မြန်မာ့ရိုးရာ ယဉ်ကျေးမှုပြယုဂ်ဖြစ်တဲ့ အတာသင်္ကြန်ရေသဘင်ပွဲတော်ဟာခေတ်စ နစ် ရွေ့ပြောင်းမှု နဲ့အတူ နိုင်ငံတကာဖက်ရှင်ရေစီးကြောင်းက ထိုးဖောက်ဝင်ရောက်နေတာမို့ ခေတ်ဆန်သစ်လွင်ကာ မြန်မာ့ ယဉ်ကျေးမှု သရုပ်သဏ္ဌန်ကွယ်ပျောက်လုမတတ်ဖြစ်နေ ခြင်းအပေါ် မိမိတို့ မျိုးရိုးယဉ်ကျေးမှုအမွေထိန်း သိမ်းကြစေဖို့ ကာတွန်းဆရာတို့ရဲ့ ဒီနှစ်သင်္ကြန် အပေါ်သုံးသပ်ပြောကြားချက် စကားသံများကို စုစည်း ဖော်ပြလိုက်ပါတယ်။
ကာတွန်း စိုးသော်တာ
အခုနှစ်ကတော့ စီးပွားရေး မဏ္ဍပ်တွေကို ပုဂ္ဂလိကနေရာတွေမှာ ပြန်ပေးတယ်လေ။ အဲဒါကို လုပ်ငန်းရှင် တွေက မဏ္ဍပ် ထိုးလိုက် တယ်။ အဲဒီအခွန်က အစိုးရ ကရ တယ်။ အဲဒါလေးတော့ ထူးခြား တယ်။ နဂိုကတော့ ဒီတိုင်းလုပ်နေ တာလို့ ထင်တယ်လေ။ အခွန်က တော့ ဝင်လာမယ်။ အများကြီးဝင် လာမယ်။ သင်္ကြန်ကတော့ ပုံစံက ဟိုးအရင်ကနဲ့မတူဘဲ လုံးဝပြောင်း သွားပြီ။ဘာလဲဆို တော့ သောက်စား မူးယစ်ကြတာပေါ့။ သင်္ကြန်ကျလို့ရှိ ရင် နိုင်ငံခြားသားတွေ အမြဲလာကြည့် တယ်။ ဒါရိုးရာသင်္ကြန်ကြီးပေါ့။ ဒါပေမဲ့အထဲမှာ ခေတ်ပျက်နေတာ ကြည့်ရမြင်ရတာ မကောင်းဘူးပေါ့။ လွတ်လပ်စွာ အရက် သောက်သုံးခွင့်၊ ဆေးသုံးခွင့်ပေးသလို ဖြစ်နေတယ်။ အဲဒါကြီးကတော့ မကောင်းဘူး။ ဝတ်စားဆင်ယင်မှုကတော့ အမြင် မတင့်တယ်အောင် ဝတ်တဲ့ဟာတွေ လည်း အရေးယူရမှာပဲလေ။ အမြင် မတင့်တယ်ဘူးဆိုတာ က တို့နိုင်ငံမှာ က လောကနီတိဆိုတာ ကျောင်းတွေ မှာ ဟိုတုန်းကသင်တယ်။ အများရှေ့ မလုပ်အပ်တာတွေ၊ မပြောအပ်တဲ့ စကားတွေ ရှိတယ်။ ယဉ်ကျေးမှုလို့ အမည်ခံ ထားပေမယ့် ယဉ်ကျေးမှုနဲ့ လုံးဝမအပ်စပ်ဘဲနဲ့ လွတ်လပ်စွာ ဖြစ် နေတာ။ အဲဒါတွေမြင်ရတာ စိတ် မကောင်းဘူး။ အဲဒါလေးတွေကို တော့ ပပျောက်စေချင်တယ်။
ကာတွန်းကျော်ပြောင်
သင်္ကြန်အတွင်းမှာတော့ ကျွန် တော်တို့က အစီအစဉ်မရှိပါဘူး။ သင်္ကြန်အပြီး နှစ်ဆန်း၁ရက်နေ့တွေ မှာတော့ နှစ်တိုင်းကျွန်တော်က ဘေးမဲ့လွှတ်ပွဲလုပ်တယ်။ နောက် ခေါင်းဆေးမင်္ဂလာဆိုတာ လုပ်ပေးပါ တယ်။ သင်္ကြန်က မဏ္ဍပ်ဖွင့်ခြင်း ပိတ်ခြင်းတွေနဲ့ သိပ်မဆိုင်ဘူးထင် တာပါပဲ။ သင်္ကြန်ဆိုရင်ပဲ အားလုံး ပျော်တာပဲလေဆိုတော့ မဏ္ဍပ် မရှိ လည်း ပျော်မယ့်ကလေးက ပျော် မှာပါပဲ။
ကာတွန်း မိုးထက်မိုး
ကျွန်တော်ကတော့ ပျော်စရာ တွေ လျော့သွားမယ်လို့ မထင်ဘူးဗျ။ သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာပွဲဖြစ်ပါ တယ်။ အစိုးရကလည်း စီးပွားဖြစ် မဏ္ဍပ်တွေကို တော်ကြာပိတ်တယ်။ တော်ကြာဖွင့်တယ်လုပ်နေတော့ နည်းနည်းတော့ မျက်စိလည်တာ ပေါ့။ ဒါပေမဲ့ လူငယ်တွေရဲ့ ပျော်ပါး မှုကတော့ လျော့မသွားဘူး။ မြန်မာ နှစ်သစ်ကူးပွဲလည်းဖြစ်တဲ့အတွက် သူများနှစ်သစ်ကူးပွဲတွေ ပျော်သလိုပဲ မြန်မာနိုင်ငံမှာ မြန်မာလူငယ်တွေက တော့ ကိုယ့်နှစ်သစ်ကူးပွဲကို အစွမ်း ကုန် ပျော်မှာပဲ။ အစိုးရက စီးပွားဖြစ် မဏ္ဍပ်တွေပိတ်လည်း လူငယ်တွေ ကတော့ တခြားထွက်ပေါက်တစ်ခုကနေ ပျော်ကြမှာပဲ။
ပေါ်ပြူလာ