ယခုနှစ် သင်္ကြန်ကာလ မဏ္ဍပ် တည်ဆောက်မှု သိသာစွာ လျော့နည်း

0
155

အခုနှစ် အတာ သင်္ကြန်ကာလ ကတော့ ရန်ကုန်မြို့မှာ မဏ္ဍပ်များ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။ နှစ်စဉ်ပြုလုပ် နေကျ မဏ္ဍပ် အဖို့လည်း ဒီနှစ်မှာ တည်ဆောက်သံ မကြားရဘဲ အနော်ရထာ လမ်းပေါ် ၁၉လမ်းထိပ် က နှစ်စဉ်တည်ဆောက် နေကျ Skynet မဏ္ဍပ်မှာလည်း ယခင် တည်ဆောက်ပြီး မဏ္ဍပ်ကို သတ်မှတ်ရက် မပြည့်မီတာကြောင့် ပြန်လည် တည်ဆောက်ခဲ့ ရကြောင်း လည်း သိရပါတယ်။ ယခုနှစ် အတာသင်္ကြန် အတွက် မဏ္ဍပ်များ ကို steel structure ဖြင့် တည်ဆောက်လိုပါက  H beam၊ I beam များကို အသုံးပြုရ မည် ဖြစ်ပြီး full welding ဂဟေဆက်၍ ဆောက်လုပ်ရမည် ဖြစ်ကြောင်းလည်း သိရသည်။ နှစ်စဉ် မဏ္ဍပ်များဖြင့် စည်ကားနေ ကျ ပြည်လမ်း၊ ကန်တော်ကြီး ပတ်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းတို့တွင် လည်းမဏ္ဍပ် များမရှိ သလောက် နည်းပါးသွားပြီး အခုနှစ် မဟာသင်္ကြန် အတွက် မဏ္ဍပ် လျှောက်ထားမှု အရေအတွက် ၇ဝ ကျော် သာရှိတယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here