၂၀၂၆ ခုနှစ် မေလ ၁ ရက်မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ ၁ လ အထက် ကျော်သူများ OWIC တွင် ဖော်ပြထားသောနိုင်ငံ နှင့် လုပ်ငန်းခွင်ကွဲလွဲသူများ သည် ခွင့်ကာလ တစ်လကျော်ယူရသည့် အကြောင်းပြချက်နှင့် အထောက်အထားခိုင်လုံစွာတင်ပြရမည်ဖြစ်ကြောင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်၊
မြန်မာနိုင်ငံသားများ အလုပ်သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံအများစုတွင် သတ်မှတ်ထားသော ခွင့်အမျိုးစားများအနက် မီးဖွာခွင့် ၊မိသားစုစောင့်ရှောက်ခွင့် နာမကျန်းခွင့်စသည်တို့မှ အပ နှစ်ပတ်လည်ခွင့်အပါအဝင် သာမန်ခွင့်များကို အများဆုံး ၁ လသာ ခွင့်ပြုထားခြင်းဖြစ်သည်ကို သိရှိထားရသဖြင့် အမှန်တကယ် ခွင့်တင်ပြရယူထားသော ခွင့်ပြန်အလုပ်သမားဖြစ်ကြောင်းကို သေချာစေရန်စိစစ်ရခြင်းဖြစ်ကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသား အမှန်တကယ်အလုပ်လုပ်ကိုင်နေသော OWIC အပါအဝင် အလုပ်ရှင်နှင့် လုပ်ငန်းခွင့်တို့တွင် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ်၍ လက်ရှိအလုပ်လုပ်နေသည့် လုပ်ငန်းခွင့်နှင့် လုပ်ငန်းရှင် အမှန်ကို သိရှိနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၆ မေ ၁ ရက်မှ စတင်၍ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည်လည်း အလုပ်ရှင်ထံမှ ခွင့်စာ နှင့် သက်ဆိုင်ရာမြန်မာသံရုံး၊အဖွဲ့ရုံး၊ကောင်စစ်ဝန်ရုံး တို့ ကနေ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက် ရယူပြီး သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာမှ ထုတ်ပေးသည် ထောက်ခံချက်ပူးတွဲ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
