ထွန်တုံးတိုက်ပွဲအကြောင်း ဇာတ်ကားရိုက်ကူးမယ့် ခန့်စည်သူ

0
57

Khant Si Thu

သရုပ်ဆောင်ခန့်စည်သူက ပြင်ဦးလွင်မှာ “သူရမချစ်ပို” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေတဲ့အတွက် အခုနှစ်အကယ်ဒမီပေးပွဲကို မတက်ရောက်ဖြစ်ခဲ့ပါဘူး။ အကယ် ဒမီပွဲကို တီဗီကနေအားပေး ကြည့်ရှုခဲ့ပြီး အကယ်ဒမီဆုရရှိသူတွေကို ဖုန်းက တစ်ဆင့်ဂုဏ်ပြုစကားပြောဖြစ်တယ်လို့ ပြောပါတယ်။ ဒီနှစ် အကယ် ဒမီပေးပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုမေးတော့ ခန့်စည်သူက…

” ဝမ်းသာပါတယ်။ ဒါပေမဲ့ တတ်နိုင်သမျှတော့ ဆုအစုံပေးစေချင်တာပေါ့။ ၅ဝရာခိုင်နှုန်းမပြည့်လို့ မပေးဘူးဆိုတာမျိုးမဖြစ်စေချင်ဘူး။ ဒီဇာတ်ကားမှာ ဇာတ်ကားဆုလည်းရတယ်။ ဒါရိုက်တာဆုလည်းရတယ်။ အဓိက သရုပ်ဆောင်ကလည်း ဆုရတယ်။ ဒါတွေကဇာတ်ညွှန်းမကောင်းရင် မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။ ခန့်စည်သူက ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ “သူရမချစ်ပို” ရုပ်ရှင်ဇာတ်ကားမှာ သူရမချစ်ပိုရဲ့ ယောကျာ်းတပ်ကြပ် လှမောင်နေရာက သရုပ်ဆောင်နေပြီး သူရမချစ်ပိုအဖြစ် စိုးမြတ်သူဇာက သရုပ်ဆောင်ထားပါတယ်။ သမိုင်းကြောင်းတစ်ခုကို ပုံဖော်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ဆိုတဲ့ ခန့်စည်သူက..

” သူရမချစ်ပိုက တပ်မှာတပ်ကြပ်လှမောင်နဲ့အကြောင်းပါပြီးရောက်ရှိလာတဲ့ထားဝယ်သူပေါ့။ တပ်ကြပ်လှမောင်က တိုက်ပွဲတစ်ခုမှာ ဒဏ်ရာ ရသွားတယ်။ သူကဆက်တိုက်တယ်။ ပြီးတော့သူက မြန်မာ့ တပ်မတော်ကို သတင်းပေးတယ်။ ရန်သူ အနေအထားကို မိန်းမ တန်မဲ့အဲဒီနယ်မြေထိ ဈေးရောင်း၊ မုန့်ရောင်းပြီး သတင်းထောက် လှမ်းတယ်။ ပေါင်မှာဓားမြှောင်တို့၊ လက်ပစ်ဗုံးတို့ အမြဲချိတ်တပ်ထားတယ်။ သူလျှိုမှန်းသိတဲ့အခါမှာ ဝိုင်းဖမ်းတော့ မိသွား တယ်။ သူ့ပါးစပ်ကိုဖြဲလိုက်တဲ့အချိန်မှာ အံသွားရှိတယ်။ အံသွားကို ဓားနဲ့ကလော် ထုတ်ကြတယ်။ ဒါပေမဲ့ မသေဘူး။ သေနတ်နဲ့ပစ်တယ်။ သေနတ်နဲ့ပစ်တဲ့အချိန်မှာလည်း ချက် ချင်းအသက်မထွက်ဘူး။ အဲဒါနဲ့ သူ့ကို ရေတွင်းပျက်ကြီးထဲကို ပစ်ချပြီးတော့ အပေါ်ကနေခဲတို့ မြေကြီးတို့နဲ့ ဖုံးထားခဲ့ပြီး သတ်လိုက်တယ်။ နောက်ဆုံးမှာ သူ့အလောင်းကို ပြန် ဖော်ပြီး မြေမြှုပ်သင်္ဂြီုလ်လိုက်တယ်။ ၁၉၅၈ခုနှစ်မှာ နိုင်ငံ တော်ကနေ သူ့ကိုသူရသတ္တိကောင်းပြီး နိုင်ငံတော်အတွက် တကယ်ကို အသက်စွန့်ပြီးတိုက်ပွဲဝင်ခဲ့တဲ့အတွက် သူရဘွဲ့ ချီးမြှင့်လိုက်ကြတယ်။ ဒီလိုသမိုင်းကြောင်းတစ်ခုကို ပုံဖော် ခွင့်ရတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ်” လို့ ပြောပါ တယ်။ ခန့်စည်သူက မျက်ခြယ်ထုတ်လုပ်ရေးအတွက် နာမည်ကျန်ရစ်စေမယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဇေရဲထက်၊ ထွန်းအိâန္ဒာဗို၊ အိချောပိုတို့နဲ့ နေပြည်တော်မှာ ရိုက် ကူးသွားမှာဖြစ်ပြီး လယ်သိမ်း၊ ယာသိမ်း၊ ထွန်တုံးတိုက်ပွဲ တွေအကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ အပြင်မှာ တကယ်လယ်မြေသိမ်းခံရတဲ့သူတွေအကြောင်း အနီးစပ်ဆုံး ရိုက်ကူးပုံဖော်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here