နှစ်ပေါင်းများစွာ အကယ်ဒမီနဲ့ လွဲခဲ့ရတဲ့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်

0
138

Nyut-Myanmarဝတ္ထုစိုးသိမ်းထွဋ်၊ ဇာတ်ညွှန်း နေစိုးသော်၊ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးပုံ ဖော်တဲ့ “မာယာစတိုင်” ရုပ်ရှင်ဇာတ်ကားကြီး ကို မတ်လ ၁၇ ရက်နေ့မှာ စတင်ရုံတင် ပြသတော့မှာဖြစ် ကြောင်း သိရပါတယ်။ အဆိုပါ ဇာတ်ကားမှာ မြင့်မြတ်၊ ဇေရဲထက်၊ ရာဇာနေဝင်း၊ ရဲအောင်၊ ညီထွဋ်ခေါင်၊ ရွှေမှုန်ရတီ၊ ရွှေပိုးအိမ်နဲ့ အခြားအနု ပညာရှင်ပေါင်း များစွာ ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်ကားကို ပုံဖော် ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် က

“ဒီဇာတ်ကားရိုက်ကူး ဖြစ်တာက ထုတ်လုပ်သူ ကိုကျော်ဦးက ဒီဇာတ် ရိုက်ကူးဖို့ ပြောတယ်။ ပြောတဲ့အချိန်မှာ ကျွန်တော် ဒီဇာတ်ကား ရိုက်ကူး ဖို့ နည်းနည်း တွန့်တယ်။ ဒီဇာတ်ကားက ရှေ့မှာ အောင်မြင်ခဲ့တဲ့ “မိန်းမလည်သိန်းကြွယ်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ၊ ငွေရေးကြေးရေး အရ ရော၊ အနုပညာအရရော အောင်မြင် ခဲ့တဲ့ ဇာတ်ကားဆို တော့ ကျွန်တော်က မပီပြင်မှာ တအားကြောက် တယ်။ ထုတ်လုပ်သူ ကလည်း အဲဒီဇာတ်ကားပဲ ရိုက်ကူးချင်တာ။ တချို့ဟာတွေ ကတော့ ဒီဘက် ခေတ်နဲ့ နည်းနည်းအံဝင်ခွင် ကျ လေးဖြစ်အောင် ဦးစိုးသိမ်းထွဋ် တို့ကိုပြောပြီး ပြောင်းလဲရတယ်။ ပြောင်းပြီး ဒီဇာတ်ကားလေး ဖန်တီးထား တာပါ”လို့ ပြောပါတယ်။

ဒီနှစ် အကယ်ဒပီပေးပွဲ မှာတော့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူး ပုံဖော်ထားတဲ့ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင် ဇာတ်ကားကြီး လည်း အကယ်ဒမီ ဆန်ခါတင် စာရင်းမှာပါဝင် နေပြီး ပရိသတ်တွေ အနေနဲ့လည်း အကယ်ဒမီဆု ခန့်မှန်းထား ကြတာကို တွေ့ရပါတယ်။ အကယ် ဒမီ ရင်ခုန်သံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညွှန့်မြန် မာညီညီအောင်က…

“ကျွန်တော်က နှစ်ပေါင်း များစွာ အကယ်ဒမီ လွဲတာတွေ နဲ့ ကြုံခဲ့ရတယ်။ ပထမဦးဆုံး ရိုက် ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားက ပရိသတ် လည်း ကြိုက် တယ်။ ငွေရေးကြေးရေး အရလည်း အောင်မြင် တယ်။ ဒါပေမဲ့ အဲဒီအချိန်အခါက မိဘမေတ္တာ ဇာတ်ကား ကလွဲလို့ အကယ်ဒမီ မပေးဘူး။ ကျွန် တော်တို့ ရိုက်ကူးခဲ့တာက အချစ် ဇာတ်ကားဖြစ်နေ တာကိုး။ ဒီဇာတ်ကားမှာလည်း လွဲခဲ့တယ်။ “အုတ် ကြားမြက်ပေါက်”ဆိုရင် လက်ရှိဘဝကို ထင်ဟပ် နိုင်တဲ့ မိဘနဲ့ သားသမီးကြားက နားလည်မှု လွဲလို့ ဖြစ်တဲ့ အကြောင်းအရာလေးတွေ၊ လူကုန်ကူး တဲ့ကိစ္စတွေကို ဇာတ်ကားထဲမှာ ထည့်ရိုက်ကူး ထားတာ။ ကျွန်တော်က မျှော်မှန်းပါတယ်။ အကယ် ဒမီဆုကို လိုချင်ပါတယ်”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here