သင်္ကြန်နဲ့ သံချပ်ဆိုတာ ခွဲမရနိုင်တဲ့ အရာပဲဖြစ်ပါတယ်။ သံချပ်ဆိုတာ သင်္ကြန်ရောက်တိုင်း တည်ရှိ နေခဲ့တာပါ။ မနှစ်ကသင်္ကြန်မှာ တော့ သံချပ်စိစစ်ရေးမရှိခဲ့လို့ သံချပ်အဖွဲ့ တွေ ပိုပြီး မြိုင်မြိုင်ဆိုင် ဆိုင်ထွက်ပေါ်လာခဲ့သည်။ အခု နှစ်မှာတော့ သံချပ်စိစစ်ရေးပေါ်လာခဲ့တယ်။ သို့သော် ဒို့တာဝန် အရေးသုံးပါး၊ ဘာသာရေး၊ ပုဂ္ဂိုလ် ရေးများစွာ ထိခိုက်မှုမရှိရင်ဖြင့် စိစစ် ရေးက ကင်းလွတ်ခွင့်ပေးခဲ့သလို ဧပြီလ ၄ရက်နေ့မှာတော့ သံချပ် အဖွဲ့ ၂၇ ဖွဲ့ထိ ရှိလာခဲ့ပြီး ၁၇ဖွဲ့တော့ လုံးဝ ကင်းလွတ်ခွင့်ရခဲ့ပြီဖြစ်ပါ တယ်။ ကျန်သည့်အဖွဲ့များလည်း စိစစ်နေလျက်ရှိပါတယ်။ ဒီနှစ် သင်္ကြန်မှာတော့ အရင်နှစ်ကထက် သံချပ်အဖွဲ့တွေ ပိုမိုများပြား လာခဲ့ သလို ဒီနှစ်မှာတော့ သံချပ်အဖွဲ့ လူဟောင်းများနဲ့ အသစ်ပြန်လည် ဖွဲ့စည်းထားတဲ့ “ဒို့ပြေ၊ ဒို့မြေ” စွယ်စုံအင်အားစု သံချပ်အဖွဲ့လည်းတစ်ခု အပါအဝင် ဖြစ်ခဲ့ပါတယ်။ ” ဒီဒို့ပြေ၊ ဒို့မြေ” မှာ လှုပ်ရှားနေတဲ့သူတွေက တော့ ၁၉၇၈ခုနှစ် လောက်ကတည်းက ရန်ကုန်သင်္ကြန်မှာ နာမည်အမျိုးမျိုးနဲ့ လှုပ်ရှားခဲ့တဲ့ လူတွေပါပါတယ်။ သံချပ်အဖွဲ့အင်အားရှိရင် အယောက်၃ဝနီးပါး ပါပါတယ်” လို့ အသစ်ပြန်လည် ဖွဲ့စည်းထားတဲ့ “ဒို့ပြေ၊ ဒို့မြေ” အဖွဲ့ခေါင်းဆောင် ပန်းချီဦးသန့်စင်က ပြောပါတယ်။ အတွေ့အကြုံရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒို့ပြေ၊ ဒို့မြေသံချပ်အဖွဲ့ကတော့ ဒီနှစ်မှာ အလှအကသဘာဝ သံချပ်တွေနဲ့ စွယ်စုံပြိုင်ပွဲ ဝင်မယ်လို့ ရည်ရွယ်ထားသလို ထူးထူးခြား ခြားဖျော်ဖြေတင်ဆက် မှုအစီအစဉ်များလည်း ရှိတယ်လို့ သိရပါတယ်။
” ကုန်ဈေးနှုန်းဘာညာအကုန်လုံးကတော့ တခြားအသင်းတွေလည်းပါမှာပဲလေ။ ထူးခြားတာတစ်ခုကတော့ ဦးရွှေရိုး၊ ဒေါ်မိုးပေါ့နော်။ အဲဒါလေးပါမယ်။ ကျန်တာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပင်လုံတို့ဘာတို့ ပါပါမယ်။ တခြား ကဏ္ဍလေးတွေမှာလည်း သံစဉ်ဆန်းဆန်းလေးတွေနဲ့ လုပ်ထားတာရှိပါတယ်” လို့ ဒို့ပြေ၊ ဒို့မြေအဖွဲ့ခေါင်းဆောင် ပန်းချီဦးသန့်စင်က ပြောပါတယ်။
ထို့အတူ ယခင်နှစ်ကာလများဆီက တစ်ကိုယ်တော်သံချပ်တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အောက်တိုဘာ အောင်ကြီးကလည်း အခုနှစ်မှာတော့ ” အောက်တိုဘာအောင်ကြီး မိသားစုသံချပ်အဖွဲ့” ဆိုတဲ့နာမည်နဲ့ အဖွဲ့လိုက် ထွက်မယ်လို့ ဆိုပါတယ်။ ” ဟိုးအရင်နှစ်တွေက တစ်ကိုယ် တော်၅နှစ်လောက်ထွက်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်က အိမ်ကကလေး၅ ယောက် နဲ့ ထွက်တယ်ပေါ့။ ဒီနှစ်ကျတော့ အသင်းသားအင်အား ၁ဝ ယောက်၊ ၁၅ယောက်လောက်နဲ့ ထွက်ဖို့ ရှိပါတယ်” လို့ အောက်တိုဘာ အောင်ကြီးကပြောပါတယ်။ အောက်တိုဘာ အောင်ကြီးတို့ သံချပ်အဖွဲ့ကလည်း ဒီနှစ်မှာတော့ တိမ် မြုပ်ပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ ဦးရွှေရိုးကို ဖော်ထုတ်တင်ဆက် သွား မယ်လို့ ဆိုပါတယ်။ အခု နှစ်မှာတော့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းမှာတော့ Forever Group ရဲ့ ထာဝရသင်္ကြန်သံချပ် ဆုပေးမဏ္ဍပ် တစ်ခုလည်းတိုးလာ ကြောင်းသိရပါ တယ်။
မျိုးကျော် (ကနောင်သွေး)