အနုပညာ လှုပ်ရှားမှုတွေ လျော့ သွားတဲ့ အတွက် ပရိသတ်တွေကို ကြိုပြီး တောင်းပန်ပါတယ်

0
150

Eandar-Kyaw-Zinအိန္ဒြာကျော်ဇင် ပါဝင် သရုပ်ဆောင်ထားတဲ့ “မောင့် အိမ်သူ” ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့ပြီး ပရိသတ် အားပေးမှုများ အထူးရ ရှိခဲ့ကာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ပရိသတ်တွေ ခုလိုအားပေးကြလိမ့် မယ်လို့ မထင်မှတ်ထားမိဘူး ဆိုတဲ့ အိန္ဒြာကျော်ဇင်က

“လုံးဝ မထင်ထားဘူး။ မထင်ထားဘူးဆိုတာ ဒီလိုပါ။ အစ်မတို့ အဲဒီဇာတ်ကား ကို ရိုက်ကူးခဲ့တာ လွန်ခဲ့တဲ့ ၃နှစ်လောက် ကဖြစ်မယ်။  ကိုယ်ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးတော့ ကြိုးစားခဲ့တယ်။ ရိုက်ကူးတုန်းကလည်း ပရိုဂျူဆာဘက်က ကြန့်ကြာမှု တွေ ရှိတဲ့ အတွက် တစ်နှစ် ဝန်းကျင်လောက် ကြာသွား တယ် ထင်တယ်။ ဒီဘက်ခေတ်ထဲမှာ အဲဒီတုန်းက ရိုက်ကူးခဲ့တဲ့ ဇာတ်ကားက တိုးပါ့ မလားလို့ စိတ်ထဲမှာ ထင်ပြီး၊ မထင်ထားဘူး။ ထင်တာနဲ့ လွဲသွားပြီး ပရိသတ် ကြိုက်ကြတဲ့ အတွက် တအားပျော်တယ်။ ကြိုးစားခဲ့ တာတွေ အားလုံးလည်း အရာထင်တယ်။ ကြိုးစားရ ကျိုးနပ်တယ်။ ဒီဇာတ်လမ်းလေး ကိုကလည်း အပြင်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အကြောင်းမျိုးဆိုတော့ ပရိသတ်က ခံစားပြီး ကြိုက်သွားကြတယ် ထင်ပါတယ်။ ပရိသတ် ကိုအထူး ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အကယ်ဒမီပေးပွဲမှာ အိန္ဒြာကျော် ဇင်ကို “မောင့်အိမ်သူ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ် ဒမီဆုရဖို့ ပရိသတ်တွေ မျှော်လင့် ခဲ့ကြပေမယ့်လည်း အကယ်ဒမီဆု နဲ့ လွဲချော်ခဲ့ပါတယ်။  “ပရိသတ်တွေကတော့ ကိုယ့် ကိုချစ်လို့မှန်းပေး ကြတာပေါ့။ အကယ်ဒမီ ရစေချင်တာလည်း ကြာပြီ ပေါ့။ သူတို့ စိတ်ထဲမှာ ဒီဇာတ် ကားလေးနဲ့ရလိုက်ရင် တအား ကောင်းမှာပဲပေါ့။ ပရိသတ် အတွက်လည်း တအား ယူပေးချင်တယ်။ အစ်မ ကိုယ်တိုင်လည်း လိုချင်ပါတယ်။ ဒါပေမဲ့ ကိုယ်လို အပ်နေသေးတဲ့ အတွက် မရသေးတာပေါ့။ အဲဒီအတွက် အစ်မ ကြိုးစား ပါဦးမယ်” လို့ အကယ်ဒမီ ဆုရစေချင်တဲ့ သူ့ရဲ့ ပရိသတ်တွေ အတွက် ကြိုးစားသွားပါမယ်လို့ အိန္ဒြာ ကျော်ဇင်က ပြောပါတယ်။

လတ်တလော မှာ အိန္ဒြာကျော် ဇင် က ဒါရိုက် တာ မိုက်တီးနဲ့ ရုပ် ရှင်ဇာတ်ကား တစ် ကား ရိုက်ကူးဖို့ လက်ခံ ထားသလို ကြော်ငြာတွေ ရိုက် ကူးဖို့ အတွက်လည်း လက်ခံထား ကြောင်း ပြောပါတယ်။ မိသားစုကိုအ ချိန်ပေးဖို့ အတွက် အနုပညာ အလုပ်တွေ လျော့သွားမယ် ဆိုတဲ့ အိန္ဒြာကျော်ဇင်က…

“အစ်မ အတတ်နိုင်ဆုံး အနု ပညာနဲ့ ပတ်သက်ပြီး အကောင်းဆုံး ကြိုးစား မှာပါ။ ဒါပေမဲ့ အနုပညာလှုပ် ရှားမှု တွေ နည်းနည်း လျော့သွားတဲ့ အပေါ်မှာတော့ ကြိုတင်ပြီး တောင်း ပန်ပါ တယ်လို့ ပြောချင်ပါတယ်။ အစ်မ မိသားစုတွေ ကလေးတွေ အတွက် လည်း အချိန်ပိုပေးချင်တဲ့ အတွက် ဟိုဘက် ကော ဒီဘက်ကော မျှအောင် ကြိုးစာ ပါ့မယ်”  လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here