းရောင်အောက်မှာ ဒဿဂီရိရဲ့ သီရိလင်္ကာ၊ ကိုလံဘိုလေဆိပ်ဟာ မှေးစက်ဖို့ ခက် နေတဲ့ အဆွေးသမားလို ငြိမ်သက် နေပါတယ်။ လေဆိပ်ထဲမှာတော့ ရာဇဝင်ပုံပြင်တွေထဲ ဝိဇယမင်း မျိုး ဆက်တွေက လူဝင်မှုကြီးကြပ်ရေး အလုပ်ကိုဟန်အပြည့်နဲ့ လုပ်နေကြတာပေါ့။

ကိုလံဘိုလေဆိပ်ထဲမှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ
ကိုလံဘိုလေဆိပ်ထဲမှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ

“လဝက” ကဖြတ်ပြီး၊ ပစ္စည်းရွေး ပြီးလို့ ထွက်လာတဲ့အခါ လေဆိပ်ရဲ့ ဆိုက်ရောက်ခန်းမထဲက အခွန်ကင်းလွတ်ဈေးဟာ လျှပ်စစ်ပစ္စည်းတန်း ကြီးဖြစ်နေတာများ ဘားလမ်းရောက် သွားလားအောက်မေ့ရတယ်။ အဝတ်လျှော်စက်တွေ၊ ရေခဲသေတ္တာ တွေပါ ရောင်းကြတော့ ဘယ်လိုဈေးကွက် ဖြစ်နေလို့ပါလိမ့်ဆိုပြီးအံ့သြမိတယ်။ လေဆိပ်ထဲက ငွေလဲကောင် တာလေးတွေကလည်း အပြိုင်အဆိုင် ဖောက်သည်ခေါ်ကြတာများ၊ညသန်း ခေါင်ဆိုတဲ့အချိန်ကိုပါ မေ့လောက် အောင် စည်ကားရှုပ်ယှက်ခတ်နေ ပေါ့။ လေဆိပ်ထဲက ငွေလဲနှုန်းက ပိုရတဲ့သဘောတွေ့ရတယ်။

အလင်းတိုင်၊ အမွှေးတိုင်များကို တံတိုင်းပြင်ပတွင် လာရောက်ပူဇော်ကြရပုံ
အလင်းတိုင်၊ အမွှေးတိုင်များကို တံတိုင်းပြင်ပတွင် လာရောက်ပူဇော်ကြရပုံ

မနက် ၂ နာရီမှ ဟိုတယ် ရောက်တော့ ပတ်ဝန်းကျင်ဟာ ဘယ်လိုလဲလို့ ကြည့်ဖို့အဆင်မပြေ။ “မောမော”နဲ့ အိပ်ရာထဲ ဒိုင်ဗင်ထိုးလိုက်တာ မနက်ကျမှ ဟိုတယ်ဟာ ကမ်းခြေကဟိုတယ်ဖြစ်မှန်း သိတော့တယ်။ အဲဒီနေရာကပဲ သိပ်မလှလို့ လားမသိ၊ ကိုလံဘိုရဲ့ ပင်လယ်ကမ်းခြေဟာ ကျွန်မကို မဆွဲဆောင်နိုင်ခဲ့ ပါဘူး။ သီရိလင်္ကာကို လာရတဲ့ရည် ရွယ်ချက်က မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲအောက် စွယ်တော်ကိုဖူးမြော် ဖို့ဖြစ်လို့စွယ်တော်အပူဇော်ခံရာ ကန္ဒီ မြို့ကို (၃) နာရီခရီးဆက်ရပါတယ်။

ကလျာဏီစေတီရှိကျောက်ဆစ်လက်ရာ
ကလျာဏီစေတီရှိကျောက်ဆစ်လက်ရာ

သီရိလင်္ကာနိုင်ငံသားတွေဟာ အသားမည်းပေမယ့် အပြုံးဖြူကြတယ်။ လူတိုင်းပြုံးလွယ်တဲ့ မနောနုနုဟာ ကြမ်းတမ်းတဲ့ဓာတ်လေးပါး ရုပ်ကိုယ်ထဲကနေ လက်ခနဲတွေ့ရ လေ့ရှိပါတယ်။ =အိုင်ဘိုဝါ (မင်္ဂလာပါ)+ ကို ပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့တဲ့သူတိုင်း ပြောနိုင်ကြတယ်။ ထေရဝါဒကိုးကွယ်ပေမယ့် အစားအသောက်မှာတော့ မဟာယနဆန်စွာ သက်သတ်လွတ်တွေပဲ အစားများကြတယ်။ ဘုရား ကျောင်းကန်သွားရင် အဖြူဝမ်းဆက် ပဲဝတ်ကြလို့ နိုင်ငံတကာက ဘုရားဖူး တွေလည်း အဖြူတွေပဲဝတ်ဆင်ကြ ရတယ်။ ဘုရားရှေ့မှာခြေဆင်းထိုင် ပြီး ရတနာသုံးပါး ဂုဏ်ကိုအာရုံပြု ကြတယ်။ အဲဒီလို ခြေဆင်းတာဟာ သူတို့အတွက် အဂါရဝမဟုတ်ဘူး။

