ဦးကျော်သူ ဦးဆောင်တဲ့ ပရဟိတအဖွဲ့ သင်္ကြန်တွင် မန္တလေး၌ သံချပ်ထွက်မည်

0
172

Kyaw-Thuဦးကျော်သူ ဦးဆောင်တဲ့ ပရဟိ တအဖွဲ့က သင်္ကြန် အခါမှာတော့ မန္တ လေး၌ သံချပ်ထွက်မယ်လို့ သိရပါ တယ်။ ပရဟိတ ကွန်ရက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်ပြီး တော့ ပြည်သူ လူထုကို ကူညီနေတယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ “ချိတ်” ဆိုတဲ့ နာမည်နဲ့ သင်္ကြန်မှာ သံချပ် ထွက်မယ် လို့ နာရေး ကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ ကပြောပါတယ်။ သူတို့ရဲ့ သံချပ် အဖွဲ့ကိုတော့ မန္တလေးမြို့မှာ သင်္ကြန် ၄ရက် စလုံးထွက်သိရပါတယ်။

“ရန်ကုန်မှာ ခါတိုင်းနှစ်တွေ တုန်းက ပေးဆပ်သူများ သံချပ်ဆိုပြီးတော့ လုပ်တယ်။ ဒီနှစ်က အထက် မြန်မာပြည်မှာ ကျော်သူ ကွန်ရက်ပရဟိတ အဖွဲ့တွေပူးပေါင်းပြီးတော့ ပရဟိတ အသင်း ၁ဝသင်းပါတယ်။ နောက်ပြီးတော့ စက်စက်ယိုရွာ က ကလေးတွေပါမယ်။ အဲဒါတွေနဲ့ ကျွန်တော် မန္တလေးမှာလုပ်မှာ”လို့ ဦးကျော်သူကပြောပါတယ်။ သူတို့ သံချပ် အဖွဲ့အနေနဲ့ စာသားတွေ ကို စိစစ်ရေး တင်ထားပြီဖြစ်ပြီး စိစစ်ရေး ကလည်း ခွင့်ပြုထားပြီးဖြစ်ကြောင်း ကို ဦးကျော်သူက “ကျွန်တော်တို့ သံချပ်က ဘာသာရေး လုံးဝမပါဘူး။ နိုင်ငံရေး မပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပရဟိတ ကိစ္စပဲ။ ပြည်သူလူထု ခံစား နေရတဲ့ ကိစ္စ ဒါတွေပဲကျွန်တော်တို့က လုပ်တာ။ ပြီးတော့ ဆင်ဆာလည်း တင်ပြီးပြီ။ ကျပြီးပြီ”လို့ဆိုပါတယ်။

သံချပ်တွေရဲ့ စာသားတွေနဲ့ ပတ်သက်ပြီး အစိုးရသစ် လက်ထက် မှာလည်း စိစစ်ရေး တင်နေရတဲ့ အပေါ် ဦးကျော်သူ ဘယ်လိုမြင်ပါသလဲလို့မေးပြန်တဲ့အခါ “ဒါကတော့ တင်ခိုင်းမှာပဲ။ ဒါကိုအခွင့်ကောင်း ယူပြီးတော့ နိုင်ငံရေး လှုံ့ဆော်တာ တွေ၊ ဘာသာရေးလှုံ့ဆော်တာတွေ ဒါမျိုးတွေရှိတော့ ထိန်းထိန်းသိမ်း သိမ်းအနေနဲ့ တင်ခိုင်းမှာပဲ။ တစ်ခု စောင့်ကြည့်ရမှာက တင်တာက တော့တင်တယ်။ တင်ပြီးတော့ လက် တွေ့ကွင်းထဲမှာကျတော့ ပြောချင် တာ ပြောရင် မကောင်းဘူး။ ကိုယ် ပြောမယ့်စကားကို တင်ထားပြီးရင် ဒီအတိုင်း ပဲပြောရမှာပဲ။ ကျွန်တော်တို့ သံချပ် အဖွဲ့တွေ စောင့်ထိန်းဖို့ ဝတ္တရားရှိတယ်” လို့ သူကပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here