မန္တလေးမြို့ တော် မဟာသင်္ကြန် ပွဲတော်ကို ယခင်နှစ် များနှင့်မတူ တမူ ထူးခြားစွာ ကျင်းပမည်

0
152

မန္တလေးမြို့တော် မဟာသင်္ကြန် ပွဲတော်တွင် မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၊ နန်းမြို့သူ မဏ္ဍပ်၊ လမ်း လျှောက်သင်္ကြန် မဏ္ဍပ်များ၊ မန္တလေး ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ် ဖြင့်ပြုလုပ်သောမဏ္ဍပ်များ၊ တိုင်းရင်း သားဖျော်ဖြေ ရေးမဏ္ဍပ်များ၊ စတုဒိသာ မဏ္ဍပ်များ၊ ကျုံးပတ်လည်ရှိ မဏ္ဍပ်များ၊ မြို့နယ် အတွင်းရှိ မဏ္ဍပ်များနှင့် မနော်ရမ္မံ လူငယ် သင်္ကြန်မဏ္ဍပ် တို့ဖြင့် ယခင် နှစ်များ နှင့်မတူ တမူထူးခြားစွာ ကျင်းပသွား မည် ဖြစ်ပြီး အလှ ပြယာဉ်များ၊ ယိမ်းအက များ၊ သင်္ကြန် သံချပ်ပြိုင်ပွဲ များ၊ ဓာတ်ပုံပြိုင်ပွဲများ ပါဝင် ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မတီမှသိရှိရသည်။

ဧပြီလ ၁၃ ရက် သင်္ကြန် အကြိုနေ့ နံနက် ၅နာရီခွဲ တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ သံဃာ တော်အပါး(၁ဝ၈)ပါး တို့အား ဆွမ်း လောင်းလှူပြီး မန္တလေးမြို့တော် မဟာင်္ကြန်ကို မန္တလေးမြို့ခံအနုပညာရှင်တစ်ဦး၊ စာရေး ဆရာတစ်ဦး၊ မြို့မိမြို့ ဖတစ်ဦးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ လက်သံထူးခြား စိန်ဒူးဝါး မင်္ဂလာဆိုင်းအဖွဲ့က အဖွင့်သီချင်း တီးလုံး ဖြင့်ကြို ဆိုပြီး မန္တလေးမြို့အခြေခံ ပညာကျောင်းများမှ အလယ်တန်း ကျောင်းသူ ၃ဝဝဦး ပါဝင်ဆင်နွှဲ ကပြမည်ဖြစ်ကြောင်းမန္တလေးမြို့မတူရိယာ အသင်း ကလည်း နှစ်စဉ် ရိုးရာမပျက် ငွေငန်း အလှပြဖျော်ဖြေရေး ယာဉ်နဲ့ မန္တလေး မြို့တော် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဆင်နွှဲပြီး သင်္ကြန်ချစ်သူ များကို ဖျော်ဖြေပေးမည်ဖြစ် ကြောင်း သိရှိရသည်။ မန္တလေးမြို့တော်မဟာ သင်္ကြန်  မဏ္ဍပ်တွင် လက်သံ ထူးခြား စိန်ဒူးဝါး မင်္ဂလာဆိုင်း အဖွဲ့၊ ဝင်းနောင်၊ လင်းလင်း၊သျှီ၊ ဆုန်သင်းပါရ်၊ သားငယ်၊ ဘီလီလမင်းအေး၊ J Fire ၊ ချမ်းငြိမ်း စိုး(Nစိုး)၊ ဂုဏ်ရှိန်ဝင့်ထည်၊ ရွှေစင်နှင့် အနုပညာ ရှင်မျာ စွာတို့က ဖျော်ဖြေ တင် ဆက်ကြ မည်ဖြစ် ကြောင်း သိရှိရသည်။ မန္တလေးမြို့တော် မဟာ သင်္ကြန် တွင် IRON CROSS တေးဂီတအဖွဲ့က ကိုယ်ပိုင် မဏ္ဍပ်ဖြင့် ဧပြီလ ၁၄ရက်နေ့မှ ၁၆ရက်နေ့ အထိ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။ IRON CROSS မဏ္ဍပ် ကို မန္တလေးမြို့၊ ကျုံးမြောက်ဘက် ၁၂လမ်း၊ တိရစ္ဆာန် ဥယျာဉ် အရှေ့ ဘက်၌ ထားရှိ မည်ဖြစ်ပြီး ပင်တိုင် တေးသံရှင်များဖြစ်သည့် လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း နှင့် မျိုးဆက်သစ်တေး သံရှင်များက သီဆို ဖျော်ဖြေကြ မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here