ceo9
ခေါင်းလောင်းကိုလည်း သီးခြား မျှော်စင်နဲ့ထားတာလည်း တွေ့ရ

ဘုရားအုတ်တံတိုင်းတွေမှာ ဆင်မည်းရုပ်တုတွေ (ဦးခေါင်း၊ နှာ မောင်း)တွေ ကပ်ထားတာ၊ မြတ်စွာ ဘုရားရဲ့ စွယ်တော်လှည့်လည် အပူ ဇော်ခံရင် ဆင်အကောင် ၁ဝဝသုံး တာ၊ ဘုန်းကြီးကျောင်းတွေမှာ ဧရာမဆင်စွယ်ကြီးတွေ ရှိနေတာ ကို ကြည့်ရင် ဆင်းရဲ့အခန်းကဏ္ဍက ကြီးမားတယ်ဆိုတာ မှန်းဆလို့ရ တယ်။ ဆင်ကိုအလေးထားကြပေ မယ့် နိုင်ငံတော်အလံကတော့ ခြင်္သေ့ ပါ။ သူတို့ဟာ ခြင်္သေ့လိုရဲရင့်တဲ့ စင်ဟာလီလူမျိုးတွေပါတဲ့။

ဒက္ခိဏသာခါမဟာဗောဓိညောင်ပင်အောက်ရှိ တန်ဆောင်းတွင်ဝတ်ပြုနေကြသူများ
ဒက္ခိဏသာခါမဟာဗောဓိညောင်ပင်အောက်ရှိ တန်ဆောင်းတွင်ဝတ်ပြုနေကြသူများ

ဘုရားနဲ့ အုတ်တံတိုင်းကြားက နေရာမျိုးတွေမှာ အမွှေးတိုင်၊ ဖယောင်းတိုင်ပူဇော်ဖို့ လုပ်ထား ပေးတယ်။ အလင်း၊ ဆီမီးပူဇော်ဖို့ ဆို မှန်အိမ်ကြီးတွေ လုပ်ထားပေးတယ်။ ဘုရားရင်ပြင်ပေါ်မှာ မညစ်ပတ်စေ ဖို့ ပန်းကလွဲပြီး ဘာမှလှူတာ မတွေ့ ရ။ ဘုရားမှာ ဂြိုဟ်ရှစ်ခွင်ရယ်လို့ သတိမထားမိ။ ခေါင်းလောင်း ရှိ တတ်ပေမယ့် ခေါင်းလောင်းကို အချိန်နဲ့ ထိုးသလားမသိ။ ကိုယ်ထိုး တဲ့အချိန်မှာ မထိုးဖို့လာတားပါ တယ်။ သာသနာ့အလံ စတင်ပေါ် ထွန်းတဲ့ နိုင်ငံဖြစ်လို့ အလံတွေဟာ ပိတ်လိပ်လိုက် ရောင်းသလို၊ လမ်း တစ်လျှောက် သာသနာ့အလံ ထူ ထားတာတွေက အားပါးတရပါပဲ။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ဟာ ဒီ နှစ်ကိုလံဘိုမှာ ကျင်းပတာကြောင့် သီရိလင်္ကာနိုင်ငံသားတွေဟာ ကဆုန် လပြည့်၊ ဗုဒ္ဓနေ့ကို ပူဇော်ကြတာက တော့ ရက်သတ္တပတ်ထိပါပဲ။ လူတိုင်း နီးပါး အဖြူဝတ်တွေနဲ့ ဖွေးလှုပ်နေ တော့တာပါပဲ။

