အရိပ် ဇာတ်လမ်းတွဲမှာ ပန်းဖြူနေရာက သရုပ်ဆောင်မယ့် မေမြင့်မိုရ်

0
122

May Myint Mo (3)

တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ “အရိပ်” ရုပ်ရှင်ဇာတ်ကား ကြီးကို စီးရီးတွဲအဖြစ် ပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲမှာ မေမြင့်မိုရ်ပါဝင် သရုပ်ဆောင်မယ် လို့ သိရပါတယ်။ ဒီ “အရိပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ပန်းဖြူက အကယ်ဒမီရရှိခဲ့တာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာတော့ မေမြင့်မိုရ်က ပန်းဖြူရဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ အကယ်ဒမီရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်းတွဲ ပြန်ရိုက်ကူးရတဲ့အခါ ပိုပြီးတာဝန်ကြီးကြောင်းကို မေမြင့်မိုရ်က…

“ရိုးရိုးဇာတ်လမ်းတွဲ ရိုက်ကူးရတာထက် အကယ်ဒမီရတဲ့ ကားကို စီးရီးပြန်ရိုက်ကူးရတာကျတော့ တာဝန်ပိုကြီးပါတယ်။ ဒီဇာတ်ကားမှာ မပန်းဖြူက အကယ်ဒမီရခဲ့တယ်။ ပြီးတော့ မပန်းဖြူရဲ့ စုစုလှိုင်နေရာကပဲ ညီမကပါဝင်သရုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒီတော့ ညီမမှာတအားကို တာဝန်ကြီးသွားပြီ။ တအားကြိုးစားရတော့ မယ်။ ဒီဇာတ်လမ်းကို ရိုက်မှာက ၆ လပိုင်းမှ ရိုက်မှာဆိုတော့ ညီမကြို တင်ပြင်ဆင်ဖို့ အချိန်ရသေးတယ်။ အဲဒီတော့ ညီမအကောင်းဆုံး ကြိုးစားပြင်ဆင်မယ်။ အခုတော့ ဇာတ်ညွှန်း ဖတ်တယ်။ ဝတ္ထုတွေ ပြန်ဖတ်တယ်။ မပန်းဖြူ ရိုက်ခဲ့တဲ့ကားကိုပြန်ကြည့်တယ်။ အခုတော့ ဆံပင်ပုံစံလည်း ပြင်ဆင်ထားတယ်။ တခြားလိုအပ်တာတွေကိုလည်း ညီမ ကြိုးစားပြီး ပြင်ဆင်သွားမယ်”လို့ ရိုက်ကူးရမယ့် ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ မေမြင့်မိုရ် ရိုက်ကူးထားတဲ့ “ဆုံဆည်း ခြင်း မိုးတိမ်များ” ဇာတ်လမ်းတွဲကလည်း ယခုလ ၅ ရက်နေ့တွင် MRTV – 4 ကနေ ထုတ်လွှင့်ပြသလာတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက အကြိုက်ဆုံး ဇာတ်လမ်းတွဲလို့ ပြောလို့ရတယ်။ ဒါရိုက်တာကလည်း ထိုင်းဒါရိုက်တာနဲ့ မြန်မာ ပူးပေါင်းပြီး ရိုက်တာဆိုတော့ တော်တော်လေး အဆင်ပြေ မယ်လို့ ထင်တယ်။ ပြီးတော့ ဒီဇာတ် လမ်းတွဲက ဇာတ်လမ်းကို ဆက်ကြည့်နေမှ ဇာတ်ရှိန်မြင့်မယ်။ ပြတ် တောက် ပြတ်တောက်ကြည့်ရရင်တော့ ဇာတ်ရှိန်က နိမ့်သလို ခံစား ရလိမ့် မယ်။ အဲဒီတော့ ပရိသတ်တွေ ဇာတ်လမ်းအဆုံးထိ ကြည့်ရှုပေးစေ ချင်ပါတယ်” လို့ မကြာခင် ပြသတော့မယ့် ဇာတ်လမ်းတွဲအကြောင်းကို ပြောပြပါတယ်။

မေမြင့်မိုရ်က မေလ ၁၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ ၂၂နှစ်ပြည့် မွေးနေ့မှာ သူ့ရဲ့ We Love Fan များနဲ့ တွေ့ဆုံခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း Home Party ကျင်းပခဲ့ပါတယ်။ အခုသူ့ရဲ့အသက် ၂၂နှစ် ပြည့်ပြီဆိုတော့ အရင်ထက် ရင့်ကျက်တည်ငြိမ်အောင် နေထိုင်သွားမှာဖြစ်ပြီး ၂၂နှစ်ပြည့်သွားတဲ့ နောက်ပိုင်းမှာတော့ ဘယ်အလုပ်မဆို စဉ်းစဉ်းစားစားနဲ့ သေချာလုပ်ဆောင် နေထိုင်သွားဖို့ စိတ်ဆုံးဖြတ်ထားကြောင်း မေမြင့်မိုရ်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here