၂၀၁၆ ခုနှစ် အကယ်ဒမီ ဆုပေးပွဲ နှင့် ဖိတ်စာဂယက်

0
111

icအခုနှစ် ပြည်သူ့ရင်ပြင် အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အတွက် အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ပွဲကို တတ်ရောက်နိုင် ရန် အတွက် ခုံအရေအတွက် ၂၈၈၀ အထိ ထားရှိခဲ့ပြီး အစိုးရအဖွဲ့ဝင်များ ၊အဓိက Main စပွန်ဆာ အဖြစ် ကူညီပံ့ပိုးပေးထားတဲ့ Bella ကုမ္ပဏီ၊ အခြား ကူညီပံ့ပိုးပေးကြ သူများကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ အကယ်ဒမီ ဖိတ်ကြားရေး အပိုင်းတွေမှာ အခက်အခဲတွေ အနည်း ငယ်တော့ ရှိနေခဲ့ပြီး အထူးသဖြင့် ဇာတ်ပို့ဇာတ်ရံ စာရင်းဝင် သူဦးရေဟာ ရုပ်ရှင်လောကထဲ မှာ အများဆုံး ဖြစ်တာမို့ ဖိတ်ကြားရေး အပိုင်းမှာ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ အလားတူပင် ကျန်ရုပ်ရှင်အလွှာတွေ မှာလည်း ခွဲတမ်းအရ ရရှိတဲ့ အကယ်ဒမီ ဖိတ်စာတွေ ကိုသာ ဖိတ်ကြားရတာမို့ ဖိတ်ကြားရမှု အခက်အခဲ ကတော့ ရုပ်ရှင်အလွှာ ၁၀ လွှာလုံးမှာ အနည်း နဲ့ အများ ရှိနေခဲ့ပါတယ်။

ဇာတ်ပို့ဇာတ်ရံ အလွှာအပိုင်းကို အကယ်ဒမီဖိတ်စာ ဖိတ်ကြားရေး အပိုင်းကို ၀င်ကူပေးခဲ့တဲ့ အကယ်ဒမီ ဦးအောင်ခိုင် ကတော့ “ပွင့်ပွင့် လင်းလင်းပြောတာပါ။ ဇာတ်ပို့ဇာတ်ရံ အလွှာ ဆိုတာက အလွှာ ၁၀ လွှာထဲမှာ အဖွဲ့ဝင် အများဆုံးဖြစ်တယ်။ အဲ့ဒီတော့ ဖိတ်ကြားရေးမှာ ရရှိမယ့် ခုံ အရေအတွက်ကြောင့် ဖိတ်ကြား ရတဲ့အခါ အခက်အခဲ ရှိလာတယ်။ တန်းခွဲတာမဟုတ်ဘူး ဆိုတာကို ကြိုတင်ပြီး စကား ပလ္လင်ခံ ထားချင်တယ်။ အကယ်ဒမီ စာရင်းဝင် ၃၃ ကားစာရင်းထဲမှာ ပါဝင်တဲ့ ဇာတ်ပို့ ဇာတ်ရံတွေ ကတော့ ဦးစားပေး အဆင့် ထဲမှာ ပါဝင်တာပေါ့။ ဇာတ်ပို့ဇာတ်ရံ တွေက အတော်လေးကို များပါတယ်။ ရမယ့် ခုံအရေအတွက်နဲ့ ဖိတ်ရမယ့် လူဦးရေ နဲ့က အတော်ကြီးကို ကွာဟ နေတာပေါ့။ အဲ့ဒီတော့ ဦးအောင်ခိုင်က ကိုယ့်အနုပညာသမား တွေ တစ်ယောက် မဟုတ် တစ်ယောက် နစ်နာမှာလည်း စိုးရိမ် ရတယ်။ အဲ့ဒီတော့ အခုလောလောဆယ် မှာ တကယ်တမ်း လှုပ်ရှားနေတဲ့ ဇာတ်ပို့ ဇာတ်ရံတွေ ကို ဦးစားပေးပြီး ရွေးလိုက်တယ်။ ပြီးတော့ ၃၃ ကားအကယ်ဒမီ စာရင်းမှာ ပါဝင်တဲ့ သူတွေနဲ့ ပြန်တိုက်တယ်။ ကိုယ်ရွေးထားတဲ့သူတွေ ၃၃ ကားမှာ ပါနေရင် အဲ့လူတွေ ကို ပြန်ထုတ်တယ်။ ဦးအောင်ခိုင်က တော့ အပေါ်ကား ၊ အောက်ကား ဆိုပြီးတော့ မခွဲပါဘူး။ ဒါပေမယ့် သူနေရာနဲ့ သူတော့ ရှိတာပေါ့။” လို့ ပြောပြပေးပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here