အလင်းပူဇော်ရန်အတွက် မှန်အိမ်
အလင်းပူဇော်ရန်အတွက် မှန်အိမ်

လက်ကျန်ရှေးဟောင်း ယဉ် ကျေးမှု အနုလက်ရာတွေဟာ အိန္ဒိယ နဲ့ ယှဉ်ရင် ပိုကျန်ပါတယ်။ သာသနာ နောက်ပိုင်းကျတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်း ၉ဝဝ ကျော် ကိုလိုနီ လက်အောက်ခံဖြစ် ခဲ့ပေမယ့် ဗုဒ္ဓဘာသာကို မြတ်နိုးစွာ စောင့်ရှောက်နိုင်ခဲ့တာ လေးစားစရာ ပါ။ လင်္ကာဒီပ၊ တမ္ဗပဏ္ဏိဒီပ(ကျွန်းနီ)၊ သီဟိုဠ်၊ စီလုန် (ကိုလိုနီပေးသော နာမည်)၊ သီရိလင်္ကာစသည်ဖြင့် ငါးမည်ရ ကျွန်းကလေးဟာ နှယ်နှယ် ရရ ဟုတ်ရိုးလား။ စတုတÄသံဂါယနာ တင်ခဲ့တဲ့ ကျွန်း၊ ဝိသုဒ္ဓိမဂ်ကျမ်းကြီး ပေါ်ထွန်း ရာနိုင်ငံ၊ ကမ္ဘာ့သက်တမ်း အရှည်ဆုံး ဗောဓိပင်ကြီးတည်ရှိရာ နေရာ၊ မြတ်စွာဘုရားရဲ့ လက်ဝဲ အောက်စွယ်တော် ကိန်းဝပ်ရာ ကျွန်း နိုင်ငံလေ။

ceo7
ညောင်ရေသွန်းရန် တန်းစီနေကြသူများ

လမ်းထောင့်၊ ရပ်ကွက်ထောင့် တွေမှာ ဘုရားရုပ်တု (သို့မဟုတ်) ခရစ်ယာန်သူတော်စင်ရုပ်တုတွေ တွေ့ရခြင်းဟာ ဗုဒ္ဓဘာသာနဲ့ ခရစ် ယာန်ဘာသာဝင်တွေများကြောင်း ပြယုဂ်ပါပဲ။ မွန်ပြည်နယ်ကလို ကျောက်တောင်ကြီးတွေ အလွန်များ ပါတယ်။ ကျောက်ဆစ်ရုပ်တွေကို လည်း နိုင်နင်းတဲ့အတွက် ဘုရားပရ ဝုဏ်တွေမှာ သူတို့ရဲ့ ယုံကြည်မှုနဲ့ အနုပညာကို ပိုလို့အကဲ ဖြတ်နိုင်ကြ ပါလိမ့်မယ်။

စေတီရင်ပြင်မှာ ပန်းကပ်လှူကြပုံ
စေတီရင်ပြင်မှာ ပန်းကပ်လှူကြပုံ

ဒါတွေဟာ သီရိလင်္ကာကို အပေါ်ယံပုံဖော်ပြတဲ့ အမြင်တွေ လောက်ပါပဲ။ ဒါထက်အသေးစိတ် ရေးထားတဲ့ စာအုပ်တွေလည်း ရှိ တာမို့ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါ တယ်။ ကျွန်မဆက်ရေးချင်တာက ၉ နှစ်ကြာမှ စွယ်တော်ကြုတ်ဖွင့်ပြီး နာရီပိုင်းသာ အပူဇော်ခံခဲ့တဲ့ စွယ် တော်ဖူးရတဲ့အကြောင်းပါ။ စွယ် တော်ဟာ နှစ်စဉ်သြဂုတ်လမှာ ၁ဝ ရက်ခန့် အပူဇော်ခံပါတယ်။ ဆင် များစွာနဲ့ စွယ်တော်လှည့်လည် ပွဲဟာ စည်ကားလှတယ်လို့ ပြောကြပါ တယ်။ ဆင်ပေါ်မှာ စွယ်တော်ကို ကြုတ်နဲ့ထည့်ပြီး အပူဇော်ခံတာ ဖြစ် လို့ စွယ်တော်ကိုတော့ ဖူးမြော်ခွင့် မရကြပါဘူး။ စွယ်တော်ကိုကြုတ်ဖွင့်ပြီး ၂ဝဝ၉ ခုနှစ်က အပူဇော်ခံရာတွင် မသင်္ကာဖွယ်လူတစ်ဦးဆီမှာ ပေါက် ကွဲစေနိုင်တဲ့ ပစ္စည်းပါလာခဲ့တာကို ရှာဖွေတွေ့ရှိတာကြောင့် အပူဇော်ခံ ခြင်းကို ရပ်တန့်ပြီး အဲဒီကစလို့ ကြုတ်ဖွင့်အပူဇော်ခံခြင်းကို မကျင်း ပကြတော့ဘဲ နေလာကြပါတယ်။ (၈)နှစ်အကြာ ၂ဝ၁၇ မေလ ၁၄ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ပိတ်ပွဲ အခမ်းအနားနဲ့တိုက် ဆိုင်ပြီး နိုင်ငံတကာမှ ညီလာခံတက် သူများနဲ့ အလှူရှင်များကို အချိန်ပိုင်း ကြုတ်ဖွင့် အပူဇော်ခံခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်
ငွေသော်တာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071